Skip to main content
ယူ ၂၀ ကမၻာ့ဖလားၿပိဳင္ပြဲကို ျမန္မာႏွင့္ထုိင္းႏုိင္ငံတို႔က ပူးတြဲအိမ္ရွင္အျဖစ္လက္ခံက်င္းပေရး ေလွ်ာက္ထားခဲ့ဟု ဆို
Ads Block

ယူ ၂၀ ကမၻာ့ဖလားၿပိဳင္ပြဲကို ျမန္မာႏွင့္ထုိင္းႏုိင္ငံတို႔က ပူးတြဲအိမ္ရွင္အျဖစ္လက္ခံက်င္းပေရး ေလွ်ာက္ထားခဲ့ဟု ဆို

လာမည့္ ၂၀၂၁ ယူ-၂၀ကမၻာ့ဖလားၿပိဳင္ပြဲကို ျမန္မာႏုိင္ငံႏွင့္ထိုင္းႏုိင္ငံတို႔ ပူးတြဲအိမ္ရွင္အျဖစ္ လက္ခံက်င္းပခြင့္ ရရွိေရး ေလွ်ာက္ထားေၾကာင္း ျမန္မာႏုိင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္ ဥကၠ႒ ဦးေဇာ္ေဇာ္ကေျပာသည္။

ယူ ၂၀ ကမၻာ့ဖလားၿပိဳင္ပြဲကို ျမန္မာႏွင့္ထုိင္းႏုိင္ငံတို႔က ပူးတြဲအိမ္ရွင္အျဖစ္လက္ခံက်င္းပေရး ေလွ်ာက္ထားခဲ့ဟု ဆို


၂၀၂၁ ဖီဖာယူ ၂၀ ကမၻာ့ဖလားကို အိမ္ရွင္အျဖစ္က်င္းပခြင့္ရရွိရန္ ျမန္မာႏွင့္ထိုင္းတို႔က ပူးတြဲက်င္းပရန္ ေလွ်ာက္ထားၿပီး အင္ဒိ္ုနီးရွားႏုိင္ငံတို႔ကလည္း ေလွ်ာက္ထားၾကကာ အေရွ႕အလယ္ပိုင္းေဒသမွ ေဆာ္ဒီအာေရဗ်၊ ဘာရိန္း၊ ယူေအအီးတို႔ကတစ္အုပ္စုအေနျဖင့္ ေလွ်ာက္ထားၾကၿပီး လက္ရွိအခ်ိန္တြင္ ဖီဖာမွ စိစစ္ဆဲအေျခအေနသာရွိေသးေၾကာင္းသိရသည္။
“ကမၻာ့ဖလားလုပ္ဖို႔က ေလွ်ာက္ထားဆဲပဲရွိပါတယ္။ အာရွမွာဒီဟာကို ၀င္ၿပိဳင္ေလွ်ာက္ထားတာ ၃ အုပ္စု ရွိတာေပါ့ေနာ္။ ကၽြန္ေတာ္တို႕ ျမန္မာကထိုင္းနဲ႔၊ ၿပီးေတာ့ အင္ဒိုနီးရွား၊ ဘာရိန္း၊ေဆာ္ဒီနဲ႕ ယူေအအီးတို႔က တစ္အုပ္စုေပါ့။ အဓိကကေတာ့ အခုဖီဖာက အဲဒီႏုိင္ငံေတြရဲ႕အေနအထားေတြကို စစ္ေဆးဆဲပဲရွိပါေသးတယ္။ ၿပီးေတာ့ ဒီကမၻာ့ဖလားက်င္းပခြင့္ရဖို႔က ကြန္ကရက္ကဆံုးျဖတ္မွာမဟုတ္ပါဘူး၊ ေကာင္စီမွာႏုိင္ငံေတြက မဲေပးမွ မဲအမ်ားဆံုးရတဲ့ႏုိင္ငံကမွ က်င္းပခြင့္ရမွာပါ။ အဲဒီေတာ့ တျခားႏုိင္ငံေတြက ကၽြန္ေတာ္တို႔ကို ေလာ္ဘီလုပ္ေပးမွရမွာပါ”ဟု ျမန္မာႏုိင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္ ဥကၠ႒ ဦးေဇာ္ေဇာ္က ေျပာသည္။
ဖီဖာအေနျဖင့္ ကမၻာ့ဖလားက်င္းပပါက ရွိသင့္ရွိထိုက္သည့္အျပင္အဆင္မ်ားႏွင့္ပတ္သက္ၿပီး သက္ဆိုင္ရာ ႏုိင္ငံမ်ားသို႔ အေၾကာင္းၾကားစာမ်ားေပးပို႔ထားေၾကာင္း သိရသည္။
အဆိုပါအေၾကာင္းအရာမ်ားႏွင့္ပတ္သက္ၿပီး သက္ဆုိင္ရာႏုိင္ငံမ်ားမွလာမည့္ ဇြန္လ ၂၁ ရက္တြင္ ေနာက္ဆံုး အေၾကာင္းျပန္ရမည္ျဖစ္ေၾကာင္း သိရသည္။

- ထက္ေ၀လင္း(အကုန္သိသတင္းဌာန)

Unicode Version

 

လာမည့် ၂၀၂၁ ယူ-၂၀ကမ္ဘာ့ဖလားပြိုင်ပွဲကို မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိရေး လျှောက်ထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ကပြောသည်။
၂၀၂၁ ဖီဖာယူ ၂၀ ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ်ကျင်းပခွင့်ရရှိရန် မြန်မာနှင့်ထိုင်းတို့က ပူးတွဲကျင်းပရန် လျှောက်ထားပြီး အင်ဒိုနီးရှားနိုင်ငံတို့ကလည်း လျှောက်ထားကြကာ အရှေ့အလယ်ပိုင်းဒေသမှ ဆော်ဒီအာရေဗျ၊ ဘာရိန်း၊ ယူအေအီးတို့ကတစ်အုပ်စုအနေဖြင့် လျှောက်ထားကြပြီး လက်ရှိအချိန်တွင် ဖီဖာမှ စိစစ်ဆဲအခြေအနေသာရှိသေးကြောင်းသိရသည်။
“ကမ္ဘာ့ဖလားလုပ်ဖို့က လျှောက်ထားဆဲပဲရှိပါတယ်။ အာရှမှာဒီဟာကို ဝင်ပြိုင်လျှောက်ထားတာ ၃ အုပ်စု ရှိတာပေါ့နော်။ ကျွန်တော်တို့ မြန်မာကထိုင်းနဲ့၊ ပြီးတော့ အင်ဒိုနီးရှား၊ ဘာရိန်း၊ဆော်ဒီနဲ့ ယူအေအီးတို့က တစ်အုပ်စုပေါ့။ အဓိကကတော့ အခုဖီဖာက အဲဒီနိုင်ငံတွေရဲ့အနေအထားတွေကို စစ်ဆေးဆဲပဲရှိပါသေးတယ်။ ပြီးတော့ ဒီကမ္ဘာ့ဖလားကျင်းပခွင့်ရဖို့က ကွန်ကရက်ကဆုံးဖြတ်မှာမဟုတ်ပါဘူး၊ ကောင်စီမှာနိုင်ငံတွေက မဲပေးမှ မဲအများဆုံးရတဲ့နိုင်ငံကမှ ကျင်းပခွင့်ရမှာပါ။ အဲဒီတော့ တခြားနိုင်ငံတွေက ကျွန်တော်တို့ကို လော်ဘီလုပ်ပေးမှရမှာပါ”ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောသည်။
ဖီဖာအနေဖြင့် ကမ္ဘာ့ဖလားကျင်းပပါက ရှိသင့်ရှိထိုက်သည့်အပြင်အဆင်များနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ နိုင်ငံများသို့ အကြောင်းကြားစာများပေးပို့ထားကြောင်း သိရသည်။
အဆိုပါအကြောင်းအရာများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာနိုင်ငံများမှလာမည့် ဇွန်လ ၂၁ ရက်တွင် နောက်ဆုံး အကြောင်းပြန်ရမည်ဖြစ်ကြောင်း သိရသည်။

- ထက်ဝေလင်း(အကုန်သိသတင်းဌာန)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။