Skip to main content
အႏုပညာသက္တမ္း ၂၅ ႏွစ္မွာ ရုပ္ရွင္ ၁၅ ကားပဲရိုက္ကူးထားတယ္လို႔ ေနမ်ိဳးေအာင္ ေျပာ
Ads Block

အႏုပညာသက္တမ္း ၂၅ ႏွစ္မွာ ရုပ္ရွင္ ၁၅ ကားပဲရိုက္ကူးထားတယ္လို႔ ေနမ်ိဳးေအာင္ ေျပာ

အႏုပညာသက္တမ္း ၂၅ ႏွစ္မွာ ဗီဒီယိုရုပ္ရွင္ကားေပါင္း ၆၀၀ ေက်ာ္ ရိုက္ကူးထားၿပီး ရုပ္ရွင္ ၁၅ ကား ရိုက္ကူးထားတယ္လို႔ သရုပ္ေဆာင္ ေနမ်ိဳးေအာင္က ေျပာပါတယ္။ အႏုပညာေလာကထဲ ေရာက္ရွိလာပံုနဲ႔ ပတ္သက္ၿပီး ေျဖၾကားရာမွာ အခုလို ထည့္သြင္းေျပာၾကားခဲ့တာ ျဖစ္ပါတယ္။ “ ဒါရိုက္တာေမာင္မ်ိဳးမင္း(ရင္တြင္းျဖစ္) ဆိုတာကြ်န္ေတာ့္ရဲ႕ ဆရာအရင္း၊ အႏုပညာအလုပ္ထဲကို ပထမဦးဆုံးစေခၚလာတာကလည္း ေမာင္မ်ိဳးမင္း(ရင္တြင္းျဖစ္)ပါ။ ၁၉၉၆-၁၉၉၇ မွာ အစ္ကို အနုပညာထဲေရာက္လာခ်ိန္မွာ သားအႀကီးေကာင္ေမြးၿပီးၿပီ။ ဆရာေမာင္မ်ိဳးမင္းကသန္လ်င္မွာ Green Garden Restaurant မွာကားလာရိုက္ရင္းနဲ႔ေတြ႕သြားၿပီး သူနဲ႔အတူ အႏုပညာအလုပ္ေတြလုပ္ဖို႔ ေခၚတယ္။ အနုပညာ ပညာရပ္ေတြသင္ေပးတယ္။ သားသမီးလိုေစာင့္ေရွာက္တယ္” လို႔ ေနမ်ိဳးေအာင္က ေျပာပါတယ္။ ဒါ့အျပင္ အႏုပညာလုပ္ခ့ဲတ့ဲ ၂၅ ႏွစ္ဆိုတ့ဲသက္တမ္းတစ္ေလွ်ာက္မွာ ဗီဒီယိုရုပ္ရွင္ကားေပါင္း ၆၀၀ ေက်ာ္ ရိုက္ကူးထားၿပီး ရုပ္ရွင္ဇာတ္ကားႀကီး ၁၅ ကားရိုက္ကူးထားတယ္လို႔လည္း ဆက္ေျပာပါတယ္။ သရုပ္ေဆာင္ေနမ်ိဳးေအာင္ဟာ လက္ရွိ Sky net pay parview ဇာတ္လမ္းတြဲမွာ ပါ၀င္ရိုက္ကူးထားၿပီး ကိုယ္ပိုင္စီးပြားေရးအျဖစ္ ဟိုတယ္လုပ္ငန္းနဲ ့ နဂါးေမာက္သီးစိုက္ပ်ိဳးေရးကိုလည္းလုပ္ေနတယ္လို႔ သိရပါတယ္။

- ေကေကခင္ ( အကုန္သိသတင္းဌာန )

Unicode Version

 

အနုပညာသက်တမ်း ၂၅ နှစ်မှာ ဗီဒီယိုရုပ်ရှင်ကားပေါင်း ၆၀၀ ကျော် ရိုက်ကူးထားပြီး ရုပ်ရှင် ၁၅ ကား ရိုက်ကူးထားတယ်လို့ သရုပ်ဆောင် နေမျိုးအောင်က ပြောပါတယ်။
အနုပညာလောကထဲ ရောက်ရှိလာပုံနဲ့ ပတ်သက်ပြီး ဖြေကြားရာမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
“ ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်) ဆိုတာကျွန်တော့်ရဲ့ ဆရာအရင်း၊ အနုပညာအလုပ်ထဲကို ပထမဦးဆုံးစခေါ်လာတာကလည်း မောင်မျိုးမင်း(ရင်တွင်းဖြစ်)ပါ။ ၁၉၉၆-၁၉၉၇ မှာ အစ်ကို အနုပညာထဲရောက်လာချိန်မှာ သားအကြီးကောင်မွေးပြီးပြီ။ ဆရာမောင်မျိုးမင်းကသန်လျင်မှာ Green Garden Restaurant မှာကားလာရိုက်ရင်းနဲ့တွေ့သွားပြီး သူနဲ့အတူ အနုပညာအလုပ်တွေလုပ်ဖို့ ခေါ်တယ်။ အနုပညာ ပညာရပ်တွေသင်ပေးတယ်။ သားသမီးလိုစောင့်ရှောက်တယ်” လို့ နေမျိုးအောင်က ပြောပါတယ်။
ဒါ့အပြင် အနုပညာလုပ်ခဲ့တဲ့ ၂၅ နှစ်ဆိုတဲ့သက်တမ်းတစ်လျှောက်မှာ ဗီဒီယိုရုပ်ရှင်ကားပေါင်း ၆၀၀ ကျော် ရိုက်ကူးထားပြီး ရုပ်ရှင်ဇာတ်ကားကြီး ၁၅ ကားရိုက်ကူးထားတယ်လို့လည်း ဆက်ပြောပါတယ်။
သရုပ်ဆောင်နေမျိုးအောင်ဟာ လက်ရှိ Sky net pay parview  ဇာတ်လမ်းတွဲမှာ ပါဝင်ရိုက်ကူးထားပြီး ကိုယ်ပိုင်စီးပွားရေးအဖြစ် ဟိုတယ်လုပ်ငန်းနဲ့ နဂါးမောက်သီးစိုက်ပျိုးရေးကိုလည်းလုပ်နေတယ်လို့ သိရပါတယ်။

- ကေကေခင်  ( အကုန်သိသတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။