Skip to main content
အရက္ေသာက္ရန္ထြက္သြားသူအား လည္ပင္းျပတ္ရွဒဏ္ရာျဖင့္ေသဆံုးလ်က္ ျပန္လည္ေတြ႔ရွိ
Ads Block

အရက္ေသာက္ရန္ထြက္သြားသူအား လည္ပင္းျပတ္ရွဒဏ္ရာျဖင့္ေသဆံုးလ်က္ ျပန္လည္ေတြ႔ရွိ

ပုဏၰားကြၽန္းၿမိဳ႕နယ္တြင္ အမ်ိဳးသားတစ္ဦးလည္ပင္းျပတ္ရွဒဏ္ရာျဖင့္ေသဆံုးေနသည္ကို ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။ ျဖစ္စဥ္မွာ ရခိုင္ျပည္နယ္၊ ပုဏၰားကြၽန္းၿမိဳ႕နယ္၊ ပေဒသာေက်း႐ြာေဟာင္းေန ေဇာ္ၿငိမ္းလင္း၊ (၂၁)ႏွစ္သည္ ဇြန္လ ၉ ရက္၊ ေန႔လယ္ ၃ နာရီခြဲခန္႔က ၎၏ေနအိမ္ေခါင္မိုးမိုးရန္ တစ္႐ြာတည္းေန ေစာသိန္းထြန္း၊ (၃၃)ႏွစ္ႏွင့္ အတူျပဳျပင္ၿပီးေနာက္ ၎တို႔ ၂ ဦးသည္ ငွက္ႀကီးကြၽန္းေက်း႐ြာသို႔အရက္ေသာက္ရန္ ထြက္သြားခဲ့ေၾကာင္း သိရသည္။ ထို႔ေနာက္ ေဇာ္ၿငိမ္းလင္းသည္ ညဥ့္နက္သည့္တိုင္ ေနအိမ္သို႔ ျပန္လည္ေရာက္ရွိလာျခင္းမရွိသျဖင့္ ၎၏မိခင္ ေဒၚမခင္ေစာလွမွ ေစာသိန္းထြန္းအား ေမးျမန္းခဲ့ရာ ၎တို႔ ၂ ဦးသည္ အရက္ေသာက္ၿပီး ေနအိမ္သို႔ ျပန္လာစဥ္ လမ္း၌လူခ်င္းကြဲခဲ့ေၾကာင္း သိရွိရသျဖင့္ လိုက္လံရွာေဖြရာ ဇြန္လ ၁၀ ရက္၊ နံနက္ ၇ နာရီခန္႔တြင္ ပေဒသာ ေက်း႐ြာေဟာင္း-ငွက္ႀကီးကြၽန္းေက်း႐ြာသြား ကားလမ္းေဘး၌ ေဇာ္ၿငိမ္းလင္းအား လည္ပင္း ၉ လက္မခန္႔၊ ျပတ္ရွဒဏ္ရာ ၁ ခ်က္ျဖင့္ ေသဆုံးေနသည္ကိုေတြ႕ရွိရေၾကာင္း ရဲတပ္ဖြဲ႔၏ ထုတ္ျပန္ခ်က္အရ သိရသည္။ ထို႔ေၾကာင့္ ေသဆုံးသူ ေဇာ္ၿငိမ္းလင္း၏အေလာင္းအား ပုဏၰားကြၽန္းျပည္သူ႔ေဆး႐ုံသို႔ပို႔ေဆာင္ခဲ့ၿပီး ပုဏၰားကြၽန္းၿမိဳ႕မရဲစခန္း၌ (ပ)၆၄/၂၀၁၉၊ ရာဇသတ္ႀကီး ပုဒ္မ- ၃၀၂ (လူသတ္မႈ)ျဖင့္ အမႈဖြင့္စုံစမ္းေနေၾကာင္း သိရသည္။

- ႏိုင္မင္းလြင္ ( အကုန္သိသတင္းဌာန )

Unicode Version

 

ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသားတစ်ဦးလည်ပင်းပြတ်ရှဒဏ်ရာဖြင့်သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပဒေသာကျေးရွာဟောင်းနေ ဇော်ငြိမ်းလင်း၊ (၂၁)နှစ်သည် ဇွန်လ ၉ ရက်၊ နေ့လယ် ၃ နာရီခွဲခန့်က ၎င်း၏နေအိမ်ခေါင်မိုးမိုးရန် တစ်ရွာတည်းနေ စောသိန်းထွန်း၊ (၃၃)နှစ်နှင့် အတူပြုပြင်ပြီးနောက် ၎င်းတို့ ၂ ဦးသည် ငှက်ကြီးကျွန်းကျေးရွာသို့အရက်သောက်ရန် ထွက်သွားခဲ့ကြောင်း သိရသည်။
ထို့နောက် ဇော်ငြိမ်းလင်းသည် ညဉ့်နက်သည့်တိုင် နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် ၎င်း၏မိခင် ဒေါ်မခင်စောလှမှ စောသိန်းထွန်းအား မေးမြန်းခဲ့ရာ ၎င်းတို့ ၂ ဦးသည် အရက်သောက်ပြီး နေအိမ်သို့ ပြန်လာစဉ် လမ်း၌လူချင်းကွဲခဲ့ကြောင်း သိရှိရသဖြင့် လိုက်လံရှာဖွေရာ ဇွန်လ ၁၀ ရက်၊ နံနက် ၇ နာရီခန့်တွင် ပဒေသာ ကျေးရွာဟောင်း-ငှက်ကြီးကျွန်းကျေးရွာသွား ကားလမ်းဘေး၌ ဇော်ငြိမ်းလင်းအား လည်ပင်း ၉ လက်မခန့်၊ ပြတ်ရှဒဏ်ရာ ၁ ချက်ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ကြောင့် သေဆုံးသူ ဇော်ငြိမ်းလင်း၏အလောင်းအား ပုဏ္ဏားကျွန်းပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ပုဏ္ဏားကျွန်းမြို့မရဲစခန်း၌ (ပ)၆၄/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ- ၃၀၂ (လူသတ်မှု)ဖြင့် အမှုဖွင့်စုံစမ်းနေကြောင်း သိရသည်။

- နိုင်မင်းလွင် ( အကုန်သိသတင်းဌာန )

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။