Skip to main content
iPhone ဖုန္း ခုိးယူခဲ့ေၾကာင္း ဗီဒီယုိဖုိင္ထြက္ေပၚခဲ့ၿပီးေနာက္ ထုိင္း အမ်ဳိးသမီးအဆုိေတာ္ေဟာင္းတစ္ဦး ကုိယ္ကုိယ့္ကုိယ္ သတ္ေသတဲ့အေနအထားနဲ ့ ေသဆုံးလ်က္ေတြ ့ရွိ
Ads Block

iPhone ဖုန္း ခုိးယူခဲ့ေၾကာင္း ဗီဒီယုိဖုိင္ထြက္ေပၚခဲ့ၿပီးေနာက္ ထုိင္း အမ်ဳိးသမီးအဆုိေတာ္ေဟာင္းတစ္ဦး ကုိယ္ကုိယ့္ကုိယ္ သတ္ေသတဲ့အေနအထားနဲ ့ ေသဆုံးလ်က္ေတြ ့ရွိ

စြဲေဆာင္မႈရွိတဲ့ ရုပ္ရည္ေၾကာင့္ ေဖ့စ္ဘုတ္အသုံးျပဳသူေတြအၾကား ေရပန္းစားတဲ့ ထုိင္း အမ်ဳိးသမီး အဆုိေတာ္ေဟာင္းတစ္ဦးကုိ တနလၤာေန ့ မနက္ပုိင္းက သူမရဲ႕ ကားထဲမွာ မီးေတာက္ေနဆဲ မီးေသြးဖုိတစ္လုံးနဲ ့အတူ ေသဆုံးလ်က္ေတြ ့ရွိခဲ့ၿပီး ကုိယ္ကုိယ့္ကုိယ္ ေသေၾကာင္းႀကံခဲ့မႈအျဖစ္ ယူဆခံထားရပါတယ္။

iPhone ဖုန္း ခုိးယူခဲ့ေၾကာင္း ဗီဒီယုိဖုိင္ထြက္ေပၚခဲ့ၿပီးေနာက္ ထုိင္း အမ်ဳိးသမီးအဆုိေတာ္ေဟာင္းတစ္ဦး ကုိယ္ကုိယ့္ကုိယ္ သတ္ေသတဲ့အေနအထားနဲ ့ ေသဆုံးလ်က္ေတြ ့ရွိ

 

ထိုင္းႏိုင္ငံေျမာက္ပိုင္း Mueang Lamphun ခရိုင္မွာ အသက္ ၃၂ ႏွစ္အရြယ္ Anyanee Thainawa  အမည္ရအမ်ဳိးသမီးဟာ သူမအိမ္ရဲ႕ ဂိုေထာင္ထဲက ကားေပၚမွာ ေသဆံုးေနခဲ့တာျဖစ္ၿပီး ယင္းေန႔ဟာ သူမ တရားရံုးမွာ တရားရင္ဆိုင္ရမယ့္ေန႔ ျဖစ္တယ္လို႔လည္း သိရပါတယ္။

iPhone ဖုန္း ခုိးယူခဲ့ေၾကာင္း ဗီဒီယုိဖုိင္ထြက္ေပၚခဲ့ၿပီးေနာက္ ထုိင္း အမ်ဳိးသမီးအဆုိေတာ္ေဟာင္းတစ္ဦး ကုိယ္ကုိယ့္ကုိယ္ သတ္ေသတဲ့အေနအထားနဲ ့ ေသဆုံးလ်က္ေတြ ့ရွိ


သူမဟာ မတ္လတုန္းက ေစ်း၀ယ္စင္တာတစ္ခုကေန iPhone ခိုးတယ္လို႔ စြပ္စြဲခံခဲ့ရၿပီး ထိုကဲ့သို႔ တရားရင္ဆိုင္ေနရတာျဖစ္ပါတယ္။
  အဆိုတစ္ေယာက္ျဖစ္ခဲ့တဲ့ Anyanee ဟာ သူမရဲ႕လွပတဲ့ ရုပ္ရည္ေၾကာင့္ Facebook အသံုးျပဳသူေတြၾကားေရပန္းစားကာ အားေပးသူေတြက idol အျဖစ္ သတ္မွတ္ခံထားရတာပါ။
ဒါေပမဲ့ လြန္ခဲ့တဲ့ ႏွစ္လေလာက္က Lampang ေစ်း၀ယ္စင္တာက ဖုန္းဆိုင္ပိုင္ရွင္တစ္ေယာက္က သူမ iPhone တစ္လံုး ခိုးယူခဲ့တယ္ဆိုတဲ့ ဗီြဒီယိုဖုိင္ကိုတင္ခဲ့ပါတယ္။
အဲဒီေနာက္ ဗြီဒီယိုထဲကလူဟာ သူမျဖစ္ေၾကာင္း မိသားစုေတြက ၀န္ခံခဲ့ေပမယ့္လည္း သူမဟာ စိတ္က်ေ၀ဒနာ ခံစားေနရသူျဖစ္ၿပီး ယင္းစိတ္ေတြေၾကာင့္ပဲ ခဏတာ အသိစိတ္လြတ္သြားခဲ့တာျဖစ္မယ္လို႔လည္း ရွင္းျပခဲ့ၾကပါတယ္။
Anyanee ဟာ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္ကတည္းက စိတ္က်ေ၀ဒနာ ခံစားေနခဲ့ရတာျဖစ္ၿပီး ခ်င္းမိုင္က ေဆးရံုမွာ ေဆးကုသမႈခံယူေနရတယ္လို႔  သူမရဲ႕ ဦးေလးျဖစ္သူက ေျပျပခဲ့ပါတယ္။
သူမရဲ႕ ရုပ္အေလာင္းကေတာ့ ရင္ခြဲစစ္ေဆးမႈေတြျပဳလုပ္ဖို႔အတြက္ ေဆးရံုကို ပို႔ထားတယ္လို႔သိရပါတယ္။

- ေမ (အကုန္သိ သတင္းဌာန) | Ref : The Nation

Unicode Version

 

စွဲဆောင်မှုရှိတဲ့ ရုပ်ရည်ကြောင့် ဖေ့စ်ဘုတ်အသုံးပြုသူတွေအကြား ရေပန်းစားတဲ့ ထိုင်း အမျိုးသမီး အဆိုတော်ဟောင်းတစ်ဦးကို တနင်္လာနေ့ မနက်ပိုင်းက သူမရဲ့ ကားထဲမှာ မီးတောက်နေဆဲ မီးသွေးဖိုတစ်လုံးနဲ့အတူ သေဆုံးလျက်တွေ့ရှိခဲ့ပြီး ကိုယ်ကိုယ့်ကိုယ် သေကြောင်းကြံခဲ့မှုအဖြစ် ယူဆခံထားရပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း Mueang Lamphun ခရိုင်မှာ အသက် ၃၂ နှစ်အရွယ် Anyanee Thainawa  အမည်ရအမျိုးသမီးဟာ သူမအိမ်ရဲ့ ဂိုထောင်ထဲက ကားပေါ်မှာ သေဆုံးနေခဲ့တာဖြစ်ပြီး ယင်းနေ့ဟာ သူမ တရားရုံးမှာ တရားရင်ဆိုင်ရမယ့်နေ့ ဖြစ်တယ်လို့လည်း သိရပါတယ်။
သူမဟာ မတ်လတုန်းက ဈေးဝယ်စင်တာတစ်ခုကနေ iPhone ခိုးတယ်လို့ စွပ်စွဲခံခဲ့ရပြီး ထိုကဲ့သို့ တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။
  အဆိုတစ်ယောက်ဖြစ်ခဲ့တဲ့ Anyanee ဟာ သူမရဲ့လှပတဲ့ ရုပ်ရည်ကြောင့် Facebook အသုံးပြုသူတွေကြားရေပန်းစားကာ အားပေးသူတွေက idol အဖြစ် သတ်မှတ်ခံထားရတာပါ။
ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်လလောက်က Lampang ဈေးဝယ်စင်တာက ဖုန်းဆိုင်ပိုင်ရှင်တစ်ယောက်က သူမ iPhone တစ်လုံး ခိုးယူခဲ့တယ်ဆိုတဲ့ ဗွီဒီယိုဖိုင်ကိုတင်ခဲ့ပါတယ်။
အဲဒီနောက် ဗွီဒီယိုထဲကလူဟာ သူမဖြစ်ကြောင်း မိသားစုတွေက ဝန်ခံခဲ့ပေမယ့်လည်း သူမဟာ စိတ်ကျဝေဒနာ ခံစားနေရသူဖြစ်ပြီး ယင်းစိတ်တွေကြောင့်ပဲ ခဏတာ အသိစိတ်လွတ်သွားခဲ့တာဖြစ်မယ်လို့လည်း ရှင်းပြခဲ့ကြပါတယ်။
Anyanee ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက စိတ်ကျဝေဒနာ ခံစားနေခဲ့ရတာဖြစ်ပြီး ချင်းမိုင်က ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့  သူမရဲ့ ဦးလေးဖြစ်သူက ပြေပြခဲ့ပါတယ်။
သူမရဲ့ ရုပ်အလောင်းကတော့ ရင်ခွဲစစ်ဆေးမှုတွေပြုလုပ်ဖို့အတွက် ဆေးရုံကို ပို့ထားတယ်လို့သိရပါတယ်။

- မေ (အကုန်သိ သတင်းဌာန) | Ref : The Nation


               

 


               

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။