Skip to main content
“ ျပည္သူ႔ကိုယ္စားလွယ္ျဖစ္တဲ့အတြက္ ကုိယ့္ကိုျပည္သူခ်စ္ေနရင္ၿပီးတယ္”ဟု ဦးေနမ်ိဳးေအာင္ ေျပာ
Ads Block

“ ျပည္သူ႔ကိုယ္စားလွယ္ျဖစ္တဲ့အတြက္ ကုိယ့္ကိုျပည္သူခ်စ္ေနရင္ၿပီးတယ္”ဟု ဦးေနမ်ိဳးေအာင္ ေျပာ

ျပည္သူ႔ကိုယ္စားလွယ္ျဖစ္သည့္အတြက္ ျပည္သူခ်စ္ပါကေက်နပ္သည္ဟု ျပည္ေထာင္စုၾကံ႕ခုိင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီမွ ဦးေနမ်ိဳးေအာင္က ေျပာသည္။
ဇြန္လ ၁၁ ရက္က ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ အေရးေပၚအစည္းအေဝး(၁/၂၀၁၉) ပထမေန႔ အစည္းအေဝးတက္ေရာက္အၿပီး ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္၏ ခ်မွတ္သည့္အမိန္႔ႏွင့္ပတ္သက္ၿပီး မီဒီယာမ်ားထံ ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။
“ ႏုိင္ျခင္း၊ ရႈံးျခင္းအေပၚမွာအဓိကမထားဘူး။ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ျပန္လာတဲ့ ၃၀ ရက္ ညကလည္း ကိုယ့္ၿမိဳ႕နယ္ကျပည္သူေတြကလည္းလိႈက္လိႈက္လွဲလွဲနဲ႔ ပန္းကံုးေတြစြပ္ၿပီးႀကိဳဆုိၾကတယ္။ ဒါဟာကိုယ့္ရဲ႕ပီတိပဲ။ ျပည္သူ႔ကိုယ္စားလွယ္ျဖစ္တဲ့အတြက္ ကုိယ့္ကိုျပည္သူခ်စ္ေနရင္ၿပီးတယ္။ ေရြးေကာက္ပြဲ ေကာ္မရွင္ ခ်စ္စရာမလုိဘူး။ အျခားၿမိဳ႕နယ္ေတြ အျခားအဖြဲ႔အစည္းေတြခ်စ္စရာမလုိဘူး။ ဆိပ္ကမ္းၿမိဳ႕နယ္ရဲ႕ ကိုယ္စားလွယ္ျဖစ္တဲ့အတြက္ ျပည္သူေတြခ်စ္ေနရင္ေက်နပ္တယ္လုိ႔ ေျပာခ်င္ပါတယ္” ဟု ဦးေနမ်ိဳးေအာင္က ေျပာသည္။
၂၀၁၈ ၾကားျဖတ္ေရြးေကာက္ပြဲတြင္ ေခ်းေငြလုပ္ငန္းေဆာင္ရြက္ျခင္း၊ ဘာသာေရးအေၾကာင္းျပဳၿပီး မဲဆြယ္စည္းရႈံးျခင္းစသည့္တရားမဲ့ျပဳက်င့္သည္ဟု အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ပါတီမွ ဦးသန္းထုိက္ေအာင္က ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္သို႔တုိင္တန္းခဲ့ၿပီး ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္မွ ေမလ ၃၀ ရက္တြင္ ဦးသန္းထုိက္ေအာင္ကိုအႏုိင္ေပးသည့္အမိန္႔ခ်မွတ္ခဲ့သည္။
ဦးေနမ်ိဳးေအာင္မွာ ၂၀၁၁ ခုႏွစ္အေထြေထြေရြးေကာက္ပြဲတြင္ ဆိပ္ကမ္းၿမိဳ႕နယ္မွအႏုိင္ရရွိခဲ့သူျဖစ္ၿပီး ၂၀၁၅ အေထြေထြေရြးေကာက္ပြဲတြင္ ရံႈးနိမ့္ကာ ၂၀၁၈ ၾကားျဖတ္ေရြးေကာက္ပြဲတြင္ ျပန္လည္အႏုိင္ရရွိခဲ့ေသာ္လည္း ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္၏ဆံုးျဖတ္ခ်က္အရ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္မွ ျပန္လည္ ရႈံးနိမ့္ခဲ့သူျဖစ္သည္။
အဆုိပါရႈံးနိမ့္မႈႏွင့္ပတ္သက္ၿပီး ဦးေနမ်ိဳးေအာင္မွ ျပည္ေထာင္စုေရြးေကာက္ပြဲရွင္သုိ႔ အယူခံဆက္လက္ တက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

-  ခ်မ္းၿငိမ္း ( အကုန္သိသတင္းဌာန )

Unicode Version

 

ပြည်သူ့ကိုယ်စားလှယ်ဖြစ်သည့်အတွက် ပြည်သူချစ်ပါကကျေနပ်သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးနေမျိုးအောင်က ပြောသည်။
ဇွန်လ ၁၁ ရက်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၁၉) ပထမနေ့ အစည်းအဝေးတက်ရောက်အပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ချမှတ်သည့်အမိန့်နှင့်ပတ်သက်ပြီး မီဒီယာများထံ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ နိုင်ခြင်း၊ ရှုံးခြင်းအပေါ်မှာအဓိကမထားဘူး။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြန်လာတဲ့ ၃၀ ရက် ညကလည်း ကိုယ့်မြို့နယ်ကပြည်သူတွေကလည်းလှိုက်လှိုက်လှဲလှဲနဲ့ ပန်းကုံးတွေစွပ်ပြီးကြိုဆိုကြတယ်။ ဒါဟာကိုယ့်ရဲ့ပီတိပဲ။ ပြည်သူ့ကိုယ်စားလှယ်ဖြစ်တဲ့အတွက် ကိုယ့်ကိုပြည်သူချစ်နေရင်ပြီးတယ်။ ရွေးကောက်ပွဲ ကော်မရှင် ချစ်စရာမလိုဘူး။ အခြားမြို့နယ်တွေ အခြားအဖွဲ့အစည်းတွေချစ်စရာမလိုဘူး။ ဆိပ်ကမ်းမြို့နယ်ရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့အတွက် ပြည်သူတွေချစ်နေရင်ကျေနပ်တယ်လို့ ပြောချင်ပါတယ်” ဟု ဦးနေမျိုးအောင်က ပြောသည်။
၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ချေးငွေလုပ်ငန်းဆောင်ရွက်ခြင်း၊ ဘာသာရေးအကြောင်းပြုပြီး မဲဆွယ်စည်းရှုံးခြင်းစသည့်တရားမဲ့ပြုကျင့်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးသန်းထိုက်အောင်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့တိုင်တန်းခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မေလ ၃၀ ရက်တွင် ဦးသန်းထိုက်အောင်ကိုအနိုင်ပေးသည့်အမိန့်ချမှတ်ခဲ့သည်။
ဦးနေမျိုးအောင်မှာ ၂၀၁၁ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ဆိပ်ကမ်းမြို့နယ်မှအနိုင်ရရှိခဲ့သူဖြစ်ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရှုံးနိမ့်ကာ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြန်လည်အနိုင်ရရှိခဲ့သော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ဆုံးဖြတ်ချက်အရ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပြန်လည် ရှုံးနိမ့်ခဲ့သူဖြစ်သည်။
အဆိုပါရှုံးနိမ့်မှုနှင့်ပတ်သက်ပြီး ဦးနေမျိုးအောင်မှ ပြည်ထောင်စုရွေးကောက်ပွဲရှင်သို့ အယူခံဆက်လက် တက်သွားမည်ဖြစ်ကြောင်း သိရသည်။

-  ချမ်းငြိမ်း ( အကုန်သိသတင်းဌာန )

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။