Skip to main content
ပိုက္ေက်ာ္ျခင္းအားကစားတြင္ ျမန္မာႏွင့္ ထိုင္း ကစားသမားေမြးထုတ္ပံုခ်င္း သိသာစြာကြာဟဟု ဆို
Ads Block

ပိုက္ေက်ာ္ျခင္းအားကစားတြင္ ျမန္မာႏွင့္ ထိုင္း ကစားသမားေမြးထုတ္ပံုခ်င္း သိသာစြာကြာဟဟု ဆို

ပိုက္ေက်ာ္ျခင္းအားကစားတြင္ ျမန္မာႏုိင္ငံႏွင့္ ထုိင္းႏုိင္ငံတို႔ ကစားသမားေမြးထုတ္ပံုခ်င္း သိသာစြာ ကြာျခားေသာ္လည္း တန္းတူယွဥ္ၿပိဳင္ႏုိင္ေသာအေနအထားရွိေၾကာင္း ျမန္မာႏုိင္ငံ ပိုက္ေက်ာ္ျခင္း အဖြဲ႕ခ်ဳပ္မွ ဒုတိယဥကၠ႒ ဦးရဲေအာင္က ေျပာသည္။

ပိုက္ေက်ာ္ျခင္းအားကစားတြင္ ျမန္မာႏွင့္ ထိုင္း ကစားသမားေမြးထုတ္ပံုခ်င္း သိသာစြာကြာဟဟု ဆို


ျမန္မာႏုိင္ငံပိုက္ေက်ာ္ျခင္းအဖြဲ႕ခ်ဳပ္ရုံး၌ အကုန္သိသတင္းဌာနႏွင့္ေတြ႕ဆံုေမးျမန္းရာတြင္ ေျပာၾကားျခင္း ျဖစ္သည္။
“ ထိုင္းမွာကအကယ္ဒမီေတြ ရွိတယ္။ ေက်ာင္းေတြမွာေလ့က်င့္မႈေတြ၊ သင္ၾကားေပးမႈေတြအမ်ားႀကီးရွိတယ္။ ၿပီးေတာ့ ႏုိင္ငံအႏွံ႔ဖိတ္ေခၚၿပိဳင္ပြဲေတြ အမ်ားႀကီးအဆင့္ဆင့္လုပ္ၿပီး အေတာ္ဆံုးကစားသမားေတြကို ေမြးထုတ္တာပါ။ ကၽြန္ေတာ္တို႔ဆီမွာေတာ့ အဲဒီလိုေတြမလုပ္ႏုိင္ပါဘူး။ တစ္ႏုိင္ငံလံုးက အေကာင္းဆံုး ကစားသမားေတြကိုေရြးခ်ယ္ၿပီး CAMP သြင္းၿပီးေတာ့ ၿပိဳင္ပြဲေတြကိုသြားၿပိဳင္ေစတာပါ။ သူတို႔နဲ႔ကေတာ့ ကြာပါတယ္။ ဒါေပမဲ့ သူတို႔နဲ႔တန္းတူညီတူယွဥ္ၿပိဳင္ႏုိင္တဲ့အရည္အေသြးကေတာ့ ကၽြန္ေတာ္တို႕ ကစားသမားေတြမွာရွိပါတယ္” ဟု ျမန္မာႏုိင္ငံပိုက္ေက်ာ္ျခင္းအဖြဲ႕ခ်ဳပ္မွ ဒုတိယဥကၠ႒ ဦးရဲေအာင္က ေျပာသည္။
ျမန္မာ့လက္ေရြးစင္ ပိုက္ေက်ာ္ျခင္းအဖြဲ႕အေနျဖင့္ လာမည့္ဇူလိုင္လတြင္က်င္းပမည့္ အိုလံပစ္အထိမ္းအမွတ္ ႏုိင္ငံတကာၿပိဳင္ပြဲကိုသြားေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ၿပီး လက္ရွိ၌ ကစားသမား(၆၀)ဦးကို အဆင့္ဆင့္ ေရြးခ်ယ္သြားရန္ရွိေၾကာင္း သိရသည္။
“အခုကေတာ့ အဲဒီၿပိဳင္ပြဲအတြက္ ပဏာမေရြးခ်ယ္ထားတဲ့ ကစားသမား (၆၀)ကိုပဲ ပတ္လည္ၿပိဳင္ပြဲေတြ လုပ္ၿပီးယွဥ္ၿပိဳင္ဖို႔ ျပင္ဆင္ေနပါတယ္။ သူတို႔ကိုပဲအဆင့္ဆင့္ေရြးၿပီးသြားၿပိဳင္မွာပါ” ဟု ဦးရဲေအာင္က ဆက္ေျပာသည္။
ျမန္မာပိုက္ေက်ာ္ျခင္းအသင္းအေနျဖင့္ တစ္ႏွစ္လွ်င္ ႏုိင္ငံတကာၿပိဳင္ပြဲ (၈)ပြဲမွ (၉)ပြဲအထိသြားေရာက္ ယွဥ္ၿပိဳင္ေနရၿပီးယင္းၿပိဳင္ပြဲစရိတ္မ်ားကိုအဖြဲ႕ခ်ဳပ္၏ကိုယ္ပိုင္စရိတ္ျဖင့္သာ အမ်ားဆံုး သြားေရာက္ ယွဥ္ၿပိဳင္ရေၾကာင္း သိရသည္။

-  ထက္ေ၀လင္း (  အကုန္သိသတင္းဌာန )

Unicode Version

 

ပိုက်ကျော်ခြင်းအားကစားတွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ကစားသမားမွေးထုတ်ပုံချင်း သိသာစွာ ကွာခြားသော်လည်း တန်းတူယှဉ်ပြိုင်နိုင်သောအနေအထားရှိကြောင်း မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးရဲအောင်က ပြောသည်။
မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ရုံး၌ အကုန်သိသတင်းဌာနနှင့်တွေ့ဆုံမေးမြန်းရာတွင် ပြောကြားခြင်း ဖြစ်သည်။
“ ထိုင်းမှာကအကယ်ဒမီတွေ ရှိတယ်။ ကျောင်းတွေမှာလေ့ကျင့်မှုတွေ၊ သင်ကြားပေးမှုတွေအများကြီးရှိတယ်။ ပြီးတော့ နိုင်ငံအနှံ့ဖိတ်ခေါ်ပြိုင်ပွဲတွေ အများကြီးအဆင့်ဆင့်လုပ်ပြီး အတော်ဆုံးကစားသမားတွေကို မွေးထုတ်တာပါ။ ကျွန်တော်တို့ဆီမှာတော့ အဲဒီလိုတွေမလုပ်နိုင်ပါဘူး။ တစ်နိုင်ငံလုံးက အကောင်းဆုံး ကစားသမားတွေကိုရွေးချယ်ပြီး CAMP သွင်းပြီးတော့ ပြိုင်ပွဲတွေကိုသွားပြိုင်စေတာပါ။ သူတို့နဲ့ကတော့ ကွာပါတယ်။ ဒါပေမဲ့ သူတို့နဲ့တန်းတူညီတူယှဉ်ပြိုင်နိုင်တဲ့အရည်အသွေးကတော့ ကျွန်တော်တို့ ကစားသမားတွေမှာရှိပါတယ်” ဟု မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးရဲအောင်က ပြောသည်။
မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအဖွဲ့အနေဖြင့် လာမည့်ဇူလိုင်လတွင်ကျင်းပမည့် အိုလံပစ်အထိမ်းအမှတ် နိုင်ငံတကာပြိုင်ပွဲကိုသွားရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး လက်ရှိ၌ ကစားသမား(၆၀)ဦးကို အဆင့်ဆင့် ရွေးချယ်သွားရန်ရှိကြောင်း သိရသည်။
“အခုကတော့ အဲဒီပြိုင်ပွဲအတွက် ပဏာမရွေးချယ်ထားတဲ့ ကစားသမား (၆၀)ကိုပဲ ပတ်လည်ပြိုင်ပွဲတွေ လုပ်ပြီးယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။ သူတို့ကိုပဲအဆင့်ဆင့်ရွေးပြီးသွားပြိုင်မှာပါ” ဟု ဦးရဲအောင်က ဆက်ပြောသည်။
မြန်မာပိုက်ကျော်ခြင်းအသင်းအနေဖြင့် တစ်နှစ်လျှင် နိုင်ငံတကာပြိုင်ပွဲ (၈)ပွဲမှ (၉)ပွဲအထိသွားရောက် ယှဉ်ပြိုင်နေရပြီးယင်းပြိုင်ပွဲစရိတ်များကိုအဖွဲ့ချုပ်၏ကိုယ်ပိုင်စရိတ်ဖြင့်သာ အများဆုံး သွားရောက် ယှဉ်ပြိုင်ရကြောင်း သိရသည်။

-  ထက်ဝေလင်း (  အကုန်သိသတင်းဌာန ) 

 

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။