Skip to main content
ဦးဝီရသူအတြက္ဆုေတာင္းပြဲျပဳလုပ္သည့္ အမ်ဳိးသားေရးဆရာေတာ္ ၄ ပါးႏွင့္ ဝန္းရံသူ ၅ ဦးကို ပုဒ္မ- ၁၉ ျဖင့္ အမႈဖြင့္
Ads Block

ဦးဝီရသူအတြက္ဆုေတာင္းပြဲျပဳလုပ္သည့္ အမ်ဳိးသားေရးဆရာေတာ္ ၄ ပါးႏွင့္ ဝန္းရံသူ ၅ ဦးကို ပုဒ္မ- ၁၉ ျဖင့္ အမႈဖြင့္


ဆရာေတာ္ဦးဝီရသူအတြက္ ဆုေတာင္းပြဲျပဳလုပ္သူ အမ်ဳိးသားေရးဆရာေတာ္ ၄ ပါးႏွင့္ ဝန္းရံသူ ၅ ဦးကို ပုဒ္မ- ၁၉ ျဖင့္ အမႈဖြင့္ခဲ့ၿပီး ယင္းအနက္ ဆရာေတာ္ဦးပညာဝံသကို ဖမ္းဆီးကာ အင္းစိန္ေထာင္သို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။

ဦးဝီရသူအတြက္ဆုေတာင္းပြဲျပဳလုပ္သည့္ အမ်ဳိးသားေရးဆရာေတာ္ ၄ ပါးႏွင့္ ဝန္းရံသူ ၅ ဦးကို ပုဒ္မ- ၁၉ ျဖင့္ အမႈဖြင့္


ဦးဝီရသူ ေဘးရန္ကင္းေစေရးအတြက္ ဇြန္လ ၁၀ ရက္၊ ေန႔လယ္ပိုင္းက အမ်ဳိးသားေရးဆရာေတာ္မ်ားႏွင့္ ေထာက္ခံဝန္းရံသူမ်ားသည္ ရန္ကုန္တိုင္းေဒသႀကီး၊ ဗဟန္းၿမိဳ႕နယ္မွ မဟာဗႏၶဳလပန္းျခံေရွ႕သို႔ အလံမ်ားကိုင္ ေဆာင္၍ ခ်ီတက္ေမတၱာပို႔ၾကရာတြင္ ခြင့္ျပဳခ်က္မတင္ဘဲ ဆရာေတာ္ ဦးေတဇဝႏၲ၊ ဦးပညာဝံသ၊ ဦးဇနိတ၊ ဦးဝီရေတေဇာႏွင့္ ဝန္းရံသူမ်ားျဖစ္ေသာ သက္မ်ဳိးဦး၊ တင္ထြဋ္ေဇာ္၊ တင္ေအာင္ဆန္း၊ ဝင္းေမာ္တို႔ကို ဗဟန္းၿမိဳ႕မရဲစခန္းမွ ၿငိမ္းစုစီပုဒ္မ-၁၉ ျဖင့္ အမႈဖြင့္ခဲ့ေၾကာင္း သိရသည္။
ဆရာေတာ္ ဦးပညာဝံသကို လြန္ခ့ဲသည့္ ၂ ႏွစ္ခန္႔က ရန္ကုန္တိုင္းေဒသႀကီး၊ ဗဟန္းၿမိဳ႕နယ္ရွိ ေၾကးသြန္းဘုရား ေရွ႕တြင္ အစုိးရႏႈတ္ထြက္ေပးေရး ၄ ရက္ၾကာသပိတ္စခန္းဖြင့္ခဲ့မႈႏွင့္ပတ္သက္၍ ဖမ္းဝရမ္းထုတ္ထားေသာေၾကာင့္ ဖမ္းဆီးခဲ့ေၾကာင္း သက္ဆိုင္ရာရဲတပ္ဖြဲ႔ထံမွ သိရသည္။
“သူတို႔ေတြကို ခြင့္ျပဳခ်က္မတင္လို႔ ၿငိမ္းစုစီနဲ႔ အမႈဖြင့္ခဲ့တာပါ။ အဲဒီထဲမွာ ဦးပညာဝံသကေတာ့ ယခင္ကတုန္းက ဖမ္းဝရမ္းထုတ္ထားခံရသူမို႔လို႔ ဖမ္းဆီးၿပီး အင္းစိန္ေထာင္ကို ပို႔ထားလိုက္တယ္” ဟု ဗဟန္းၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးက အကုန္သိသတင္းဌာနသို႔ ေျပာသည္။
လက္ရွိတြင္ ဆရာေတာ္ ဦးေတဇဝႏၲ၊ ဦးပညာဝံသ၊ ဦးဇနိတ၊ ဦးဝီရေတေဇာႏွင့္ ဝန္းရံသူမ်ားျဖစ္ေသာ သက္မ်ဳိးဦး၊ တင္ထြဋ္ေဇာ္၊ တင္ေအာင္ဆန္း၊ ဝင္းေမာ္တို႔ကို ဗဟန္းၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴးရုံးမွ ေခတၱၿမိဳ႕နယ္မွဴး ဒုရဲမွဴး ခင္ေမာင္ဝင္းက တရားလိုျပဳလုပ္၍ တိုင္တန္းခဲ့သျခင့္ ဗဟန္းၿမိဳ႕မရဲစခန္း၌ (ပ)၁၂၂၂၉/၂၀၁၉၊ ၿငိမ္းစုစီပုဒ္မ-၁၉ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

-  ႏိုင္မင္းလြင္ ( အကုန္သိသတင္းဌာန )

Unicode Version


ဆရာတော်ဦးဝီရသူအတွက် ဆုတောင်းပွဲပြုလုပ်သူ အမျိုးသားရေးဆရာတော် ၄ ပါးနှင့် ဝန်းရံသူ ၅ ဦးကို ပုဒ်မ- ၁၉ ဖြင့် အမှုဖွင့်ခဲ့ပြီး ယင်းအနက် ဆရာတော်ဦးပညာဝံသကို ဖမ်းဆီးကာ အင်းစိန်ထောင်သို့ ပို့ဆောင်ထားကြောင်း သိရသည်။
ဦးဝီရသူ ဘေးရန်ကင်းစေရေးအတွက် ဇွန်လ ၁၀ ရက်၊ နေ့လယ်ပိုင်းက အမျိုးသားရေးဆရာတော်များနှင့် ထောက်ခံဝန်းရံသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်မှ မဟာဗန္ဓုလပန်းခြံရှေ့သို့ အလံများကိုင် ဆောင်၍ ချီတက်မေတ္တာပို့ကြရာတွင် ခွင့်ပြုချက်မတင်ဘဲ ဆရာတော် ဦးတေဇဝန္တ၊ ဦးပညာဝံသ၊ ဦးဇနိတ၊ ဦးဝီရတေဇောနှင့် ဝန်းရံသူများဖြစ်သော သက်မျိုးဦး၊ တင်ထွဋ်ဇော်၊ တင်အောင်ဆန်း၊ ဝင်းမော်တို့ကို ဗဟန်းမြို့မရဲစခန်းမှ ငြိမ်းစုစီပုဒ်မ-၁၉ ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။
ဆရာတော် ဦးပညာဝံသကို လွန်ခဲ့သည့် ၂ နှစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ ကြေးသွန်းဘုရား ရှေ့တွင် အစိုးရနှုတ်ထွက်ပေးရေး ၄ ရက်ကြာသပိတ်စခန်းဖွင့်ခဲ့မှုနှင့်ပတ်သက်၍ ဖမ်းဝရမ်းထုတ်ထားသောကြောင့် ဖမ်းဆီးခဲ့ကြောင်း သက်ဆိုင်ရာရဲတပ်ဖွဲ့ထံမှ သိရသည်။
“သူတို့တွေကို ခွင့်ပြုချက်မတင်လို့ ငြိမ်းစုစီနဲ့ အမှုဖွင့်ခဲ့တာပါ။ အဲဒီထဲမှာ ဦးပညာဝံသကတော့ ယခင်ကတုန်းက ဖမ်းဝရမ်းထုတ်ထားခံရသူမို့လို့ ဖမ်းဆီးပြီး အင်းစိန်ထောင်ကို ပို့ထားလိုက်တယ်” ဟု ဗဟန်းမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် ဆရာတော် ဦးတေဇဝန္တ၊ ဦးပညာဝံသ၊ ဦးဇနိတ၊ ဦးဝီရတေဇောနှင့် ဝန်းရံသူများဖြစ်သော သက်မျိုးဦး၊ တင်ထွဋ်ဇော်၊ တင်အောင်ဆန်း၊ ဝင်းမော်တို့ကို ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ခေတ္တမြို့နယ်မှူး ဒုရဲမှူး ခင်မောင်ဝင်းက တရားလိုပြုလုပ်၍ တိုင်တန်းခဲ့သခြင့် ဗဟန်းမြို့မရဲစခန်း၌ (ပ)၁၂၂၂၉/၂၀၁၉၊ ငြိမ်းစုစီပုဒ်မ-၁၉ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

-  နိုင်မင်းလွင် ( အကုန်သိသတင်းဌာန )

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။