Skip to main content
ျမန္မာဗိုဗီနမ္အသင္းမွ ဖိလစ္ပိုင္ကိုယ္ခံပညာအားကစားတစ္ခုကို တာ၀န္ယူယွဥ္ၿပိဳင္မည္ဟု ဆို
Ads Block

ျမန္မာဗိုဗီနမ္အသင္းမွ ဖိလစ္ပိုင္ကိုယ္ခံပညာအားကစားတစ္ခုကို တာ၀န္ယူယွဥ္ၿပိဳင္မည္ဟု ဆို

လာမည့္ ဖိလစ္ပိုင္ဆီးဂိမ္းတြင္ ဗိုဗီနမ္အားကစားမပါ၀င္ေသာေၾကာင့္ ျမန္မာဗိုဗီနမ္အသင္းမွ ဖိလစ္ပိုင္ ကိုယ္ခံပညာအားကစားတစ္ခုကို တာ၀န္ယူကာ သြားေရာက္ယွဥ္ၿပိဳင္ရမည္ျဖစ္ေၾကာင္း ျမန္မာႏုိင္ငံဗိုဗီနမ္ အဖြဲ႕ခ်ဳပ္မွ မီဒီယာတာ၀န္ခံ ဦးဆလိုင္းဟက္ထန္းက အကုန္သိသတင္းဌာနသို႔ေျပာသည္။
လက္ရွိတြင္ အဆိုပါအားကစားအတြက္ လူေရြးခ်ယ္မႈမ်ားမျပဳလုပ္ရေသးေသာ္လည္း အစည္းအေ၀း ဆံုးျဖတ္ခ်က္မ်ားအရသြားေရာက္ယွဥ္ၿပိဳင္ရန္ တာ၀န္ေပးထားေၾကာင္း သိရသည္။
“ ဗိုဗီနမ္အားကစားကအိမ္ရွင္လုပ္မယ့္ ဖိလစ္ပိုင္ႏုိင္ငံကအဲဒီအားကစားအတြက္ ကစားသမားမရွိတဲ့အတြက္ ဒီႏွစ္မွာမပါပါဘူး။ အဲဒီအတြက္ ေလာေလာဆယ္ အားေ၀ွ႔ဆိုတဲ့ ဖီလစ္ပိုင္ ရုိးရာအားကစားတစ္ခုကို ကၽြန္ေတာ္အဖြဲ႕ကို တာ၀န္ေပးထားပါတယ္။ ၀င္ၿပိဳင္ဖို႕ေပါ့ေနာ္။ အဲဒါေတာ့ ရွိပါတယ္”ဟု ျမန္မာႏုိင္ငံဗိုဗီနမ္ အဖြဲ႕ခ်ဳပ္မွ မီဒီယာတာ၀န္ခံ ဦးဆလိုင္းဟက္ထန္းက အကုန္သိသတင္းဌာနသို႔ေျပာသည္။
အဆိုပါ အားကစားနည္းမွာဖီလစ္ပိုင္၏ ကိုယ္ခံပညာရုိးရာအားကစားနည္းတစ္ခုျဖစ္ၿပီး ဗိုဗီနမ္ ကစားသမားမ်ားႏွင့္ ကိုက္ညီမႈရွိသည့္အတြက္ ယွဥ္ၿပိဳင္ရန္ ရည္ရြယ္ျခင္း ျဖစ္ေၾကာင္းသိရသည္။
“ ဒီအားကစားကိုလာမယ့္ ဇြန္လ (၁၅)ရက္မွာ အစည္းအေ၀းလုပ္ၿပီးလူေရြးပြဲေတြအတြက္ ျပင္ဆင္မွာပါ” ဟု ဦးဆလိုင္းဟက္ထန္းက ဆက္ေျပာသည္။
ဗီယက္နမ္ရိုးရာအားကစားျဖစ္ေသာ ဗိုဗီနမ္ကို ၂၀၁၃ ခုႏွစ္၊ ဆီးဂိမ္းမွစတင္ထည့္သြင္းခဲ့ျခင္းျဖစ္ၿပီး ယခုႏွစ္တြင္လည္း (၅)ႀကိမ္ေျမာက္ ကမၻာ့ဗိုဗီနမ္ၿပိဳင္ပြဲႏွင့္ (၆)ႀကိမ္ေျမာက္ အာရွဗိုဗီနမ္ၿပိဳင္ပြဲမ်ားကို ၀င္ေရာက္ယွဥ္ၿပိဳင္ရန္ ရွိေနေၾကာင္း သိရသည္။

- ထက္ေ၀လင္း(အကုန္သိသတင္းဌာန)

Unicode Version

 

လာမည့် ဖိလစ်ပိုင်ဆီးဂိမ်းတွင် ဗိုဗီနမ်အားကစားမပါဝင်သောကြောင့် မြန်မာဗိုဗီနမ်အသင်းမှ ဖိလစ်ပိုင် ကိုယ်ခံပညာအားကစားတစ်ခုကို တာဝန်ယူကာ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဗိုဗီနမ် အဖွဲ့ချုပ်မှ မီဒီယာတာဝန်ခံ ဦးဆလိုင်းဟက်ထန်းက အကုန်သိသတင်းဌာနသို့ပြောသည်။
လက်ရှိတွင် အဆိုပါအားကစားအတွက် လူရွေးချယ်မှုများမပြုလုပ်ရသေးသော်လည်း အစည်းအဝေး ဆုံးဖြတ်ချက်များအရသွားရောက်ယှဉ်ပြိုင်ရန် တာဝန်ပေးထားကြောင်း သိရသည်။
“ ဗိုဗီနမ်အားကစားကအိမ်ရှင်လုပ်မယ့် ဖိလစ်ပိုင်နိုင်ငံကအဲဒီအားကစားအတွက် ကစားသမားမရှိတဲ့အတွက် ဒီနှစ်မှာမပါပါဘူး။ အဲဒီအတွက် လောလောဆယ် အားဝှေ့ဆိုတဲ့ ဖီလစ်ပိုင် ရိုးရာအားကစားတစ်ခုကို ကျွန်တော်အဖွဲ့ကို တာဝန်ပေးထားပါတယ်။ ဝင်ပြိုင်ဖို့ပေါ့နော်။ အဲဒါတော့ ရှိပါတယ်”ဟု မြန်မာနိုင်ငံဗိုဗီနမ် အဖွဲ့ချုပ်မှ မီဒီယာတာဝန်ခံ ဦးဆလိုင်းဟက်ထန်းက အကုန်သိသတင်းဌာနသို့ပြောသည်။
အဆိုပါ အားကစားနည်းမှာဖီလစ်ပိုင်၏ ကိုယ်ခံပညာရိုးရာအားကစားနည်းတစ်ခုဖြစ်ပြီး ဗိုဗီနမ် ကစားသမားများနှင့် ကိုက်ညီမှုရှိသည့်အတွက် ယှဉ်ပြိုင်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်းသိရသည်။
“ ဒီအားကစားကိုလာမယ့် ဇွန်လ (၁၅)ရက်မှာ အစည်းအဝေးလုပ်ပြီးလူရွေးပွဲတွေအတွက် ပြင်ဆင်မှာပါ” ဟု ဦးဆလိုင်းဟက်ထန်းက ဆက်ပြောသည်။
ဗီယက်နမ်ရိုးရာအားကစားဖြစ်သော ဗိုဗီနမ်ကို ၂၀၁၃ ခုနှစ်၊ ဆီးဂိမ်းမှစတင်ထည့်သွင်းခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင်လည်း (၅)ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ်ပြိုင်ပွဲနှင့် (၆)ကြိမ်မြောက် အာရှဗိုဗီနမ်ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ရန် ရှိနေကြောင်း သိရသည်။

- ထက်ဝေလင်း(အကုန်သိသတင်းဌာန)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။