Skip to main content
မိုက္ကယ္ေက်ာ္ျမင့္၏ေယာကၡမအား ဝရမ္းေျပးလက္ခံထားရွိမႈျဖင့္ အမႈဖြင့္ထား
Ads Block

မိုက္ကယ္ေက်ာ္ျမင့္၏ေယာကၡမအား ဝရမ္းေျပးလက္ခံထားရွိမႈျဖင့္ အမႈဖြင့္ထား

မိုက္ကယ္ေက်ာ္ျမင့္၏ေယာကၡမအား ၀ရမ္းေျပးလက္ခံထားရွိမႈျဖင့္ ဇြန္လ ၁၀ ရက္က အမႈဖြင့္ထားေၾကာင္း သိရသည္။   
မႏၲေလးတိုင္းေဒသႀကီး၊ မိတၳီလာခရိုင္၊ ဝမ္းတြင္းၿမိဳ႕နယ္၊ ကုန္းကံရြာေန ဦးေက်ာ္ေမာင္၊ (၈၀)ႏွစ္သည္ ၎၏သားမက္ျဖစ္သူ မိုက္ကယ္ေက်ာ္ျမင့္ကို လက္ခံထားခဲ့သည့္အတြက္အမႈဖြင့္ခံရျခင္းျဖစ္ေၾကာင္း ပင္းတလဲနယ္ေျမရဲစခန္းမွ သိရသည္။
“မိုက္ကယ္ေက်ာ္ျမင့္က သူ႔အိမ္ကို ညဘက္ေရာက္လာတယ္။ ေနာက္ေန႔လည္းက်ေရာ သတင္းအရ မိုက္ကယ္ ေက်ာ္ျမင့္ကို ဖမ္းမိခဲ့တယ္။ အဲဒီလိုေရာက္လာတာကို လက္ခံထားလို႔ တရားေျပးလက္ခံမႈနဲ႔ ေယာကၡမ ျဖစ္တဲ့သူကို အမႈဖြင့္ခဲ့တာပါ။ ဖြင့္တာကေတာ့ မေန႔ကပါ” ဟု ပင္းတလဲနယ္ေျမရဲစခန္းမွ ရဲအရာရွိတစ္ဦးက အကုန္သိသတင္းဌာနသို႔ ဇြန္လ ၁၁ ရက္တြင္ ေျပာသည္။
လက္ရွိတြင္ မိုက္ကယ္ေက်ာ္ျမင့္၏ေယာကၡမျဖစ္သူ ဦးေက်ာ္ေမာင္၊ (၈၀)ႏွစ္ကို ပင္းတလဲနယ္ေျမရဲစခန္း၌ (ပ) ၂၂/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ-၂၁၆ ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။
မိုက္ကယ္ေက်ာ္ျမင့္သည္ ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္ရွိ အစၥလာမ္ဘာသာဝင္မ်ား ယာယီဝတ္ျပဳသည့္ေနရာကို သီဟမ်ဳိးႏိုင္ႏွင့္အတူ လူတစ္စုျဖင့္လာေရာက္တားျမစ္ခဲ့ေသာေၾကာင့္ ဒဂုံၿမိဳ႕သစ္ (ေတာင္ပိုင္း)ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးက တရားလုိျပဳလုပ္၍ တိုင္တန္းခဲ့ေၾကာင္း သိရသည္။
ထိုသို႔တိုင္တန္းသျဖင့္ မိုက္ကယ္ေက်ာ္ျမင့္ႏွင့္ သီဟမ်ဳိးႏိုင္ကို ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္တရားရုံးတြင္ အၾကည္ညိဳပ်က္ေစမႈပုဒ္မ-၅၀၅(ခ) ျဖင့္ အမႈဖြင့္ခဲ့ၿပီး ဖမ္းဝရမ္းထုတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

- ႏိုင္မင္းလြင္(အကုန္သိသတင္းဌာန)

Unicode Version

 

မိုက်ကယ်ကျော်မြင့်၏ယောက္ခမအား ဝရမ်းပြေးလက်ခံထားရှိမှုဖြင့် ဇွန်လ ၁၀ ရက်က အမှုဖွင့်ထားကြောင်း သိရသည်။   
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ ကုန်းကံရွာနေ ဦးကျော်မောင်၊ (၈၀)နှစ်သည် ၎င်း၏သားမက်ဖြစ်သူ မိုက်ကယ်ကျော်မြင့်ကို လက်ခံထားခဲ့သည့်အတွက်အမှုဖွင့်ခံရခြင်းဖြစ်ကြောင်း ပင်းတလဲနယ်မြေရဲစခန်းမှ သိရသည်။
“မိုက်ကယ်ကျော်မြင့်က သူ့အိမ်ကို ညဘက်ရောက်လာတယ်။ နောက်နေ့လည်းကျရော သတင်းအရ မိုက်ကယ် ကျော်မြင့်ကို ဖမ်းမိခဲ့တယ်။ အဲဒီလိုရောက်လာတာကို လက်ခံထားလို့ တရားပြေးလက်ခံမှုနဲ့ ယောက္ခမ ဖြစ်တဲ့သူကို အမှုဖွင့်ခဲ့တာပါ။ ဖွင့်တာကတော့ မနေ့ကပါ” ဟု ပင်းတလဲနယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက အကုန်သိသတင်းဌာနသို့ ဇွန်လ ၁၁ ရက်တွင် ပြောသည်။
လက်ရှိတွင် မိုက်ကယ်ကျော်မြင့်၏ယောက္ခမဖြစ်သူ ဦးကျော်မောင်၊ (၈၀)နှစ်ကို ပင်းတလဲနယ်မြေရဲစခန်း၌ (ပ) ၂၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၂၁၆ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။
မိုက်ကယ်ကျော်မြင့်သည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အစ္စလာမ်ဘာသာဝင်များ ယာယီဝတ်ပြုသည့်နေရာကို သီဟမျိုးနိုင်နှင့်အတူ လူတစ်စုဖြင့်လာရောက်တားမြစ်ခဲ့သောကြောင့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်၍ တိုင်တန်းခဲ့ကြောင်း သိရသည်။
ထိုသို့တိုင်တန်းသဖြင့် မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်ကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တရားရုံးတွင် အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅(ခ) ဖြင့် အမှုဖွင့်ခဲ့ပြီး ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- နိုင်မင်းလွင်(အကုန်သိသတင်းဌာန)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။