Skip to main content
စင္ကာပူေဒၚလာ ၅၀ တန္နဲ ့၁၀၀ တန္ေတြ အတုထြက္ေပၚေနလုိ ့ သတိထားၾကဖုိ ့ စင္ကာပူ ရဲတပ္ဖြဲ ့ သတိေပး
Ads Block

စင္ကာပူေဒၚလာ ၅၀ တန္နဲ ့၁၀၀ တန္ေတြ အတုထြက္ေပၚေနလုိ ့ သတိထားၾကဖုိ ့ စင္ကာပူ ရဲတပ္ဖြဲ ့ သတိေပး

အမ်ဳိးသား သုံးဦးကုိ ေငြအတုေတြ ကုိင္ေဆာင္သုံးစြဲမႈနဲ ့ ဖမ္းဆီး စြဲခ်က္တင္ခဲ့ၿပီးေနာက္ စင္ကာပူေဒၚလာအတုေတြေပၚေပါက္ေနတာနဲ ့ပတ္သက္လုိ ့ သတိထားၾကဖုိ ့ စင္ကာပူရဲတပ္ဖြဲ ့က ဇြန္ ၁၁ ရက္ေန ့မွာ အမ်ားျပည္သူကုိ ႏႈိးေဆာ္ခဲ့ပါတယ္။ ၂၄ နာရီဖြင့္ စတုိးဆုိင္ေတြ၊ စားေသာက္ဆုိင္ေတြနဲ ့ လက္လီအေရာင္းဆုိင္ငယ္ေလးေတြမွာ စင္ကာပူေဒၚလာ ၁၀၀နဲ ့၅၀ တန္ အတုေတြ သုံးစြဲ၀ယ္ယူခဲ့တယ္ဆုိတဲ့ သတင္းမ်ားစြာ ရရွိထားေၾကာင္း အာဏာပုိင္ေတြက ေျပာဆုိခဲ့ပါတယ္။ ယင္း ေငြအတုေတြဟာ မိတၱဴကူးျပန္ထုတ္ထားတာလုိ ့ ယုံၾကည္ရကာ ေငြစကၠဴအစစ္ေတြမွာ ေတြ ့ရတဲ့ ေရစာနဲ ့လုံၿခဳံေရးႀကိဳးလုိမ်ဳိး လုံၿခဳံေရးအမွတ္အသားေတြ မပါရွိေၾကာင္း ရဲတပ္ဖြဲ ့က ထုတ္ျပန္ပါတယ္။ အခ်ဳိ ့ေငြစကၠဴအတုေတြရဲ႕ kinegram သုိ ့မဟုတ္ ၈ ေထာင့္ပုံကုလားေရႊအမွတ္အသားဟာ ေငြစကၠဴအစစ္ေတြနဲ ့ သိသိသာသာ ကြဲျပားမႈရွိေၾကာင္းလည္း ရဲတပ္ဖြဲ ့က ေျပာဆုိပါတယ္။ ေငြစကၠဴအတုျပဳလုပ္မႈဆုိင္ရာ စြဲခ်က္ေတြနဲ ့အသက္ ၂၅ ႏွစ္နဲ ့ ၂၉ ႏွစ္အၾကား အမ်ဳိးသား သုံးဦးကုိ ဖမ္းဆီးထားေၾကာင္း အာဏာပုိင္ေတြက ေျပာဆုိပါတယ္။ ၄င္းတုိ ့ဟာ ေမ ၂၅ ရက္နဲ ့ ဇြန္လ ၄ ရက္ေန ့အၾကား ေငြစကၠဴအတုေတြ သုံးစြဲခဲ့တာလုိ ့လည္း သိရပါတယ္။ လူထုအေနနဲ ့အတုလုိ ့ သံသယရွိတဲ့ ေငြစကၠဴေတြ လက္ခံရရွိတာနဲ ့ရဲတပ္ဖြဲ ့ထံ အေၾကာင္းၾကားဖုိ ့ ရဲတပ္ဖြဲ ့က ေဆာ္ၾသခဲ့ပါတယ္။ စင္ကာပူႏုိင္ငံမွာ မည္သူမဆုိ ေငြစကၠဴအတုေတြ သုံးစြဲေၾကာင္း ျပစ္မႈထင္ရွားစီရင္ခံရပါက ေငြဒဏ္နဲ ့ ေထာင္ဒဏ္ ႏွစ္ ၂၀ အထိ က်ခံရႏုိင္ကာ ေငြစကၠဴအတု လက္၀ယ္ေတြ ့ရွိခဲ့ပါက ေထာင္ဒဏ္ ၁၅ အထိ က်ခံရႏုိင္ေၾကာင္း သိရပါတယ္။

- ကုိလင္း(အကုန္သိ သတင္းဌာန) | Ref : CNA

 

Unicode Version

 

အမျိုးသား သုံးဦးကို ငွေအတုတွေ ကိုင်ဆောင်သုံးစွဲမှုနဲ့ ဖမ်းဆီး စွဲချက်တင်ခဲ့ပြီးနောက် စင်ကာပူဒေါ်လာအတုတွေပေါ်ပေါက်နေတာနဲ့ပတ်သက်လို့ သတိထားကြဖို့ စင်ကာပူရဲတပ်ဖွဲ့က ဇွန် ၁၁ ရက်နေ့မှာ အများပြည်သူကို နှိုးဆော်ခဲ့ပါတယ်။
၂၄ နာရီဖွင့် စတိုးဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ လက်လီအရောင်းဆိုင်ငယ်လေးတွေမှာ စင်ကာပူဒေါ်လာ ၁၀၀နဲ့၅၀ တန် အတုတွေ သုံးစွဲဝယ်ယူခဲ့တယ်ဆိုတဲ့ သတင်းများစွာ ရရှိထားကြောင်း အာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။ ယင်း ငွေအတုတွေဟာ မိတ္တူကူးပြန်ထုတ်ထားတာလို့ ယုံကြည်ရကာ ငွေစက္ကူအစစ်တွေမှာ တွေ့ရတဲ့ ရေစာနဲ့လုံခြုံရေးကြိုးလိုမျိုး လုံခြုံရေးအမှတ်အသားတွေ မပါရှိကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ အချို့ငွေစက္ကူအတုတွေရဲ့ kinegram သို့မဟုတ် ၈ ထောင့်ပုံကုလားရွှေအမှတ်အသားဟာ ငွေစက္ကူအစစ်တွေနဲ့ သိသိသာသာ ကွဲပြားမှုရှိကြောင်းလည်း ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။
ငွေစက္ကူအတုပြုလုပ်မှုဆိုင်ရာ စွဲချက်တွေနဲ့အသက် ၂၅ နှစ်နဲ့ ၂၉ နှစ်အကြား အမျိုးသား သုံးဦးကို ဖမ်းဆီးထားကြောင်း အာဏာပိုင်တွေက ပြောဆိုပါတယ်။ ၎င်းတို့ဟာ မေ ၂၅ ရက်နဲ့ ဇွန်လ ၄ ရက်နေ့အကြား ငွေစက္ကူအတုတွေ သုံးစွဲခဲ့တာလို့လည်း သိရပါတယ်။
လူထုအနေနဲ့အတုလို့ သံသယရှိတဲ့ ငွေစက္ကူတွေ လက်ခံရရှိတာနဲ့ရဲတပ်ဖွဲ့ထံ အကြောင်းကြားဖို့ ရဲတပ်ဖွဲ့က ဆော်သြခဲ့ပါတယ်။ စင်ကာပူနိုင်ငံမှာ မည်သူမဆို ငွေစက္ကူအတုတွေ သုံးစွဲကြောင်း ပြစ်မှုထင်ရှားစီရင်ခံရပါက ငွေဒဏ်နဲ့ ထောင်ဒဏ် နှစ် ၂၀ အထိ ကျခံရနိုင်ကာ ငွေစက္ကူအတု လက်ဝယ်တွေ့ရှိခဲ့ပါက ထောင်ဒဏ် ၁၅ အထိ ကျခံရနိုင်ကြောင်း သိရပါတယ်။

- ကိုလင်း(အကုန်သိ သတင်းဌာန) | Ref : CNA

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။