Skip to main content
ကရင္ျပည္နယ္အတြင္း ဆရာေတာ္ ၀ီရသူေရာက္ရွိေနဆိုျခင္းႏွင့္ပတ္သက္၍ အတည္ႏုိင္ျခင္းမရွိေသးဟု ျပည္နယ္ရဲမွဴး ေျပာ
Ads Block

ကရင္ျပည္နယ္အတြင္း ဆရာေတာ္ ၀ီရသူေရာက္ရွိေနဆိုျခင္းႏွင့္ပတ္သက္၍ အတည္ႏုိင္ျခင္းမရွိေသးဟု ျပည္နယ္ရဲမွဴး ေျပာ


ဆရာေတာ္ဝီရသူ ကရင္ျပည္နယ္သို႔ ေရာက္ရွိေနသည္ဆိုေသာသတင္းမ်ားႏွင့္ပတ္သက္၍ အတည္ျပဳႏုိင္ျခင္း မရွိေသးဘဲ လက္ရွိတြင္ စံုစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္ေနေၾကာင္း ကရင္ျပည္နယ္ ရဲတပ္ဖြဲ႕မွဴးႀကီး ေအာင္ျမတ္မိုးက ေျပာသည္။
လက္ရွိတြင္ ဘားအံၿမိဳ႕မွ ထိုင္း- ျမန္မာနယ္စပ္၊ ျမဝတီၿမိဳ႕အထိ ရဲတပ္ဖြဲ႕လုံျခံဳေရးတိုးျမႇင့္ခ်ထားကာ ရန္ကုန္ဘက္မွ ထြက္ခြာ၍ ကရင္ျပည္နယ္အတြင္းသို႔ဝင္ေရာက္လာေသာ ကားမ်ားကိုလည္း ရွာေဖြစစ္ေဆးေရး ဆက္လက္တိုးျမႇင့္လုပ္ေဆာင္ေနေၾကာင္း သိရသည္။
“ လက္ရွိအေျခအေနအရ တရားခံေျပးေတြ ဒီဘက္ေျပးလာတယ္ဆိုတဲ့သတင္းေတြနဲ႔ ပတ္သက္လို႕ အတည္ျပဳႏိုင္ျခင္းမရွိေသးပါဘူး။ မႏၲေလးဘက္ကလည္း ဒီဘက္ကရင္ျပည္နယ္ ဆင္းလာတယ္ ေျပာတယ္။ ရန္ကုန္ဘက္ကလည္း ဒီဘက္ဆင္းလာတယ္ ေျပာတယ္။ အဲဒီဆင္းလာတယ္ဆိုတဲ့ အခ်က္အလက္ တိတိပပမရွိဘူး။ ကရင္ျပည္နယ္အတြင္းမွာလည္း က်ေနာ္တို႔လိုက္စုံစမ္းၾကည့္ပါတယ္။ ဘယ္အဖြဲ႕အစည္းအတြင္းမွာ ရွိေနပါတယ္ဆိုတာ အခုခ်ိန္ထိ အတည္ျပဳလို႔မရေသးပါဘူး။ အခု ရွာေဖြစစ္ေဆးတာေတြ ဆက္လုပ္ေနဦးမွာပါ။ ေရွာင္တခင္စစ္ေဆးတာေတြ၊ ပုံမွန္စစ္ေဆးတာေတြ ေစာင့္ၾကည့္တာေတြကေတာ့ ဆက္လုပ္ေနဦးမွာပါ” ဟု ကရင္ျပည္နယ္ ရဲတပ္ဖြဲ႕မွဴးႀကီး ေအာင္ျမတ္မိုးက ေျပာသည္။
လက္ရွိတြင္ ဆရာေတာ္ဝီရသူသည္ ၄င္း၏ VK Account မွတစ္ဆင့္ ရုပ္သံဖိုင္မ်ား ထုတ္လႊင့္ေျပာဆိုမႈမ်ား ရွိေနၿပီး ၎အားေထာက္ခံသည့္အဖြဲ႕မ်ားမွ ကရင္ျပည္နယ္အတြင္း ေအးခ်မ္းစြာေရာက္ရွိေနေၾကာင္း Facebook စာမ်က္ႏွာမ်ားတြင္ ေရးသားေဖာ္ျပမႈမ်ားရွိေနသည္။
ၿပီးခဲ့ေသာ ဇြန္လ ၁၀ ရက္က ဦးဝီရသူေဘးအႏၲရာယ္ကင္းေဝးေစေရး အင္အားျပစီတန္းလွည့္လည္ကာ ဆုေတာင္းခဲ့ၾကသည့္ သံဃာ ၄ ပါးႏွင့္ လူပုဂၢိဳလ္ ၅ ဦးတို႔အား ဗဟန္းၿမိဳ႕နယ္ရဲစခန္းမွ ၿငိမ္းစုစီပုဒ္မ ၁၉ ျဖင့္ အမႈဖြင့္လွစ္ထားသည္။

- ေစာေဘာသိုလ္ ( အကုန္သိသတင္းဌာန )

Unicode Version


ဆရာတော်ဝီရသူ ကရင်ပြည်နယ်သို့ ရောက်ရှိနေသည်ဆိုသောသတင်းများနှင့်ပတ်သက်၍ အတည်ပြုနိုင်ခြင်း မရှိသေးဘဲ လက်ရှိတွင် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးကြီး အောင်မြတ်မိုးက ပြောသည်။
လက်ရှိတွင် ဘားအံမြို့မှ ထိုင်း- မြန်မာနယ်စပ်၊ မြဝတီမြို့အထိ ရဲတပ်ဖွဲ့လုံခြုံရေးတိုးမြှင့်ချထားကာ ရန်ကုန်ဘက်မှ ထွက်ခွာ၍ ကရင်ပြည်နယ်အတွင်းသို့ဝင်ရောက်လာသော ကားများကိုလည်း ရှာဖွေစစ်ဆေးရေး ဆက်လက်တိုးမြှင့်လုပ်ဆောင်နေကြောင်း သိရသည်။
“ လက်ရှိအခြေအနေအရ တရားခံပြေးတွေ ဒီဘက်ပြေးလာတယ်ဆိုတဲ့သတင်းတွေနဲ့ ပတ်သက်လို့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ မန္တလေးဘက်ကလည်း ဒီဘက်ကရင်ပြည်နယ် ဆင်းလာတယ် ပြောတယ်။ ရန်ကုန်ဘက်ကလည်း ဒီဘက်ဆင်းလာတယ် ပြောတယ်။ အဲဒီဆင်းလာတယ်ဆိုတဲ့ အချက်အလက် တိတိပပမရှိဘူး။ ကရင်ပြည်နယ်အတွင်းမှာလည်း ကျနော်တို့လိုက်စုံစမ်းကြည့်ပါတယ်။ ဘယ်အဖွဲ့အစည်းအတွင်းမှာ ရှိနေပါတယ်ဆိုတာ အခုချိန်ထိ အတည်ပြုလို့မရသေးပါဘူး။ အခု ရှာဖွေစစ်ဆေးတာတွေ ဆက်လုပ်နေဦးမှာပါ။ ရှောင်တခင်စစ်ဆေးတာတွေ၊ ပုံမှန်စစ်ဆေးတာတွေ စောင့်ကြည့်တာတွေကတော့ ဆက်လုပ်နေဦးမှာပါ” ဟု ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးကြီး အောင်မြတ်မိုးက ပြောသည်။
လက်ရှိတွင် ဆရာတော်ဝီရသူသည် ၎င်း၏ VK Account မှတစ်ဆင့် ရုပ်သံဖိုင်များ ထုတ်လွှင့်ပြောဆိုမှုများ ရှိနေပြီး ၎င်းအားထောက်ခံသည့်အဖွဲ့များမှ ကရင်ပြည်နယ်အတွင်း အေးချမ်းစွာရောက်ရှိနေကြောင်း Facebook စာမျက်နှာများတွင် ရေးသားဖော်ပြမှုများရှိနေသည်။
ပြီးခဲ့သော ဇွန်လ ၁၀ ရက်က ဦးဝီရသူဘေးအန္တရာယ်ကင်းဝေးစေရေး အင်အားပြစီတန်းလှည့်လည်ကာ ဆုတောင်းခဲ့ကြသည့် သံဃာ ၄ ပါးနှင့် လူပုဂ္ဂိုလ် ၅ ဦးတို့အား ဗဟန်းမြို့နယ်ရဲစခန်းမှ ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် အမှုဖွင့်လှစ်ထားသည်။

- စောဘောသိုလ် ( အကုန်သိသတင်းဌာန )

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။