Skip to main content
“ႏွစ္ပတ္အလို”၀တၳဳက Copy ဆိုရင္ ကၽြန္ေတာ့္ကိုတံေထြးနဲ႔ေထြးႏုိင္တယ္ဆိုတဲ့ ဒါရိုက္တာေမာင္မ်ိဳးမင္း
Ads Block

“ႏွစ္ပတ္အလို”၀တၳဳက Copy ဆိုရင္ ကၽြန္ေတာ့္ကိုတံေထြးနဲ႔ေထြးႏုိင္တယ္ဆိုတဲ့ ဒါရိုက္တာေမာင္မ်ိဳးမင္း

“ႏွစ္ပတ္အလို” ၀တၳဳဟာ Copy ျဖစ္တယ္ဆိုရင္ လမ္းမွာကၽြန္ေတာ့္ကိုေတြ႕ရင္ တံေထြးနဲ႔ေထြးႏုိင္တယ္ဆိုၿပီး ဒါရိုက္တာေမာင္မ်ိဳးမင္း(ရင္တြင္းျဖစ္)က ေျပာလာပါတယ္။
ဇာတ္လမ္းႏွင့္ ဒါရိုက္တာအကယ္ဒမီေမာင္မ်ိဳးမင္း ေရးသားထားတဲ့ “ႏွစ္ပတ္အလို” ၀တၳဳဟာ ၂၀၀၂ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ “Two Weeks Notice” ဇာတ္ကားနဲ႔တူတယ္လို႔ေ၀ဖန္မႈေတြထြက္ေပၚေနတဲ့အေပၚ အခုလို ေျဖရွင္းလုိက္တာျဖစ္ပါတယ္။
“Copy လို႔ ေျပာေနတဲ့သူေတြအတြက္က Screen Shot ရိုက္ထားတယ္။ အဲဒီဇာတ္ကားျပလို႔ရွိရင္ ၾကည့္လိုက္ပါ။ သူတို႔ေျပာတဲ့ Copy ဆိုတဲ့အရာ ဇာတ္ကားတူေနတာ တစ္ခုတစ္ေလေတြ႕ရင္ လမ္းမွာေတြ႕ရင္ တံေထြးနဲ႔ေထြးသြားႏိုင္တယ္။ ၿပီးရင္ႀကိဳက္သလို ဆဲသြားႏိုင္တယ္။ ဒါေပမဲ့ မတူခဲ့ရင္ေတာ့ အဲဒီလူေတြက တစ္ဖက္လူရဲ႕ဂုဏ္သိကၡာ၊ သူ႔ဂုဏ္သိကၡာအတြက္ပါ ေလးစားေသာအားျဖင့္ ၀န္ခံေပးပါ။ ဒါကေတာ့ မွ်တမယ္လို႔ထင္ပါတယ္” လို႔ ဒါရိုက္တာေမာင္မ်ိဳးမင္း(ရင္တြင္းျဖစ္)က ေျပာပါတယ္။
“ႏွစ္ပတ္အလို” လံုးခ်င္း၀တၳဳသစ္ကို ရန္ကုန္ၿမိဳ႕၊ Central Hotel မွာ ဇြန္လ ၈ ရက္ကမိတ္ဆက္ခဲ့ကာ အဆိုပါ ၀တၳဳကို ရုပ္ရွင္အျဖစ္လည္း ရိုက္ကူးမွာျဖစ္တယ္လုိ႔သိရပါတယ္။
“ႏွစ္ပတ္အလို” ၀တၳဳမွာ မိဘေမတၱာကို ေဖာ္က်ဴးထားၿပီး မိဘေတြၾကားကခ်စ္ျခင္းေမတၱာေတြကိုလည္း ေဖာ္ျပထားတယ္လုိ႔ သိရပါတယ္။

-  အိျႏၵာ ( အကုန္သိသတင္းဌာန )

Unicode Version

 

“နှစ်ပတ်အလို” ဝတ္ထုဟာ Copy ဖြစ်တယ်ဆိုရင် လမ်းမှာကျွန်တော့်ကိုတွေ့ရင် တံထွေးနဲ့ထွေးနိုင်တယ်ဆိုပြီး ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)က ပြောလာပါတယ်။
ဇာတ်လမ်းနှင့် ဒါရိုက်တာအကယ်ဒမီမောင်မျိုးမင်း ရေးသားထားတဲ့ “နှစ်ပတ်အလို” ဝတ္ထုဟာ ၂၀၀၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Two Weeks Notice” ဇာတ်ကားနဲ့တူတယ်လို့ဝေဖန်မှုတွေထွက်ပေါ်နေတဲ့အပေါ် အခုလို ဖြေရှင်းလိုက်တာဖြစ်ပါတယ်။
“Copy လို့ ပြောနေတဲ့သူတွေအတွက်က Screen Shot ရိုက်ထားတယ်။ အဲဒီဇာတ်ကားပြလို့ရှိရင် ကြည့်လိုက်ပါ။ သူတို့ပြောတဲ့ Copy ဆိုတဲ့အရာ ဇာတ်ကားတူနေတာ တစ်ခုတစ်လေတွေ့ရင် လမ်းမှာတွေ့ရင် တံထွေးနဲ့ထွေးသွားနိုင်တယ်။ ပြီးရင်ကြိုက်သလို ဆဲသွားနိုင်တယ်။ ဒါပေမဲ့ မတူခဲ့ရင်တော့ အဲဒီလူတွေက တစ်ဖက်လူရဲ့ဂုဏ်သိက္ခာ၊ သူ့ဂုဏ်သိက္ခာအတွက်ပါ လေးစားသောအားဖြင့် ဝန်ခံပေးပါ။ ဒါကတော့ မျှတမယ်လို့ထင်ပါတယ်” လို့ ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)က ပြောပါတယ်။
“နှစ်ပတ်အလို” လုံးချင်းဝတ္ထုသစ်ကို ရန်ကုန်မြို့၊ Central Hotel မှာ ဇွန်လ ၈ ရက်ကမိတ်ဆက်ခဲ့ကာ အဆိုပါ ဝတ္ထုကို ရုပ်ရှင်အဖြစ်လည်း ရိုက်ကူးမှာဖြစ်တယ်လို့သိရပါတယ်။
“နှစ်ပတ်အလို” ဝတ္ထုမှာ မိဘမေတ္တာကို ဖော်ကျူးထားပြီး မိဘတွေကြားကချစ်ခြင်းမေတ္တာတွေကိုလည်း ဖော်ပြထားတယ်လို့ သိရပါတယ်။

-  အိန္ဒြာ ( အကုန်သိသတင်းဌာန )

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။