Skip to main content
ေက်ာင္းသားသမဂၢ Brand ကိုထိုးေဖာက္ရန္လိုအပ္ဟု မင္းကိုႏုိင္ ေျပာ
Ads Block

ေက်ာင္းသားသမဂၢ Brand ကိုထိုးေဖာက္ရန္လိုအပ္ဟု မင္းကိုႏုိင္ ေျပာ

ျမန္မာေက်ာင္းသားသမဂၢအေနျဖင့္ ကမၻာ႔ေက်ာင္းသားသမဂၢမ်ားႏွင့္ဆက္သြယ္ကာ ေလ့လာဆည္းပူးမႈမ်ား ျပဳလုပ္သင့္ေၾကာင္း ၈၈ မ်ိဳးဆက္ေက်ာင္းသားေခါင္းေဆာင္ ကိုမင္းကုိႏုိင္က ေျပာလုိက္သည္။

ေက်ာင္းသားသမဂၢ Brand ကိုထိုးေဖာက္ရန္လိုအပ္ဟု မင္းကိုႏုိင္ ေျပာ


ရန္ကုန္ၿမိဳ႕ရွိ ေဆးတကၠသုိလ္၂ ၊ စာသင္ေဆာင္ ၄ တြင္ ဇြန္လ ၁၁ ရက္ကက်င္းပေသာ စာေပေဟာေျပာပြဲတြင္ ယခုကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
“ ခင္ဗ်ားတုိ႔ေက်ာင္းသားသမဂၢေခတ္နဲ႔ ကြ်န္ေတာ္တုိ႔ေခတ္ ဘာေတြကြာျခားလဲဆုိေတာ့ ကၽြန္ေတာ္တုိ႔တုန္းက အႏၱရာယ္ၾကားထဲမွာလုပ္ရတယ္။ ခင္ဗ်ားတုိ႔က တရား၀င္ေက်ာင္းသားသမဂၢကုိဖြဲ႔လုိ႔ရတယ္။ ကြ်န္ေတာ္တုိ႔တုန္းကေတာ့ ယူဂ်ီေပါ့ဗ်ာ။ေျမေအာက္လႈပ္ရွားရတာေပါ့။အခုကေတာ့ ေျမေပၚမွာလုပ္လုိ႔ရၿပီ။ အဲဒီေတာ့ ဆက္လုပ္ရမွာကေက်ာင္းသားသမဂၢ Brand ကုိေဖာက္ဖုိ႔ဗ်ာ။ထုိးေဖာက္ရမယ္။ ေနာ္ေ၀တုိ႔၊ ဘာတုိ႔ႏုိင္ငံတကာမွာ ကမၻာ႔ေက်ာင္းသားသမဂၢေတြ ရွိတယ္ဗ်ာ။ ဒါေတြကုိဆက္သြယ္ရမယ္။ ကူးလူးရမယ္။ သူတုိ႔ေတြဆီသြားေလ့လာရမယ္။ ေက်ာင္းသားသမဂၢေတြကုိတည္တံ့ေအာင္လုပ္ရမယ္။ ဒါေတြလုပ္ဖုိ႔ လုိမယ္’’ ဟု ကုိမင္းႏုိင္က ေျပာသည္။
လက္ရွိတြင္ တကၠသုိလ္အသီးသီး၌ ေက်ာင္းသားသမဂၢအဖြဲ႔ ၂ ဖြဲ႔ရွိၾကၿပီး တစ္ဖြဲ႔မွာ ေက်ာင္းသားအေရးမ်ား လႈပ္ရွား၍ က်န္တစ္ဖြဲ႔မွာ ႏုိင္ငံေရးရာမ်ားကုိေဆာင္ရြက္ေၾကာင္း သိရသည္။
ေက်ာင္းသားသမဂၢမ်ားသည္ တကၠသုိလ္မ်ားလြတ္လပ္ခြင့္ရရွိေရး၊ ဒီမုိကေရစီပညာေရးႏွင့္ ေက်ာင္းသားသမဂၢမ်ား လြတ္လပ္စြာထူေထာင္ခြင့္ရရွိေရးတုိ႔ အဓိကေတာင္းဆုိၾကေၾကာင္း သိရသည္။

-  မင္းသီဟန္ ( အကုန္သိသတင္းဌာန )

Unicode Version

 

မြန်မာကျောင်းသားသမဂ္ဂအနေဖြင့် ကမ္ဘာ့ကျောင်းသားသမဂ္ဂများနှင့်ဆက်သွယ်ကာ လေ့လာဆည်းပူးမှုများ ပြုလုပ်သင့်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောလိုက်သည်။
ရန်ကုန်မြို့ရှိ ဆေးတက္ကသိုလ်၂ ၊ စာသင်ဆောင် ၄ တွင် ဇွန်လ ၁၁ ရက်ကကျင်းပသော စာပေဟောပြောပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ ခင်ဗျားတို့ကျောင်းသားသမဂ္ဂခေတ်နဲ့ ကျွန်တော်တို့ခေတ် ဘာတွေကွာခြားလဲဆိုတော့ ကျွန်တော်တို့တုန်းက အန္တရာယ်ကြားထဲမှာလုပ်ရတယ်။ ခင်ဗျားတို့က တရားဝင်ကျောင်းသားသမဂ္ဂကိုဖွဲ့လို့ရတယ်။ ကျွန်တော်တို့တုန်းကတော့ ယူဂျီပေါ့ဗျာ။မြေအောက်လှုပ်ရှားရတာပေါ့။အခုကတော့ မြေပေါ်မှာလုပ်လို့ရပြီ။ အဲဒီတော့ ဆက်လုပ်ရမှာကကျောင်းသားသမဂ္ဂ Brand ကိုဖောက်ဖို့ဗျာ။ထိုးဖောက်ရမယ်။ နော်ဝေတို့၊ ဘာတို့နိုင်ငံတကာမှာ ကမ္ဘာ့ကျောင်းသားသမဂ္ဂတွေ ရှိတယ်ဗျာ။ ဒါတွေကိုဆက်သွယ်ရမယ်။ ကူးလူးရမယ်။ သူတို့တွေဆီသွားလေ့လာရမယ်။ ကျောင်းသားသမဂ္ဂတွေကိုတည်တံ့အောင်လုပ်ရမယ်။ ဒါတွေလုပ်ဖို့ လိုမယ်’’ ဟု ကိုမင်းနိုင်က ပြောသည်။
လက်ရှိတွင် တက္ကသိုလ်အသီးသီး၌ ကျောင်းသားသမဂ္ဂအဖွဲ့ ၂ ဖွဲ့ရှိကြပြီး တစ်ဖွဲ့မှာ ကျောင်းသားအရေးများ လှုပ်ရှား၍ ကျန်တစ်ဖွဲ့မှာ နိုင်ငံရေးရာများကိုဆောင်ရွက်ကြောင်း သိရသည်။
ကျောင်းသားသမဂ္ဂများသည် တက္ကသိုလ်များလွတ်လပ်ခွင့်ရရှိရေး၊ ဒီမိုကရေစီပညာရေးနှင့် ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာထူထောင်ခွင့်ရရှိရေးတို့ အဓိကတောင်းဆိုကြကြောင်း သိရသည်။

-  မင်းသီဟန် ( အကုန်သိသတင်းဌာန )

 

 

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။