Skip to main content
စုေပါင္းေခါင္းေဆာင္မႈပံုစံရွိပါက ေသနတ္ျဖင့္လုပ္ႀကံမရသကဲ့သို႔ ဆဲေရးတုိင္းထြာ၍လည္းမရဟု မင္းကုိႏုိင္ ေျပာ
Ads Block

စုေပါင္းေခါင္းေဆာင္မႈပံုစံရွိပါက ေသနတ္ျဖင့္လုပ္ႀကံမရသကဲ့သို႔ ဆဲေရးတုိင္းထြာ၍လည္းမရဟု မင္းကုိႏုိင္ ေျပာ

ျမန္မာႏုိင္ငံတြင္ စုေပါင္းေခါင္းေဆာင္မႈပံုစံ ထားရွိပါက ေသနတ္ျဖင့္လုပ္ၾကံမရသကဲ့သို႔ ဆဲေရးတိုင္းထြာ၍လည္းမရေၾကာင္း ၈၈ မ်ိဳးဆက္ေက်ာင္းသားေခါင္းေဆာင္ မင္းကိုႏုိင္က ေျပာလုိက္သည္။

စုေပါင္းေခါင္းေဆာင္မႈပံုစံရွိပါက ေသနတ္ျဖင့္လုပ္ႀကံမရသကဲ့သို႔ ဆဲေရးတုိင္းထြာ၍လည္းမရဟု မင္းကုိႏုိင္ ေျပာ


ရန္ကုန္ၿမိဳ႕ရွိေဆးတကၠသုိလ္- ၂ ၊ စာသင္ေဆာင္- ၄တြင္ ဇြန္လ ၁၁ ရက္ကက်င္းပေသာ  စာေပေဟာေျပာပြဲတြင္ ယခုကဲ့သို႔ေျပာျခင္းျဖစ္သည္။
“ ဟင္းခ်က္သလုိမ်ိဳးဗ်ာ။ ကြ်န္ေတာ္တုိ႔ ေထာင္ထဲမွာတုန္းကဟင္းခ်က္စားခ်င္တယ္ဆုိရင္ ကုိယ့္တာ၀န္ ကုိယ္ထမ္းေဆာင္ရတယ္။ ေသခ်ာအေစာင့္ေတြၾကားထဲကေနငရုတ္သီးရွာတဲ့သူကရွာတယ္။ ဟင္းခ်က္ဖုိ႔ ေလာင္စာရွာတဲ့သူကရွာတယ္။ ဟင္းစားရွာတဲ့သူကရွာတယ္။ ဘယ္သူကဘယ္ေန႔မွာအလွည့္က်ဆုိရင္ သူ႔တာ၀န္ကုိၿပီးဆုံးေအာင္လုပ္ရတယ္။ အခုလည္းဒီလုိမ်ိဳးပဲကမၻာမွာလည္း ဘယ္သမၼတေျပာင္းေျပာင္း သူတုိ႔ႏုိင္ငံမွာစုေပါင္းေခါင္းေဆာင္မႈပုံစံထားထားေတာ့ ဘာမွမျဖစ္ဘူး။ အဲဒီေတာ့ ျမန္မာႏုိင္ငံမွာတစ္ဦးခ်င္းစီက မီးရထားစက္ေခါင္းတြဲလုိတြဲတုိင္းတြဲတုိင္းကအင္ဂ်င္နဲ႔ ပါ၀ါအျပည့္နဲ႔ ေမာင္းနွင္ႏုိင္တယ္။ ဦးေဆာင္ႏုိင္တယ္ဆုိရင္ ေသနတ္နဲ႔လုပ္ႀကံလုိ႔လည္းမရဘူး။ အပုတ္ခ်ဆဲေရးလုိ႔လည္းမရဘူး။ စုေပါင္းေခါင္းေဆာင္မႈ ပုံစံျဖစ္ေနတာကုိး”ဟု ကုိမင္းကုိႏုိင္က ေျပာသည္။
အဆုိပါ ရန္ကုန္ၿမိဳ႕၊ ေဆးတကၠသုိလ္ ၂ တြင္က်င္းပေသာ စာေပေဟာေျပာပြဲကို ေဆးတကၠသုိလ္ ၂ ေက်ာင္းသားမ်ားသမဂၢမွ ဦးေဆာင္က်င္းပျခင္းျဖစ္ၿပီးစာေပေဟာေျပာပြဲတြင္ ၈၈ မ်ိဳးဆက္ ေက်ာင္းသားေခါင္းေဆာင္ မင္းကုိႏုိင္မွ ပညာေရးစနစ္နွင့္လူငယ္မ်ားအေၾကာင္း၊ ၊ ေဆးတကၠသုိလ္ ၂ မွ ေရွးေက်ာင္းသားႀကီးမ်ားအေၾကာင္းကုိေျပာၾကားသြားခဲ့သည္။

- မင္းသီဟန္ ( အကုန္သိသတင္းဌာန )

Unicode Version

 

မြန်မာနိုင်ငံတွင် စုပေါင်းခေါင်းဆောင်မှုပုံစံ ထားရှိပါက သေနတ်ဖြင့်လုပ်ကြံမရသကဲ့သို့ ဆဲရေးတိုင်းထွာ၍လည်းမရကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က ပြောလိုက်သည်။
ရန်ကုန်မြို့ရှိဆေးတက္ကသိုလ်- ၂ ၊ စာသင်ဆောင်- ၄တွင် ဇွန်လ ၁၁ ရက်ကကျင်းပသော  စာပေဟောပြောပွဲတွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။
“ ဟင်းချက်သလိုမျိုးဗျာ။ ကျွန်တော်တို့ ထောင်ထဲမှာတုန်းကဟင်းချက်စားချင်တယ်ဆိုရင် ကိုယ့်တာဝန် ကိုယ်ထမ်းဆောင်ရတယ်။ သေချာအစောင့်တွေကြားထဲကနေငရုတ်သီးရှာတဲ့သူကရှာတယ်။ ဟင်းချက်ဖို့ လောင်စာရှာတဲ့သူကရှာတယ်။ ဟင်းစားရှာတဲ့သူကရှာတယ်။ ဘယ်သူကဘယ်နေ့မှာအလှည့်ကျဆိုရင် သူ့တာဝန်ကိုပြီးဆုံးအောင်လုပ်ရတယ်။ အခုလည်းဒီလိုမျိုးပဲကမ္ဘာမှာလည်း ဘယ်သမ္မတပြောင်းပြောင်း သူတို့နိုင်ငံမှာစုပေါင်းခေါင်းဆောင်မှုပုံစံထားထားတော့ ဘာမှမဖြစ်ဘူး။ အဲဒီတော့ မြန်မာနိုင်ငံမှာတစ်ဦးချင်းစီက မီးရထားစက်ခေါင်းတွဲလိုတွဲတိုင်းတွဲတိုင်းကအင်ဂျင်နဲ့ ပါဝါအပြည့်နဲ့ မောင်းနှင်နိုင်တယ်။ ဦးဆောင်နိုင်တယ်ဆိုရင် သေနတ်နဲ့လုပ်ကြံလို့လည်းမရဘူး။ အပုတ်ချဆဲရေးလို့လည်းမရဘူး။ စုပေါင်းခေါင်းဆောင်မှု ပုံစံဖြစ်နေတာကိုး”ဟု ကိုမင်းကိုနိုင်က ပြောသည်။
အဆိုပါ ရန်ကုန်မြို့၊ ဆေးတက္ကသိုလ် ၂ တွင်ကျင်းပသော စာပေဟောပြောပွဲကို ဆေးတက္ကသိုလ် ၂ ကျောင်းသားများသမဂ္ဂမှ ဦးဆောင်ကျင်းပခြင်းဖြစ်ပြီးစာပေဟောပြောပွဲတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်မှ ပညာရေးစနစ်နှင့်လူငယ်များအကြောင်း၊ ၊ ဆေးတက္ကသိုလ် ၂ မှ ရှေးကျောင်းသားကြီးများအကြောင်းကိုပြောကြားသွားခဲ့သည်။

- မင်းသီဟန် ( အကုန်သိသတင်းဌာန )

 

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။