Skip to main content
ပါကစၥတန္မွာ လိင္ေျပာင္းအမ်ဳိးသမီးတစ္ဦး ျပန္ေပးဆြဲခံရကာ ျပန္ေရြးေငြ မေပးႏုိင္တာေၾကာင့္ ရုိက္ႏွက္ ေခါင္းတုံး ရိတ္ခံရ
Ads Block

ပါကစၥတန္မွာ လိင္ေျပာင္းအမ်ဳိးသမီးတစ္ဦး ျပန္ေပးဆြဲခံရကာ ျပန္ေရြးေငြ မေပးႏုိင္တာေၾကာင့္ ရုိက္ႏွက္ ေခါင္းတုံး ရိတ္ခံရ


ပါကစၥတန္ႏိုင္ငံမွာ လိင္ေျပာင္း အမ်ိဳးသမီးတစ္ဦးျပန္ေပးဆြဲခံရကာ ျပန္ေရြးေငြမေပးႏိုင္တာေၾကာင့္ ေဒသတြင္း  လူဆိုးဂိုဏ္းက သူကို ရိုက္ႏွက္ၿပီး ဆံပင္ေတြကို ရိတ္ပစ္ခဲ့ေၾကာင္း တက္ၾကြလႈပ္ရွားသူေတြက ေျပာပါတယ္။

ပါကစၥတန္မွာ လိင္ေျပာင္းအမ်ဳိးသမီးတစ္ဦး ျပန္ေပးဆြဲခံရကာ ျပန္ေရြးေငြ မေပးႏုိင္တာေၾကာင့္ ရုိက္ႏွက္ ေခါင္းတုံး ရိတ္ခံရ


ပါကစၥတန္ေျမာက္ပိုင္း မာဒန္ၿမိဳ႕မွာေနထိုင္တဲ့ အကမယ္ ရွာကီလာ ဟာ အစၥလမ္ဘာသာ၀င္ေတြရဲ႕ အားလပ္ရက္ျဖစ္တဲ့ အိဒ္ေန႔မွာ အနားယူေနစဥ္ ဇြန္လ ၄ ရက္ေန႔က ျပန္ေပးဆြဲခံခဲ့ရပါတယ္။
ယင္းေနာက္ သူ႔ကိုျပန္ေပးဆြဲခဲ့သူေတြက ျပန္ေရြးေငြ ရူပီး ၁သန္းေတာင္းခဲ့ၿပီး မေပးပါက ႏွိပ္စက္ခံရမယ္လို႔ ၿခိမ္းေျခာက္ခဲ့တာျဖစ္ပါတယ္။

ပါကစၥတန္မွာ လိင္ေျပာင္းအမ်ဳိးသမီးတစ္ဦး ျပန္ေပးဆြဲခံရကာ ျပန္ေရြးေငြ မေပးႏုိင္တာေၾကာင့္ ရုိက္ႏွက္ ေခါင္းတုံး ရိတ္ခံရ


အရင္ကလည္း ရွာကီလာကို အဆိုပါ လူဆိုးဂိုဏ္းကပဲ ႏွစ္ႀကိမ္ျပန္ေပးဆြဲခဲ့ဖူးၿပီး ရဲေတြက ထိထိေရာက္ေရာက္ ေျဖရွင္းေပးႏိုင္ျခင္း မရွိခဲ့ဘူးလို႔ တက္ၾကြလႈပ္ရွားသူမ်ားအဖြဲ ့Trans Action Pakistan အဖြဲ႔ ေခါင္းေဆာင္ Farzana Jan က ေျပာၾကားခဲ့ပါတယ္။
အရင္ ႏွစ္ႀကိမ္ျပန္ေပးဆြဲခံရတုန္းကေတာ့ ျပန္ေရြးေငြ ရူပီး ၄၀,၀၀၀ နဲ႔ ၅၀,၀၀၀ သာေတာင္းခဲ့တဲ့အတြက္ ျပန္ေရြးဖို႕တတ္ႏိုင္ခဲ့ေပမယ့္လည္း အခုတစ္ေခါက္ကေတာ့ အလြန္ကို မ်ားျပားတဲ့ ပမာဏျဖစ္တဲ့ ရူပီးေငြ ၁ သန္းေတာင္းခဲ့တာေၾကာင့္ ရွာကီလာအတြက္ ဘယ္လိုမွ မတတ္ႏိုင္တဲ့ ပမာဏျဖစ္ပါတယ္။
အခုလိုျပန္ေပးဆြဲၿပီး ျပန္ေရြးေငြေပး သို႔ ဆက္ေၾကးေငြ ေပးမွသာ လူဆိုးဂိုဏ္းက ရွာကီလာကို ဒီေဒသမွာ ကခြင့္ျပဳခဲ့တာျဖစ္တယ္လို႔ သူကေျပာခဲ့ပါတယ္။ အဆိုပါကိစၥရပ္ေတြနဲ႔ပတ္သက္ၿပီး ထိထိေရာက္ေရာက္ ကိုင္တြယ္ေျဖရွင္းဖို႔အတြက္ ေဒသခံရဲေတြကုိ ဖိအားေပးဖို႕ ရွာကီလာက အခုလို သူရဲ႕အေၾကာင္းေတြကို ထုပ္ေဖာ္ေျပာၾကားဖို႔ ဆံုးျဖတ္ခဲ့တာျဖစ္ပါတယ္။
ပါကစၥတန္ႏိုင္ငံမွာ လိင္ေျပာင္းသူေတြအတြက္ အေျခခံအခြင့္အေရးဥပေဒကို ၿပီးခဲ့တဲ့ႏွစ္က တရား၀င္ ျပဌာန္းထားကာ ၄င္းတို႔ရဲ႕ passport ေတြမွာ လိင္ေျပာင္းထားသူလုိ ့ ေဖာ္ျပခြင့္ျပဳခဲ့ပါတယ္။
လိင္ေျပာင္းထားသူ အခြင့္အေရးအတြက္ ရည္ရြယ္ၿပီးလႈပ္ရွားမႈေတြဟာ  အေတာ္ေလးခရီးေပါက္ေနေပမယ့္ ရဲတပ္ဖြဲ ့ကေတာ့ သင့္ေလ်ာ္တဲ့ အေရးယူေဆာင္ရြက္မႈမ်ိဳးေတြ မရွိဘူးလို႔ Farzan ေျပာပါတယ္။
ထိတ္လန္႔စရာကိစၥေတြကေတာ့ တျဖည္းျဖည္းျမင့္တက္ေနၿပီး ဥပေဒစိုးမိုးေရး တရားစီရင္ေရး ကေတာ့ သုညၿဖစ္ေနတယ္လို႔လည္း သူက ေ၀ဖန္ခဲ့ပါတယ္။

- ေမ(အကုန္သိ သတင္းဌာန) | Ref : Daily Mail

Unicode Version


ပါကစ္စတန်နိုင်ငံမှာ လိင်ပြောင်း အမျိုးသမီးတစ်ဦးပြန်ပေးဆွဲခံရကာ ပြန်ရွေးငွေမပေးနိုင်တာကြောင့် ဒေသတွင်း  လူဆိုးဂိုဏ်းက သူကို ရိုက်နှက်ပြီး ဆံပင်တွေကို ရိတ်ပစ်ခဲ့ကြောင်း တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
ပါကစ္စတန်မြောက်ပိုင်း မာဒန်မြို့မှာနေထိုင်တဲ့ အကမယ် ရှာကီလာ ဟာ အစ္စလမ်ဘာသာဝင်တွေရဲ့ အားလပ်ရက်ဖြစ်တဲ့ အိဒ်နေ့မှာ အနားယူနေစဉ် ဇွန်လ ၄ ရက်နေ့က ပြန်ပေးဆွဲခံခဲ့ရပါတယ်။
ယင်းနောက် သူ့ကိုပြန်ပေးဆွဲခဲ့သူတွေက ပြန်ရွေးငွေ ရူပီး ၁သန်းတောင်းခဲ့ပြီး မပေးပါက နှိပ်စက်ခံရမယ်လို့ ခြိမ်းခြောက်ခဲ့တာဖြစ်ပါတယ်။
အရင်ကလည်း ရှာကီလာကို အဆိုပါ လူဆိုးဂိုဏ်းကပဲ နှစ်ကြိမ်ပြန်ပေးဆွဲခဲ့ဖူးပြီး ရဲတွေက ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်ခြင်း မရှိခဲ့ဘူးလို့ တက်ကြွလှုပ်ရှားသူများအဖွဲ့Trans Action Pakistan အဖွဲ့ ခေါင်းဆောင် Farzana Jan က ပြောကြားခဲ့ပါတယ်။
အရင် နှစ်ကြိမ်ပြန်ပေးဆွဲခံရတုန်းကတော့ ပြန်ရွေးငွေ ရူပီး ၄၀,၀၀၀ နဲ့ ၅၀,၀၀၀ သာတောင်းခဲ့တဲ့အတွက် ပြန်ရွေးဖို့တတ်နိုင်ခဲ့ပေမယ့်လည်း အခုတစ်ခေါက်ကတော့ အလွန်ကို များပြားတဲ့ ပမာဏဖြစ်တဲ့ ရူပီးငွေ ၁ သန်းတောင်းခဲ့တာကြောင့် ရှာကီလာအတွက် ဘယ်လိုမှ မတတ်နိုင်တဲ့ ပမာဏဖြစ်ပါတယ်။
အခုလိုပြန်ပေးဆွဲပြီး ပြန်ရွေးငွေပေး သို့ ဆက်ကြေးငွေ ပေးမှသာ လူဆိုးဂိုဏ်းက ရှာကီလာကို ဒီဒေသမှာ ကခွင့်ပြုခဲ့တာဖြစ်တယ်လို့ သူကပြောခဲ့ပါတယ်။ အဆိုပါကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့အတွက် ဒေသခံရဲတွေကို ဖိအားပေးဖို့ ရှာကီလာက အခုလို သူရဲ့အကြောင်းတွေကို ထုပ်ဖော်ပြောကြားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ပါကစ္စတန်နိုင်ငံမှာ လိင်ပြောင်းသူတွေအတွက် အခြေခံအခွင့်အရေးဥပဒေကို ပြီးခဲ့တဲ့နှစ်က တရားဝင် ပြဌာန်းထားကာ ၎င်းတို့ရဲ့ passport တွေမှာ လိင်ပြောင်းထားသူလို့ ဖော်ပြခွင့်ပြုခဲ့ပါတယ်။
လိင်ပြောင်းထားသူ အခွင့်အရေးအတွက် ရည်ရွယ်ပြီးလှုပ်ရှားမှုတွေဟာ  အတော်လေးခရီးပေါက်နေပေမယ့် ရဲတပ်ဖွဲ့ကတော့ သင့်လျော်တဲ့ အရေးယူဆောင်ရွက်မှုမျိုးတွေ မရှိဘူးလို့ Farzan ပြောပါတယ်။
ထိတ်လန့်စရာကိစ္စတွေကတော့ တဖြည်းဖြည်းမြင့်တက်နေပြီး ဥပဒေစိုးမိုးရေး တရားစီရင်ရေး ကတော့ သုညဖြစ်နေတယ်လို့လည်း သူက ဝေဖန်ခဲ့ပါတယ်။

- မေ(အကုန်သိ သတင်းဌာန) | Ref : Daily Mail

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။