Skip to main content
မေလးရွား-ထုိင္းနယ္စပ္မွာ ျမန္မာအမ်ဳိးသားတစ္ဦးကုိ က်ည္အစစ္ေတြနဲ ့ ဖမ္းဆီးရမိ
Ads Block

မေလးရွား-ထုိင္းနယ္စပ္မွာ ျမန္မာအမ်ဳိးသားတစ္ဦးကုိ က်ည္အစစ္ေတြနဲ ့ ဖမ္းဆီးရမိ

မေလးရွားနဲ ့ထုိင္းႏုိင္ငံနယ္စပ္အနီး ဘူကစ္ကာယူဟစ္တမ္ျပည္နယ္က ရာဘာစုိက္စင္းတစ္ခုမွာ ျမန္မာအမ်ဳိးသားတစ္ဦးကုိ က်ည္အစစ္ ၁၃ ေတာင့္နဲ ့အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း မေလးရွား နယ္ျခားေစာင့္ရဲတပ္ဖြဲ ့က အဂၤါေန ့(ဇြန္ ၁၁) မွာ ေျပာဆုိပါတယ္။
သံသယျဖစ္ဖြယ္အျပဳအမႈေတြေၾကာင့္ အသက္ ၃၅ ႏွစ္အရြယ္ ယင္း ျမန္မာအမ်ဳိးသားကုိ အေထြေထြစစ္ဆင္ေရးတပ္ GOF တပ္ဖြဲ ့တစ္ခုက ရပ္တန္ ့စစ္ေဆးခဲ့တာျဖစ္ေၾကာင္း GOF အမွတ္ ၁၈ တပ္ရင္း ကြပ္ကဲေရးအရာရွိ ခါလစ္ဆုိင္အြန္က ေျပာဆုိခဲ့ပါတယ္။
“ သူ ့ဆီမွာ တရား၀င္ ခရီးသြားအေထာက္အထားေတြလည္း မပါပါဘူး။ ထပ္မံစစ္ေဆးမႈေတြလုပ္ရာမွာ သူ ့စလင္းဘက္အိတ္ထဲကေန 12 Bore ပစၥတုိက်ည္ဆံ ၁၃ ေတာင့္ကုိ သူတုိ ့ေတြ ရွာေတြ ့ခဲ့ၾကတာေၾကာင့္ သူ ့ကုိ ဖမ္းဆီးခဲ့တာပါ” လုိ ့ ၄င္း အရာရွိက ဘနားမား သတင္းဌာနကုိ ေျပာခဲ့ပါတယ္။ ယင္း အမ်ဳိးသားဟာ မေလးစကားမေျပာတတ္ေၾကာင္းနဲ ့ မေလးရွားႏုိင္ငံအတြင္း ႏုိင္ငံျခားသားတစ္စုကုိ ခုိးသြင္းဖုိ ့ ေစာင့္ေနတယ္လုိ ့ ယုံၾကည္ရေၾကာင္းလည္း ခါလစ္က ေျပာဆုိခဲ့ပါတယ္။
က်ည္ဆံေတြကုိ ဘယ္အတြက္ အသုံးခ်ဖုိ ့ ရည္ရြယ္တာလည္းဆုိတာ အပါအ၀င္ ျဖစ္စဥ္အေပၚ ရႈေထာင့္အားလုံးကေန မိမိတုိ ့ စုံစမ္းစစ္ေဆးမႈလုပ္ေနေၾကာင္း ၄င္းက ဆုိပါတယ္။
သံသယရွိသူကုိ ကူဘန္ပါဆူခရုိင္ရဲဌာနခ်ဳပ္ကုိ ေခၚေဆာင္ကာ စစ္ေဆးမႈေတြ ထပ္လုပ္ေနေၾကာင္း သတင္းမွာ ေဖာ္ျပပါတယ္။

- ကုိလင္း ( အကုန္သိ သတင္းဌာန ) | Ref : CNA

Unicode Version

 

မလေးရှားနဲ့ထိုင်းနိုင်ငံနယ်စပ်အနီး ဘူကစ်ကာယူဟစ်တမ်ပြည်နယ်က ရာဘာစိုက်စင်းတစ်ခုမှာ မြန်မာအမျိုးသားတစ်ဦးကို ကျည်အစစ် ၁၃ တောင့်နဲ့အတူ ဖမ်းဆီးရမိခဲ့ကြောင်း မလေးရှား နယ်ခြားစောင့်ရဲတပ်ဖွဲ့က အင်္ဂါနေ့(ဇွန် ၁၁) မှာ ပြောဆိုပါတယ်။
သံသယဖြစ်ဖွယ်အပြုအမှုတွေကြောင့် အသက် ၃၅ နှစ်အရွယ် ယင်း မြန်မာအမျိုးသားကို အထွေထွေစစ်ဆင်ရေးတပ် GOF တပ်ဖွဲ့တစ်ခုက ရပ်တန့်စစ်ဆေးခဲ့တာဖြစ်ကြောင်း GOF အမှတ် ၁၈ တပ်ရင်း ကွပ်ကဲရေးအရာရှိ ခါလစ်ဆိုင်အွန်က ပြောဆိုခဲ့ပါတယ်။
“ သူ့ဆီမှာ တရားဝင် ခရီးသွားအထောက်အထားတွေလည်း မပါပါဘူး။ ထပ်မံစစ်ဆေးမှုတွေလုပ်ရာမှာ သူ့စလင်းဘက်အိတ်ထဲကနေ 12 Bore ပစ္စတိုကျည်ဆံ ၁၃ တောင့်ကို သူတို့တွေ ရှာတွေ့ခဲ့ကြတာကြောင့် သူ့ကို ဖမ်းဆီးခဲ့တာပါ” လို့ ၎င်း အရာရှိက ဘနားမား သတင်းဌာနကို ပြောခဲ့ပါတယ်။ ယင်း အမျိုးသားဟာ မလေးစကားမပြောတတ်ကြောင်းနဲ့ မလေးရှားနိုင်ငံအတွင်း နိုင်ငံခြားသားတစ်စုကို ခိုးသွင်းဖို့ စောင့်နေတယ်လို့ ယုံကြည်ရကြောင်းလည်း ခါလစ်က ပြောဆိုခဲ့ပါတယ်။
ကျည်ဆံတွေကို ဘယ်အတွက် အသုံးချဖို့ ရည်ရွယ်တာလည်းဆိုတာ အပါအဝင် ဖြစ်စဉ်အပေါ် ရှုထောင့်အားလုံးကနေ မိမိတို့ စုံစမ်းစစ်ဆေးမှုလုပ်နေကြောင်း ၎င်းက ဆိုပါတယ်။
သံသယရှိသူကို ကူဘန်ပါဆူခရိုင်ရဲဌာနချုပ်ကို ခေါ်ဆောင်ကာ စစ်ဆေးမှုတွေ ထပ်လုပ်နေကြောင်း သတင်းမှာ ဖော်ပြပါတယ်။

- ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : CNA

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။