Skip to main content
မလေးရှား လိင်တူ ညစ်ညမ်းဗီဒီယိုမှာ အစိုးရဝန်ကြီးတစ်ဦး ပါနေကြောင်း ကျန်အမျိုးသား ဝန်ခံထွက်ဆို
Ads Block
မလေးရှား လိင်တူ ညစ်ညမ်းဗီဒီယိုမှာ အစိုးရဝန်ကြီးတစ်ဦး ပါနေကြောင်း ကျန်အမျိုးသား ဝန်ခံထွက်ဆို
မလေးရှားနိုင်ငံမှာ နာမည်ကြီးနေတဲ့ အမျိုးသားလိင်တူ ချောင်းရိုက် ညစ်ညမ်းဗီဒီယိုမှာ ပါဝင်နေသူဟာ အစိုးရအဖွဲ့ဝန်ကြီးတစ်ဦး ဧကန်အမှန်ဖြစ်ကြောင်း ၄င်းမှာပါဝင်တဲ့ ကျန်အမျိုးသားက ထွက်ဆို လိုက်ပါတယ်။
ဟာဇစ်ဟာ ဒုဝန်ကြီးတစ်ဦးရဲ့ အတွင်းရေးမှုးဖြစ်ကြောင်း ၄င်းရဲ့ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ဖော်ပြ ထားချက်အရ သိရပါတယ်။ ယခုဖြစ်ရပ်အတွက် ဝန်ကြီးအား အကျင့်ပျက်ခြစားမှုဖြင့် စုံစမ်းစစ်ဆေး ပါရန် ၄င်းက မလေးရှား ခြစားမှုတိုက်ဖျက်ရေးကော်မရှင်ကို ဇွန် ၁၂ ရက်နေ့မှာ ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုမှာ တိုက်တွန်းထားပါတယ်။
Unicode Version
မလေးရှားနိုင်ငံမှာ နာမည်ကြီးနေတဲ့ အမျိုးသားလိင်တူ ချောင်းရိုက် ညစ်ညမ်းဗီဒီယိုမှာ ပါဝင်နေသူဟာ အစိုးရအဖွဲ့ဝန်ကြီးတစ်ဦး ဧကန်အမှန်ဖြစ်ကြောင်း ၎င်းမှာပါဝင်တဲ့ ကျန်အမျိုးသားက ထွက်ဆို လိုက်ပါတယ်။
အဆိုပါချောင်းရိုက်ဗီဒီယိုတွေမှာ ပါဝင်နေတဲ့ အခြားအမျိုးသားရဲ့အမည်ဟာ “ဟာဇစ်အဇစ်” ဖြစ်ကြောင်းသိရပါတယ်။ ထိုသူဟာ ဗီဒီယိုတွေအကြောင်းကို ဇွန် ၁၂ ရက်နေ့ မနက် ၂ နာရီခွဲခန့်မှာ ၎င်းရဲ့ဖေ့စ်ဘွတ်ပေ့ချ်ကနေ ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။
“မနေ့က ပျံ့နှံ့သွားခဲ့တဲ့ ဗီဒီယိုမှာ ဝန်ကြီးနဲ့အတူ ပါနေတဲ့တစ်ယောက်က ကျုပ်မှန်း ကျမ်းကျိန် ပြောပါတယ်။ မေ ၁၁ ရက်နေ့ ဆန်ဒါကန်ခရိုင် ကြားဖြတ်ရွေးကောက်ပွဲတုန်းက Four Points ဟိုတယ် ဝန်ကြီးရဲ့အခန်းထဲမှာ ကျုပ်ရဲ့ခွင့်ပြုချက်မပါပဲ ရိုက်ကူးခံခဲ့ရတာ ဖြစ်ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့ပါတယ်။
ဟာဇစ်ဟာ ဒုဝန်ကြီးတစ်ဦးရဲ့ အတွင်းရေးမှုးဖြစ်ကြောင်း ၎င်းရဲ့ဖေ့စ်ဘွတ်ပေ့ချ်မှာ ဖော်ပြ ထားချက်အရ သိရပါတယ်။ ယခုဖြစ်ရပ်အတွက် ဝန်ကြီးအား အကျင့်ပျက်ခြစားမှုဖြင့် စုံစမ်းစစ်ဆေး ပါရန် ၎င်းက မလေးရှား ခြစားမှုတိုက်ဖျက်ရေးကော်မရှင်ကို ဇွန် ၁၂ ရက်နေ့မှာ ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုမှာ တိုက်တွန်းထားပါတယ်။
ထိုချောင်းရိုက်မှာ ဗီဒီယိုအတိုပေါင်း ၃ ခု ပါဝင်နေပြီး ဇွန် ၁၁ ရက်နေ့မှာ စတင်ပျံ့နှံ့ခဲ့ကြောင်း သိရပါတယ်။ ဗီဒီယိုတွေထဲမှာ ဝတ်လစ်စလစ် အမျိုးသား ၂ ဦး လိင်ဆက်ဆံနေကြပြီး ၎င်းတို့အနက် တစ်ဦးဟာ အစိုးရအဖွဲ့ဝန်ကြီးနဲ့ အလွန်ဆင်တူနေပါတယ်။ မလေးရှားအမျိုးသားတပ်ပေါင်းစုပါတီကတော့ အဆိုပါဖြစ်ရပ်နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ထံ တိုင်ချက်ဖွင့်ထားကြောင်း သိရပါတယ်။
-  ZHO  ( အကုန်သိ သတင်းဌာန ) | (Ref : Channelnewsasia)
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။