Skip to main content
ကိုယ္၀န္ပ်က္က်ၿပီးေနာက္ ကေလးအေလာင္းကို တိတ္တဆိတ္စြန္႔ပစ္သူမိခင္အား အမႈဖြင့္ထား
Ads Block

ကိုယ္၀န္ပ်က္က်ၿပီးေနာက္ ကေလးအေလာင္းကို တိတ္တဆိတ္စြန္႔ပစ္သူမိခင္အား အမႈဖြင့္ထား

ကခ်င္ျပည္နယ္၊ မိုးညွင္းၿမိဳ႕နယ္၌ ကိုယ္၀န္ပ်က္က်ၿပီးေနာက္ ကေလးအေလာင္းကို တိတ္တဆိတ္စြန္႔ပစ္သည့္ ၁၇ ႏွစ္အရြယ္မိခင္အား အမႈဖြင့္ထားေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ မိုးညွင္းျပည္သူ႔ေဆးရံုရွိ သားဖြားမီးယပ္အေဆာင္ႏွင့္ ဓာတ္မွန္အေဆာင္ၾကားတြင္ ဇြန္လ ၁၀ ရက္၊ ည ၆ နာရီခြဲက ခ်က္ႀကိဳးတန္းလန္းျဖင့္ေမြးကင္းစ(က်ား)ကေလးအေလာင္းကိုေတြ႔ရွိေၾကာင္း သတင္းေပးခ်က္ေၾကာင့္ တာ၀န္ရွိသူမ်ားက သြားေရာက္စစ္ေဆးခဲ့ၾကသည္။

ကိုယ္၀န္ပ်က္က်ၿပီးေနာက္ ကေလးအေလာင္းကို တိတ္တဆိတ္စြန္႔ပစ္သူမိခင္အား အမႈဖြင့္ထား


စစ္ေဆးခ်က္အရ ယင္းကေလး၏မိခင္မွာ အသက္ ၁၇ ႏွစ္အရြယ္မစိုးစႏၵာထြန္းဆိုသူျဖစ္ၿပီး သားဖြား မီးယပ္ေဆာင္သို႔ ကိုယ္၀န္ျပသစဥ္ အိမ္သာသို႔သြားေရာက္၍ကိစၥမ်ားရွင္းလင္းေနစဥ္ ကိုယ္၀န္ ပ်က္က်သြားခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ယင္းသို႔ထြက္က်လာသည့္ ကေလးမွာအေသျဖစ္ေနသျဖင့္ ၎တက္ေနသည့္အိမ္သာခန္းမွ အျပင္သို႔စြန္႔ပစ္လိုက္ျခင္းျဖစ္ေၾကာင္း စစ္ေဆးခ်က္အရ သိရသည္။
ထို႔ေၾကာင့္ ကေလးပ်က္က်သည့္ကိစၥကို တာ၀န္ရွိသူထံသတင္းေပးပို႔မႈမရွိသည့္အျပင္ မိမိသေဘာအေလ်ာက္ စြန္႔ပစ္ခဲ့သူ မစိုးစႏၵာထြန္း(၁၇)ႏွစ္ကို မိုးညွင္းၿမိဳ႕မရဲစခန္း၌ (ပ)၁၀၆/၂၀၁၉၊ ပုဒ္မ-၃၁၈ ျဖင့္ အမႈဖြင့္ထားေၾကာင္း သတင္းရရွိသည္။
- ဒါးဇ ( အကုန္သိသတင္းဌာန ) | Source – အစဥ္အလာထူးတဲ့မဂၤလာဦး

Unicode Version

 

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၌ ကိုယ်ဝန်ပျက်ကျပြီးနောက် ကလေးအလောင်းကို တိတ်တဆိတ်စွန့်ပစ်သည့် ၁၇ နှစ်အရွယ်မိခင်အား အမှုဖွင့်ထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မိုးညှင်းပြည်သူ့ဆေးရုံရှိ သားဖွားမီးယပ်အဆောင်နှင့် ဓာတ်မှန်အဆောင်ကြားတွင် ဇွန်လ ၁၀ ရက်၊ ည ၆ နာရီခွဲက ချက်ကြိုးတန်းလန်းဖြင့်မွေးကင်းစ(ကျား)ကလေးအလောင်းကိုတွေ့ရှိကြောင်း သတင်းပေးချက်ကြောင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြသည်။
စစ်ဆေးချက်အရ ယင်းကလေး၏မိခင်မှာ အသက် ၁၇ နှစ်အရွယ်မစိုးစန္ဒာထွန်းဆိုသူဖြစ်ပြီး သားဖွား မီးယပ်ဆောင်သို့ ကိုယ်ဝန်ပြသစဉ် အိမ်သာသို့သွားရောက်၍ကိစ္စများရှင်းလင်းနေစဉ် ကိုယ်ဝန် ပျက်ကျသွားခဲ့ကြောင်း သိရသည်။
ထို့နောက် ယင်းသို့ထွက်ကျလာသည့် ကလေးမှာအသေဖြစ်နေသဖြင့် ၎င်းတက်နေသည့်အိမ်သာခန်းမှ အပြင်သို့စွန့်ပစ်လိုက်ခြင်းဖြစ်ကြောင်း စစ်ဆေးချက်အရ သိရသည်။
ထို့ကြောင့် ကလေးပျက်ကျသည့်ကိစ္စကို တာဝန်ရှိသူထံသတင်းပေးပို့မှုမရှိသည့်အပြင် မိမိသဘောအလျောက် စွန့်ပစ်ခဲ့သူ မစိုးစန္ဒာထွန်း(၁၇)နှစ်ကို မိုးညှင်းမြို့မရဲစခန်း၌ (ပ)၁၀၆/၂၀၁၉၊ ပုဒ်မ-၃၁၈ ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
- ဒါးဇ ( အကုန်သိသတင်းဌာန )  | Source – အစဉ်အလာထူးတဲ့မင်္ဂလာဦး

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။