Skip to main content
တက္ကစီသမား နှပ်ချခြင်းမှ ကင်းဝေးစေမယ့် “Off-Route” Feature သစ်ကို Google Maps စတင်စမ်းသပ်နေ
Ads Block

တက္ကစီသမား နှပ်ချခြင်းမှ ကင်းဝေးစေမယ့် “Off-Route” Feature သစ်ကို Google Maps စတင်စမ်းသပ်နေ

Google ဟာ ၄င်းတို့ရဲ့ Google Maps ဝန်ဆောင်မှုမှာ “Off-Route” သတိပေးချက် Feature တစ်ရပ်ကို အသစ်ထပ်ဖြည့်သွင်းရန် စမ်းသပ်နေကြောင်း သိရပါတယ်။

တက္ကစီသမား နှပ်ချခြင်းမှ ကင်းဝေးစေမယ့် “Off-Route” Feature သစ်ကို Google Maps စတင်စမ်းသပ်နေ


သို့ဖြစ်ရာ ၄င်း Feature ကို အသုံးပြုခြင်းဖြင့် ဘေးကင်းလုံခြုံမှု ရှိစေနိုင်ရုံသာမက အငှားယာဉ်မောင်းက လမ်းကြောင်းဝေ့ဝိုက်မောင်းပြီး နှပ်ချမယ့်ဘေးကိုလည်း ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။
Google ဟာ ၄င်းတို့ရဲ့ Maps ဝန်ဆောင်မှုမှာ Feature အသစ်တွေ ထပ်မံဖြည့်သွင်းလာရာ ယခုစမ်းသပ်နေတဲ့ “Off-Route”မတိုင်ခင်မှာလည်း ကားအမြန်နှုန်းပြ Speedometer ကို ထည့်သွင်းခဲ့ပါတယ်။


Unicode Version

 

Google ဟာ ၎င်းတို့ရဲ့ Google Maps ဝန်ဆောင်မှုမှာ “Off-Route” သတိပေးချက် Feature တစ်ရပ်ကို အသစ်ထပ်ဖြည့်သွင်းရန် စမ်းသပ်နေကြောင်း သိရပါတယ်။
အဆိုပါ Feature အသစ်ဟာ အငှားယာဉ် စီးနင်းသူတွေ ဘေးကင်းလုံခြုံမှုရှိစေရန် အဓိကရည်ရွယ်ထားတယ်လို့ ဇွန် ၁၁ ရက်နေ့ သတင်းအရ သိရပါတယ်။
အငှားယာဉ်ပေါ်သို့ တက်ခဲ့တဲ့ Location နဲ့ သွားလိုတဲ့နေရာကြား လမ်းကြောင်းကို “Off-Route”က ဆွဲသားဖော်ပြပေးပြီး ထိုအငှားယာဉ် လမ်းကြောင်းမှ မီတာ ၅၀၀ စာ သွေဖီသွားသည်နဲ့တစ်ပြိုင်နက် စီးနင်းသူကို Noti ဖြင့် အသိပေးမယ်လို့ ဆိုပါတယ်။
သို့ဖြစ်ရာ ၎င်း Feature ကို အသုံးပြုခြင်းဖြင့် ဘေးကင်းလုံခြုံမှု ရှိစေနိုင်ရုံသာမက အငှားယာဉ်မောင်းက လမ်းကြောင်းဝေ့ဝိုက်မောင်းပြီး နှပ်ချမယ့်ဘေးကိုလည်း ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ထို Feature ကို အိန္ဒိယမှာပဲ ရရှိ ၊ စမ်းသပ်နိုင်သေးပြီး ကျန်နိုင်ငံများမှာ စမ်းသပ်နိုင်ခြင်းရှိ မရှိကို မသိရသေးပါဘူး။
Google ဟာ ၎င်းတို့ရဲ့ Maps ဝန်ဆောင်မှုမှာ Feature အသစ်တွေ ထပ်မံဖြည့်သွင်းလာရာ ယခုစမ်းသပ်နေတဲ့ “Off-Route”မတိုင်ခင်မှာလည်း ကားအမြန်နှုန်းပြ Speedometer ကို ထည့်သွင်းခဲ့ပါတယ်။

 -  ZHO ( အကုန်သိ သတင်းဌာန ) |  Ref : Livemint

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။