Skip to main content
UFC  ႀကိဳး၀ုိင္းတြင္းမွာ ထုိးသတ္ဖုိ ့ တြမ္ခရုစ္ကုိ စိန္ေခၚလုိက္တဲ့ ဂ်က္စတင္ဘီဘာ
Ads Block

UFC ႀကိဳး၀ုိင္းတြင္းမွာ ထုိးသတ္ဖုိ ့ တြမ္ခရုစ္ကုိ စိန္ေခၚလုိက္တဲ့ ဂ်က္စတင္ဘီဘာ

အေမရိကန္ေပါ့ပ္ၾကယ္ပြင့္ တစ္ဦးျဖစ္တဲ့ ဂ်က္စတင္ဘီဘာဟာ အေစာပိုင္းကသူရဲ႕ fan ေတြကို သီခ်င္းအသစ္နဲ႕ပတ္သက္ၿပီး တြစ္တာမွာ ေရးသားထားခဲ့ၿပီး ေနာက္ထပ္ ေရးသားထားတဲ့ အေၾကာင္းအရာေၾကာင့္ fan ေတြ စိတ္ရႈပ္ေထြးသြားခဲ့ရပါတယ္။

UFC  ႀကိဳး၀ုိင္းတြင္းမွာ ထုိးသတ္ဖုိ ့ တြမ္ခရုစ္ကုိ စိန္ေခၚလုိက္တဲ့ ဂ်က္စတင္ဘီဘာ


အဆိုပါ အေၾကာင္းအရာမွာ ၄င္းက နာမည္ေက်ာ္မင္းသား တြမ္ခရုစ္ကို သုိင္းေပါင္းစုံ အတုိက္ၿပိဳင္ပြဲ UFC ႀကိဳး၀ိုင္းထဲမွာ တိုက္ခိုက္ဖို႔ စိန္ေခၚထားတာျဖစ္ၿပီး တကယ္လို႔သာ တြမ္က ေၾကာက္ၿပီး လက္မခံဘူးဆိုရင္ေတာ့ ဘယ္ေတာ့မွ ေခါင္းေဖာ္ႏိုင္မွာဟုတ္ေတာ့ဘူးလို႔လည္း ေရးသားထားခဲ့ပါတယ္။
ဒါ့အျပင္ ဂ်က္စတင္ဘီဘာ နဲ႔ တြမ္ခရုစ္ ရဲ႕ UFC စိန္ေခၚပြဲကို UFC ခ်န္ပီယံ ေကာ္နာမက္ဂရီေဂါက စီစဥ္ေပးမယ္လို႔ ေျပာၾကားလာခဲ့ပါတယ္။
ထိုကဲ့သို႔ စိန္ေခၚထားတဲ့ အေၾကာင္းအရာဟာ လူမႈကြန္ယက္စာမ်က္ႏွာေတြေပၚမွာ ပ်ံ႕ႏွံ႔ခဲ့ၿပီး တြမ္ခရုစ္သာ ဒီစိန္ေခၚပြဲကိုလက္ခံခဲ့ရင္ McGregor Sports and Entertainment ကေန  ပြဲစီစဥ္ေပးမယ္မွာျဖစ္ၿပီး တြမ္ခရုစ္သာရုပ္ရွင္ေတြထဲကလို အၿပီအျပင္ထိုးသတ္မွာလားဆိုတာ အခုကတည္းက ညွိထားဖို႔ ေကာ္နာမက္ဂရီေဂါ က စိတ္အားထက္သက္စြာနဲဲ႔ ျပန္လည္ေရးသားထားခဲ့ပါတယ္။
Fan ေတြကေတာ့ ဘယ္လိုဆက္ျဖစ္မလဲဆိုတာကို ေမွ်ာ္လင့္ေနၾကၿပီး ပရိတ္သတ္တစ္ေယာက္က တြမ္ခရုစ္ဘက္ကေန ေလာင္းမယ္လို႔ေတာင္ ေျပာထားပါေသးတယ္။
Mission: Impossible ရုပ္ရွင္ဇာတ္ကားရဲ႕ မင္းသားျဖစ္တဲ့ အသက္ ၅၆ ႏွစ္အရြယ္ တြမ္ခရု ဟာ ရုပ္ရွင္ေတြအတြက္ စတန္႔ျပကြက္ေတြကို ႏွစ္ေပါင္းမ်ားစြေလ့က်င့္ထားတာမို႔ ဒါေတြဟာ ဂ်က္စတင္ဘီဘာကို တိုက္ခိုက္ႏိုင္ဖို႔ ပိုအခြင့္သာမယ္လို႔ အမ်ားစုက ထင္ေၾကးေပးထားၾကပါတယ္။တစ္ခ်ိဳ႕ကလည္း ထိုကိစၥနဲ႔ ပတ္သတ္ၿပီး အျပဳသေဘာေဆာင္တဲ့ အေတြးမ်ိဳးနဲ႔ ရယ္စရာပံုစံမ်ိဳး ေရးေရးသားထားခဲ့ၾကပါတယ္။

-ေမ(အကုန္သိ သတင္းဌာန) | Ref : Independent

Unicode Version

 

အမေရိကန်ပေါ့ပ်ကြယ်ပွင့် တစ်ဦးဖြစ်တဲ့ ဂျက်စတင်ဘီဘာဟာ အစောပိုင်းကသူရဲ့ fan တွေကို သီချင်းအသစ်နဲ့ပတ်သက်ပြီး တွစ်တာမှာ ရေးသားထားခဲ့ပြီး နောက်ထပ် ရေးသားထားတဲ့ အကြောင်းအရာကြောင့် fan တွေ စိတ်ရှုပ်ထွေးသွားခဲ့ရပါတယ်။
အဆိုပါ အကြောင်းအရာမှာ ၎င်းက နာမည်ကျော်မင်းသား တွမ်ခရုစ်ကို သိုင်းပေါင်းစုံ အတိုက်ပြိုင်ပွဲ UFC ကြိုးဝိုင်းထဲမှာ တိုက်ခိုက်ဖို့ စိန်ခေါ်ထားတာဖြစ်ပြီး တကယ်လို့သာ တွမ်က ကြောက်ပြီး လက်မခံဘူးဆိုရင်တော့ ဘယ်တော့မှ ခေါင်းဖော်နိုင်မှာဟုတ်တော့ဘူးလို့လည်း ရေးသားထားခဲ့ပါတယ်။
ဒါ့အပြင် ဂျက်စတင်ဘီဘာ နဲ့ တွမ်ခရုစ် ရဲ့ UFC စိန်ခေါ်ပွဲကို UFC ချန်ပီယံ ကော်နာမက်ဂရီဂေါက စီစဉ်ပေးမယ်လို့ ပြောကြားလာခဲ့ပါတယ်။
ထိုကဲ့သို့ စိန်ခေါ်ထားတဲ့ အကြောင်းအရာဟာ လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပြီး တွမ်ခရုစ်သာ ဒီစိန်ခေါ်ပွဲကိုလက်ခံခဲ့ရင် McGregor Sports and Entertainment ကနေ  ပွဲစီစဉ်ပေးမယ်မှာဖြစ်ပြီး တွမ်ခရုစ်သာရုပ်ရှင်တွေထဲကလို အပြီအပြင်ထိုးသတ်မှာလားဆိုတာ အခုကတည်းက ညှိထားဖို့ ကော်နာမက်ဂရီဂေါ က စိတ်အားထက်သက်စွာနဲ့ ပြန်လည်ရေးသားထားခဲ့ပါတယ်။
Fan တွေကတော့ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကို မျှော်လင့်နေကြပြီး ပရိတ်သတ်တစ်ယောက်က တွမ်ခရုစ်ဘက်ကနေ လောင်းမယ်လို့တောင် ပြောထားပါသေးတယ်။
Mission: Impossible ရုပ်ရှင်ဇာတ်ကားရဲ့ မင်းသားဖြစ်တဲ့ အသက် ၅၆ နှစ်အရွယ် တွမ်ခရု ဟာ ရုပ်ရှင်တွေအတွက် စတန့်ပြကွက်တွေကို နှစ်ပေါင်းများစွလေ့ကျင့်ထားတာမို့ ဒါတွေဟာ ဂျက်စတင်ဘီဘာကို တိုက်ခိုက်နိုင်ဖို့ ပိုအခွင့်သာမယ်လို့ အများစုက ထင်ကြေးပေးထားကြပါတယ်။တစ်ချို့ကလည်း ထိုကိစ္စနဲ့ ပတ်သတ်ပြီး အပြုသဘောဆောင်တဲ့ အတွေးမျိုးနဲ့ ရယ်စရာပုံစံမျိုး ရေးရေးသားထားခဲ့ကြပါတယ်။

-မေ(အကုန်သိ သတင်းဌာန) | Ref : Independent

 

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။