Skip to main content
ရထားကို၀င္တုိက္သည့္ ဆိုင္ကယ္ေပၚပါ ၁ ဦးေသဆံုး၊ ၁ ဦးဒဏ္ရာရရွိ
Ads Block

ရထားကို၀င္တုိက္သည့္ ဆိုင္ကယ္ေပၚပါ ၁ ဦးေသဆံုး၊ ၁ ဦးဒဏ္ရာရရွိ

ပဲခူးတိုင္းေဒသႀကီး၊ သာယာ၀တီၿမိဳ႕နယ္တြင္ ရထားသံလမ္းျဖတ္ကူးလာသည့္ဆိုင္ကယ္ႏွင့္ ရထားတို႔ တိုက္မိရာမွ ဆိုင္ကယ္ေမာင္းႏွင္သူေသဆံုးသြားေၾကာင္း သတင္းရရွိသည္။

ရထားကို၀င္တုိက္သည့္ ဆိုင္ကယ္ေပၚပါ ၁ ဦးေသဆံုး၊ ၁ ဦးဒဏ္ရာရရွိ


ျဖစ္စဥ္မွာ သာယာ၀တီၿမိဳ႕နယ္၊ သံုးဆယ္ၿမိဳ႕ရွိ ငျဖဴကေလးဘူတာႏွင့္သံုးဆယ္ဘူတာၾကား မိုင္တိုင္ ၆၃/ ၁၀ - ၁၁ ၾကား၌ ဇြန္လ ၁၁ ရက္၊ ယေန႔နံနက္ ၉ နာရီေက်ာ္က ဆိုင္ကယ္ႏွင့္ရထားတို႔တိုက္မိမႈေၾကာင့္ လူတစ္ဦးေသဆံုးေၾကာင္းသတင္းရရွိသျဖင့္ တာ၀န္ရိွသူမ်ားက သြားေရာက္စစ္ေဆးခဲ့ၾကသည္။
စစ္ေဆးခ်က္အရ သံုးဆယ္ၿမိဳ႕နယ္၊ ကြင္းႀကီးေက်းရြာေန ေဇာ္မ်ိဳးေအာင္၊ (၃၀)ႏွစ္သည္ တစ္ရြာတည္းေန ေဒၚလွျမင့္၊ (၅၆)ႏွစ္ကိုတင္ေဆာင္၍ဆိုင္ကယ္ေမာင္းႏွင္လာစဥ္ အခင္းျဖစ္ေနရာရွိ ရထားသံလမ္းကို ကူးသြားခဲ့ျခင္းျဖစ္ေၾကာင္း ရဲစစ္ေဆးခ်က္အရသိရသည္။
ထိုစဥ္ ရန္ကုန္ၿမိဳ႕၊ ၾကည့္ျမင္တိုင္ဘူတာမွထြက္ခြာလာသည့္ အမွတ္(၆၉)အဆန္ရထားစက္ေခါင္းအမွတ္ DF – 1618 စက္ေခါင္းေမာင္း ဦးျမင့္စိုးေမာင္းႏွင္လာသည့္ ရထားႏွင့္တိုက္မိသြားခဲ့သျဖင့္ ေဇာ္မ်ိဳးေအာင္မွာ နားႏွစ္ဘက္ႏွင့္ ႏွာေခါင္းမ်ားတို႔၌ေသြးထြက္ဒဏ္ရာမ်ားရရွိကာ ေနရာတြင္ပြဲခ်င္းၿပီးေသဆံုးသြားၿပီး ေဒၚလွျမင့္မွာ ခါးရိုးက်ိဳးသည့္ျပင္းထန္ဒဏ္ရာရရွိသြားသျဖင့္ ၎တို႔ကိုသာယာ၀တီျပည္သူ႔ေဆးရံုသို႔ တင္ပို႔ေပးခဲ့ၾကသည္။
ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ ဆိုင္ကယ္ကိုေပါ့ဆစြာေမာင္းႏွင္သည့္ ေသဆံုုးသူ ေဇာ္မ်ိဳးေအာင္၊ (၃၀)ႏွစ္ကို အေရးယူေပးရန္သံုးဆယ္ဘူတာႀကီးရံုပိုင္က တရားလိုျပဳလုပ္တိုင္တန္းေသာေၾကာင့္ ေသမႈေသခင္း အမွတ္စဥ္ (၇/၂၀၁၉)ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သတင္းရရွိသည္။

- ဒါးဇ(အကုန္သိသတင္းဌာန)

Unicode Version

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တွင် ရထားသံလမ်းဖြတ်ကူးလာသည့်ဆိုင်ကယ်နှင့် ရထားတို့ တိုက်မိရာမှ ဆိုင်ကယ်မောင်းနှင်သူသေဆုံးသွားကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ရှိ ငဖြူကလေးဘူတာနှင့်သုံးဆယ်ဘူတာကြား မိုင်တိုင် ၆၃/ ၁၀ - ၁၁ ကြား၌ ဇွန်လ ၁၁ ရက်၊ ယနေ့နံနက် ၉ နာရီကျော်က ဆိုင်ကယ်နှင့်ရထားတို့တိုက်မိမှုကြောင့် လူတစ်ဦးသေဆုံးကြောင်းသတင်းရရှိသဖြင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြသည်။
စစ်ဆေးချက်အရ သုံးဆယ်မြို့နယ်၊ ကွင်းကြီးကျေးရွာနေ ဇော်မျိုးအောင်၊ (၃၀)နှစ်သည် တစ်ရွာတည်းနေ ဒေါ်လှမြင့်၊ (၅၆)နှစ်ကိုတင်ဆောင်၍ဆိုင်ကယ်မောင်းနှင်လာစဉ် အခင်းဖြစ်နေရာရှိ ရထားသံလမ်းကို ကူးသွားခဲ့ခြင်းဖြစ်ကြောင်း ရဲစစ်ဆေးချက်အရသိရသည်။
ထိုစဉ် ရန်ကုန်မြို့၊ ကြည့်မြင်တိုင်ဘူတာမှထွက်ခွာလာသည့် အမှတ်(၆၉)အဆန်ရထားစက်ခေါင်းအမှတ် DF – 1618 စက်ခေါင်းမောင်း ဦးမြင့်စိုးမောင်းနှင်လာသည့် ရထားနှင့်တိုက်မိသွားခဲ့သဖြင့် ဇော်မျိုးအောင်မှာ နားနှစ်ဘက်နှင့် နှာခေါင်းများတို့၌သွေးထွက်ဒဏ်ရာများရရှိကာ နေရာတွင်ပွဲချင်းပြီးသေဆုံးသွားပြီး ဒေါ်လှမြင့်မှာ ခါးရိုးကျိုးသည့်ပြင်းထန်ဒဏ်ရာရရှိသွားသဖြင့် ၎င်းတို့ကိုသာယာဝတီပြည်သူ့ဆေးရုံသို့ တင်ပို့ပေးခဲ့ကြသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဆိုင်ကယ်ကိုပေါ့ဆစွာမောင်းနှင်သည့် သေဆုံးသူ ဇော်မျိုးအောင်၊ (၃၀)နှစ်ကို အရေးယူပေးရန်သုံးဆယ်ဘူတာကြီးရုံပိုင်က တရားလိုပြုလုပ်တိုင်တန်းသောကြောင့် သေမှုသေခင်း အမှတ်စဉ် (၇/၂၀၁၉)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။

- ဒါးဇ(အကုန်သိသတင်းဌာန)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။