Skip to main content
သီရိိလကၤာတြင္ အီစတာေန႔ဗုံးခြဲမႈေနာက္ပုိင္း ဟုိတယ္အခ်ိဳ႕မွာ တည္းခုိခမ်ား ထက္ဝက္အထိ ေလ်ာ့က်
Ads Block

သီရိိလကၤာတြင္ အီစတာေန႔ဗုံးခြဲမႈေနာက္ပုိင္း ဟုိတယ္အခ်ိဳ႕မွာ တည္းခုိခမ်ား ထက္ဝက္အထိ ေလ်ာ့က်

သီရိလကၤာမွာ အီစတာဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီးေနာက္ပုိင္း ကမာၻလွည့္ခရီးသြားလုပ္ငန္း က်ဆင္းသြားခဲ့တာကုိ ျပန္လည္ျမွင္တင္တဲ့အေနနဲ ့ဟုိတယ္တည္းခုိခေတြကုိ သိသိသာသာေလွ်ာ့ခ်ၿပီး ဝန္ေဆာင္မႈေတြလည္း တုိးႁမွင့္ျဖည့္ဆည္းေပးေနေၾကာင္း ဇြန္ ၁၁ ရက္ေန႔ သတင္းအရ သိရပါတယ္။
ကမာၻလွည့္ခရီးသြားက႑ဟာ သီရိလကၤာအတြက္ GDP ရဲ႕ ၅ ရာခုိင္ႏႈန္းခန္႔အထိ ႀကီးမား၊ အေရးပါေပမဲ့ ဧၿပီ ၂၁ ရက္ေန႔ အၾကမ္းဖက္ဗုံးခြဲမႈ ျဖစ္ပြားခဲ့ၿပီးေနာက္ပုိင္းမွာေတာ့ လာေရာက္လည္ပတ္သူ က်ဆင္းသြားခဲ့ရာ ယခုအခ်ိန္အထိ ေကာင္းစြာ နလန္မထူႏုိင္ေသးပါဘူး။
၄င္းအၾကမ္းဖက္တုိက္ခုိက္မႈမွာ ဇိမ္ခံဟုိတယ္ ၃ ခုလည္း တုိက္ခုိက္ခံခဲ့ရၿပီး စုစုေပါင္း လူ ၂၅၀ ေသဆုံးခဲ့ရပါတယ္။

သီရိိလကၤာတြင္ အီစတာေန႔ဗုံးခြဲမႈေနာက္ပုိင္း ဟုိတယ္အခ်ိဳ႕မွာ တည္းခုိခမ်ား ထက္ဝက္အထိ ေလ်ာ့က်

ထုိျဖစ္ရပ္ေၾကာင့္ ကမာၻ႔ႏုိင္ငံအမ်ားစုဟာ ၄င္းတုိ႔ျပည္သူမ်ား သီရိလကၤာႏုိင္ငံသုိ႔ သြားေရာက္လည္ပတ္ျခင္းအေပၚ သတိေပးႏႈိးေဆာ္ခ်က္ထုတ္ျပန္ခဲ့ပါတယ္။ ထုိသတိေပးခ်က္ေတြအျပင္ မုတ္သုံရာသီ စတင္လာၿပီျဖစ္တာေၾကာင့္ ကမာၻလွည့္ခရီးသည္လာေရာက္မႈႏႈန္းဟာ သိသိသာသာ တုိးမလာေသးပါဘူး။
ထုိ႔အတြက္ သိရီလကၤာအစုိးရဟာ ႏုိင္ငံတကာအားကစားၿပိဳင္ပြဲအခ်ိဳ႕ကုိ အိမ္ရွင္အျဖစ္ လက္ခံက်င္းပေပးေနတဲ့အျပင္ ဟုိတယ္မ်ားအတြက္ အနိမ့္ဆုံးတည္းခုိခ သတ္မွတ္ခ်က္စံႏႈန္းကုိလည္း ဆုိင္းငံ့ေပးထားပါတယ္။ သုိ႔ျဖစ္ရာ ဟုိတယ္အခ်ိဳ႕ဆုိလွ်င္ တည္းခုိခကုိ ထက္ဝက္အထိ ေလွ်ာ့ခ်ေပးၿပီး မနက္စာပါ အခမဲ့ ေကၽြးေနေၾကာင္း သိရပါတယ္။ တုိးရစ္ေၾကး သီးသန္႔မယူေတာ့ ဟုိတယ္ေတြ ၊ ေဒၚလာ ၂၀၀ ျဖင့္ ၆ ည တည္းခုိႏုိင္တဲ့ ဟုိတယ္ေတြလည္း ရွိတဲ့အျပင္ တုိးဂုိက္အဖြဲ႕ေတြဆုိလွ်င္လည္း ေလဆိပ္မွာ အခမဲ့ လာႀကိဳေပးၾကတယ္လုိ႔ ဆုိပါတယ္။
လက္ရွိ သီရိလကၤာမွာ ကမာၻလွည့္ခရီးသည္ေပါင္း ၁,၅၀၀ ခန္႔ ရွိေနရာ ၄င္းပမာဏဟာ ဧၿပီ ၂၁ ရက္ေန႔ ျဖစ္ရပ္ေနာက္ပုိင္းမွာ က်ဆင္းသြားခဲ့တဲ့ အေယာက္ ၁,၀၀၀ ဦးေရထက္ေတာ့ တုိးလာေပမဲ့ လြန္ခဲ့တဲ့ႏွစ္ရဲ႕ပ်မ္းမွ်ဦးေရ ၄,၅၀၀ ထက္ေတာ့ အလြန္နည္းေနပါေသးတယ္။ လာမယ့္လေတြအတြက္ ဘုိကင္ရရွိႏႈန္းဟာလည္း ၁၀ ရာခုိင္ႏႈန္းသာ ရွိေသးရာ လြန္ခဲ့တဲ့ႏွစ္ရဲ႕ ၃၀ ရာခုိင္ႏႈန္းကုိ မျပည့္မီႏုိင္ေသးပါဘူး။

-  ZHO  ( အကုန္သိ သတင္းဌာန ) | Ref : Reuters

Unicode Version

 

သီရိလင်္ကာမှာ အီစတာဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ကျဆင်းသွားခဲ့တာကို ပြန်လည်မြှင်တင်တဲ့အနေနဲ့ဟိုတယ်တည်းခိုခတွေကို သိသိသာသာလျှော့ချပြီး ဝန်ဆောင်မှုတွေလည်း တိုးမြှင့်ဖြည့်ဆည်းပေးနေကြောင်း ဇွန် ၁၁ ရက်နေ့ သတင်းအရ သိရပါတယ်။
ကမ္ဘာလှည့်ခရီးသွားကဏ္ဍဟာ သီရိလင်္ကာအတွက် GDP ရဲ့ ၅ ရာခိုင်နှုန်းခန့်အထိ ကြီးမား၊ အရေးပါပေမဲ့ ဧပြီ ၂၁ ရက်နေ့ အကြမ်းဖက်ဗုံးခွဲမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှာတော့ လာရောက်လည်ပတ်သူ ကျဆင်းသွားခဲ့ရာ ယခုအချိန်အထိ ကောင်းစွာ နလန်မထူနိုင်သေးပါဘူး။
၎င်းအကြမ်းဖက်တိုက်ခိုက်မှုမှာ ဇိမ်ခံဟိုတယ် ၃ ခုလည်း တိုက်ခိုက်ခံခဲ့ရပြီး စုစုပေါင်း လူ ၂၅၀ သေဆုံးခဲ့ရပါတယ်။ ထိုဖြစ်ရပ်ကြောင့် ကမ္ဘာ့နိုင်ငံအများစုဟာ ၎င်းတို့ပြည်သူများ သီရိလင်္ကာနိုင်ငံသို့ သွားရောက်လည်ပတ်ခြင်းအပေါ် သတိပေးနှိုးဆော်ချက်ထုတ်ပြန်ခဲ့ပါတယ်။ ထိုသတိပေးချက်တွေအပြင် မုတ်သုံရာသီ စတင်လာပြီဖြစ်တာကြောင့် ကမ္ဘာလှည့်ခရီးသည်လာရောက်မှုနှုန်းဟာ သိသိသာသာ တိုးမလာသေးပါဘူး။
ထို့အတွက် သိရီလင်္ကာအစိုးရဟာ နိုင်ငံတကာအားကစားပြိုင်ပွဲအချို့ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးနေတဲ့အပြင် ဟိုတယ်များအတွက် အနိမ့်ဆုံးတည်းခိုခ သတ်မှတ်ချက်စံနှုန်းကိုလည်း ဆိုင်းငံ့ပေးထားပါတယ်။ သို့ဖြစ်ရာ ဟိုတယ်အချို့ဆိုလျှင် တည်းခိုခကို ထက်ဝက်အထိ လျှော့ချပေးပြီး မနက်စာပါ အခမဲ့ ကျွေးနေကြောင်း သိရပါတယ်။ တိုးရစ်ကြေး သီးသန့်မယူတော့ ဟိုတယ်တွေ ၊ ဒေါ်လာ ၂၀၀ ဖြင့် ၆ ည တည်းခိုနိုင်တဲ့ ဟိုတယ်တွေလည်း ရှိတဲ့အပြင် တိုးဂိုက်အဖွဲ့တွေဆိုလျှင်လည်း လေဆိပ်မှာ အခမဲ့ လာကြိုပေးကြတယ်လို့ ဆိုပါတယ်။
လက်ရှိ သီရိလင်္ကာမှာ ကမ္ဘာလှည့်ခရီးသည်ပေါင်း ၁,၅၀၀ ခန့် ရှိနေရာ ၎င်းပမာဏဟာ ဧပြီ ၂၁ ရက်နေ့ ဖြစ်ရပ်နောက်ပိုင်းမှာ ကျဆင်းသွားခဲ့တဲ့ အယောက် ၁,၀၀၀ ဦးရေထက်တော့ တိုးလာပေမဲ့ လွန်ခဲ့တဲ့နှစ်ရဲ့ပျမ်းမျှဦးရေ ၄,၅၀၀ ထက်တော့ အလွန်နည်းနေပါသေးတယ်။ လာမယ့်လတွေအတွက် ဘိုကင်ရရှိနှုန်းဟာလည်း ၁၀ ရာခိုင်နှုန်းသာ ရှိသေးရာ လွန်ခဲ့တဲ့နှစ်ရဲ့ ၃၀ ရာခိုင်နှုန်းကို မပြည့်မီနိုင်သေးပါဘူး။

-  ZHO  ( အကုန်သိ သတင်းဌာန )  | Ref : Reuters

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။