Skip to main content
ပတၱရားမွာ မိန္းကေလးသုံးေယာက္စီးလာတဲ့ ဆုိင္ကယ္ ရႊံ ့ေျမာင္းထဲျပဳတ္က်
Ads Block

ပတၱရားမွာ မိန္းကေလးသုံးေယာက္စီးလာတဲ့ ဆုိင္ကယ္ ရႊံ ့ေျမာင္းထဲျပဳတ္က်

ထုိင္းႏုိင္ငံ ပတၱရားၿမိဳ႕မွာ တနဂၤေႏြေန႔မနက္ ၂ နာရီေလာက္က ဆိုင္ကယ္တစ္စီး ရြံ႕ေျမာင္းထဲ က်သြားခဲ့ၿပီး စီးနင္းလိုက္ပါလာတဲ့ ဆယ္ေက်ာ္သက္ ေကာင္မေလးသံုးဦး ထိုက္ခိုက္ဒဏ္ရာရွိခဲ့ကာ ႏွစ္ဦးမွာဒဏ္ရာျပင္းထန္ေၾကာင္းသိရပါတယ္။ အခင္းျဖစ္ပြားရာေနရာကုိ ကယ္ဆယ္ေရးေတြ ေရာက္လာခဲ့ၿပီး ဒဏ္ရာျပင္းထန္သူႏွစ္ဦးကို Pattaya Memorial ေဆးရံုသို႔ အေရးေပၚခ်က္ခ်င္းပို႔ေဆာင္ခဲ့ပါတယ္။ ေနာက္တစ္ေယာက္ကိုလည္း ေဆးစစ္ခ်က္ေတြလုပ္ဖို႔ ေဆးရံုကို ပို႔ေဆာင္ခဲ့ပါတယ္။ အနက္ ၆ ေပေက်ာ္နဲ ့၉ ေပေက်ာ္ရွည္တဲ့ အဆိုပါ ေျမာင္းမွာ ပလက္စတစ္ နဲ႔သာ ပိတ္ထားတာျဖစ္ၿပီး အနီးတစ္၀ိုက္မွာ အလင္းေရာင္လည္း မရွိပါဘူး။ အဏာပိုင္ေတြကေတာ့ အခုခ်ိန္ထိ လာေရာက္ျပင္ဆင္ျခင္းေတြမရွိေသးတဲ့အတြက္ မေတာ္တစ္ဆမႈေတြ မၾကာခဏျဖစ္တတ္ၿပီး ေသမင္းေထာင္ေခ်ာက္လို႔ေတာင္ ေျပာၾကတယ္လို႔ မ်က္ျမင္သက္ေသတစ္ဦးကေျပာပါတယ္။ အခင္းျဖစ္စဥ္ကုိ လာေရာက္ကူညီသူတစ္ေယာက္က ရႊံ႕ေျမာင္းထဲကို ခုန္ဆင္းၿပီး ဆိုင္ကယ္ကို ဆယ္ယူေပးခဲ့တယ္လုိ ့ သိရပါတယ္။

- ေမ (အကုန္သိ သတင္းဌာန) | Ref : The Nation

Unicode Version

 

ထိုင်းနိုင်ငံ ပတ္တရားမြို့မှာ တနင်္ဂနွေနေ့မနက် ၂ နာရီလောက်က ဆိုင်ကယ်တစ်စီး ရွံ့မြောင်းထဲ ကျသွားခဲ့ပြီး စီးနင်းလိုက်ပါလာတဲ့ ဆယ်ကျော်သက် ကောင်မလေးသုံးဦး ထိုက်ခိုက်ဒဏ်ရာရှိခဲ့ကာ နှစ်ဦးမှာဒဏ်ရာပြင်းထန်ကြောင်းသိရပါတယ်။
အခင်းဖြစ်ပွားရာနေရာကို ကယ်ဆယ်ရေးတွေ ရောက်လာခဲ့ပြီး ဒဏ်ရာပြင်းထန်သူနှစ်ဦးကို Pattaya Memorial ဆေးရုံသို့ အရေးပေါ်ချက်ချင်းပို့ဆောင်ခဲ့ပါတယ်။ နောက်တစ်ယောက်ကိုလည်း ဆေးစစ်ချက်တွေလုပ်ဖို့ ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။
အနက် ၆ ပေကျော်နဲ့၉ ပေကျော်ရှည်တဲ့ အဆိုပါ မြောင်းမှာ ပလက်စတစ် နဲ့သာ ပိတ်ထားတာဖြစ်ပြီး အနီးတစ်ဝိုက်မှာ အလင်းရောင်လည်း မရှိပါဘူး။ အဏာပိုင်တွေကတော့ အခုချိန်ထိ လာရောက်ပြင်ဆင်ခြင်းတွေမရှိသေးတဲ့အတွက် မတော်တစ်ဆမှုတွေ မကြာခဏဖြစ်တတ်ပြီး သေမင်းထောင်ချောက်လို့တောင် ပြောကြတယ်လို့ မျက်မြင်သက်သေတစ်ဦးကပြောပါတယ်။
အခင်းဖြစ်စဉ်ကို လာရောက်ကူညီသူတစ်ယောက်က ရွှံ့မြောင်းထဲကို ခုန်ဆင်းပြီး ဆိုင်ကယ်ကို ဆယ်ယူပေးခဲ့တယ်လို့ သိရပါတယ်။

- မေ (အကုန်သိ သတင်းဌာန) | Ref : The Nation

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။