Skip to main content
လုပ္ႀကံခံခဲ့ရတဲ့ ကင္ဂ်ဳံအန္ရဲ႕ ၀မ္းကြဲညီအစ္ကုိဟာ စီအုိင္ေအ သတင္းေပးတစ္ဦးျဖစ္ဟု ဆုိ
Ads Block

လုပ္ႀကံခံခဲ့ရတဲ့ ကင္ဂ်ဳံအန္ရဲ႕ ၀မ္းကြဲညီအစ္ကုိဟာ စီအုိင္ေအ သတင္းေပးတစ္ဦးျဖစ္ဟု ဆုိ

၂၀၁၇ ခုႏွစ္က မေလးရွားႏုိင္ငံမွာ လုပ္ႀကံသတ္ျဖတ္ခံလုိက္ရတဲ့ ေျမာက္ကုိရီးယား ေခါင္းေဆာင္ ကင္ဂ်ဳံအန္ရဲ႕ ၀မ္းကြဲ ညီအစ္ကုိ ကင္ဂ်ဳံနမ္ဟာ အေမရိကန္ ဗဟုိေထာက္လွမ္းေရး ေအဂ်င္စီ(စီအုိင္ေအ) သတင္းေပးတစ္ဦးျဖစ္ေၾကာင္း ေ၀ါစထရိဂ်ာနယ္က တနလၤာေန ့(ဇြန္ ၁၀) မွာ ေရးသားခဲ့ပါတယ္။

လုပ္ႀကံခံခဲ့ရတဲ့ ကင္ဂ်ဳံအန္ရဲ႕ ၀မ္းကြဲညီအစ္ကုိဟာ စီအုိင္ေအ သတင္းေပးတစ္ဦးျဖစ္ဟု ဆုိ


အဆုိပါကိစၥကုိ သိရွိထားတဲ့ အမည္မသိ ပုဂၢဳိလ္တစ္ဦးရဲ႕ ေျပာဆုိမႈကုိ ကုိးကားေဖာ္ျပခဲ့တာျဖစ္ေၾကာင္းနဲ ့ ကင္ဂ်ဳံနမ္နဲ ့စီအုိင္ေအတုိ ့ရဲ႕ ဆက္ဆံမႈမွာ မရွင္းလင္းေသးတဲ့ အေသးစိတ္အခ်က္ေတြ ရွိေနေသးေၾကာင္း ယင္း ပုဂၢဳိလ္က ေျပာဆုိခဲ့တယ္လုိ ့ ေ၀ါစထရိက ေဖာ္ျပခဲ့ပါတယ္။
ယင္း ကိစၥနဲ ့ပတ္သက္လုိ ့ လြတ္လပ္တဲ့ အတည္ျပဳႏုိင္မႈ မရေသးေၾကာင္းနဲ ့ စီအုိင္ေအကလည္း မွတ္ခ်က္ေပးဖုိ ့ျငင္းဆန္ခဲ့ေၾကာင္း ရုိက္တာသတင္းဌာနက ဆုိပါတယ္။ ယင္း သတင္းအတြက္ ကုိးကားခဲ့တယ္ဆုိတဲ့ပုဂၢဳိလ္ဟာ စီအုိင္ေအနဲ ့ကင္ဂ်ဳံနမ္အၾကား ဆက္ဆံမႈမွာ ဆက္စပ္ပတ္သက္သူျဖစ္တယ္လုိ ့ ေ၀ါစထရိက ဆုိပါတယ္။
၄င္းဘ၀ရဲ႕ႏွစ္မ်ားစြာကုိ ေျမာက္ကုိရီးယားျပင္ပမွာသာ ေနထုိင္တဲ့ ကင္ဂ်ဳံနမ္ဟာ ၿပဳံယမ္းမွာ ၾသဇာအာဏာတည္ေဆာက္မႈမ်ဳိးရွိတယ္လုိ ့ မသိၾကသလုိ လွ်ဳိ ့၀ွက္သုိသိပ္တဲ့ ႏုိင္ငံရဲ႕ အတြင္းေရးလုပ္ငန္းေဆာင္တာ အေသးစိတ္အခ်က္အလက္ေတြကုိ ရယူသတင္းေပးႏုိင္ဖုိ ့အလားအလာမရွိေၾကာင္း အေမရိကန္အရာရွိေဟာင္းမ်ားစြာက သုံးသပ္ခဲ့တယ္လုိ ့လည္း ဂ်ာနယ္က ဆက္လက္ ေဖာ္ျပခဲ့ပါတယ္။ ဒါ့အျပင္ ကင္ဂ်ဳံနမ္ဟာ အျခားႏုိင္ငံေတြ အထူးသျဖင့္ တရုတ္ႏုိင္ငံရဲ႕ လုံၿခဳံေရးဌာနေတြနဲ ့တစ္ခ်ိန္လုံးနီးပါး ထိေတြ ့ဆက္သြယ္ခဲ့ရသူျဖစ္ေၾကာင္းလည္း အရာရွိေဟာင္းေတြက ေျပာခဲ့ပါတယ္။
ကင္ဂ်ဳံနမ္ဟာ ကင္မ်ဳိးဆက္ရဲ႕ သားစဥ္ေျမးဆက္ ႏုိင္ငံအာဏာရယူမႈကုိ ေ၀ဖန္ခဲ့သူျဖစ္ၿပီး ၄င္းကုိ လုပ္ႀကံသတ္ျဖတ္ဖုိ ့ ေျမာက္ကုိရီးယား အာဏာပုိင္ေတြက အမိန္ ့ေပး ညႊန္ၾကားခဲ့တာျဖစ္တယ္လုိ ့ ေတာင္ကုိရီးယားနဲ ့အေမရိကန္အရာရွိေတြက စြပ္စြဲေျပာဆုိထားခဲ့ပါတယ္။ ၿပဳံယမ္းကေတာ့ ယင္း စြပ္စြဲခ်က္ေတြကုိ ပယ္ခ်ခဲ့ပါတယ္။
၂၀၁၇ ေဖေဖာ္၀ါရီလအတြင္းက မေလးရွားႏုိင္ငံ ကြာလာလမ္ပူေလဆိပ္မွာ ေရာက္ရွိေနတဲ့ ကင္ဂ်ဳံနမ္ကုိ အမ်ဳိးသမီးႏွစ္ဦးက တားျမစ္ဓါတုလက္နက္တစ္မ်ဳိးျဖစ္တဲ့ VX အဆိပ္နဲ ့ ၄င္းရဲ ့ မ်က္ႏွာကုိ သုတ္ကာ လုပ္ႀကံသတ္ျဖတ္ခဲ့တာျဖစ္ပါတယ္။

-ကုိလင္း(အကုန္သိ သတင္းဌာန) | Ref : Reuters

 

Unicode Version

 

၂၀၁၇ ခုနှစ်က မလေးရှားနိုင်ငံမှာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ဝမ်းကွဲ ညီအစ်ကို ကင်ဂျုံနမ်ဟာ အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ(စီအိုင်အေ) သတင်းပေးတစ်ဦးဖြစ်ကြောင်း ဝေါစထရိဂျာနယ်က တနင်္လာနေ့(ဇွန် ၁၀) မှာ ရေးသားခဲ့ပါတယ်။
အဆိုပါကိစ္စကို သိရှိထားတဲ့ အမည်မသိ ပုဂ္ဂိုလ်တစ်ဦးရဲ့ ပြောဆိုမှုကို ကိုးကားဖော်ပြခဲ့တာဖြစ်ကြောင်းနဲ့ ကင်ဂျုံနမ်နဲ့စီအိုင်အေတို့ရဲ့ ဆက်ဆံမှုမှာ မရှင်းလင်းသေးတဲ့ အသေးစိတ်အချက်တွေ ရှိနေသေးကြောင်း ယင်း ပုဂ္ဂိုလ်က ပြောဆိုခဲ့တယ်လို့ ဝေါစထရိက ဖော်ပြခဲ့ပါတယ်။
ယင်း ကိစ္စနဲ့ပတ်သက်လို့ လွတ်လပ်တဲ့ အတည်ပြုနိုင်မှု မရသေးကြောင်းနဲ့ စီအိုင်အေကလည်း မှတ်ချက်ပေးဖို့ငြင်းဆန်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဆိုပါတယ်။ ယင်း သတင်းအတွက် ကိုးကားခဲ့တယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာ စီအိုင်အေနဲ့ကင်ဂျုံနမ်အကြား ဆက်ဆံမှုမှာ ဆက်စပ်ပတ်သက်သူဖြစ်တယ်လို့ ဝေါစထရိက ဆိုပါတယ်။
၎င်းဘဝရဲ့နှစ်များစွာကို မြောက်ကိုရီးယားပြင်ပမှာသာ နေထိုင်တဲ့ ကင်ဂျုံနမ်ဟာ ပြုံယမ်းမှာ သြဇာအာဏာတည်ဆောက်မှုမျိုးရှိတယ်လို့ မသိကြသလို လျှို့ဝှက်သိုသိပ်တဲ့ နိုင်ငံရဲ့ အတွင်းရေးလုပ်ငန်းဆောင်တာ အသေးစိတ်အချက်အလက်တွေကို ရယူသတင်းပေးနိုင်ဖို့အလားအလာမရှိကြောင်း အမေရိကန်အရာရှိဟောင်းများစွာက သုံးသပ်ခဲ့တယ်လို့လည်း ဂျာနယ်က ဆက်လက် ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ကင်ဂျုံနမ်ဟာ အခြားနိုင်ငံတွေ အထူးသဖြင့် တရုတ်နိုင်ငံရဲ့ လုံခြုံရေးဌာနတွေနဲ့တစ်ချိန်လုံးနီးပါး ထိတွေ့ဆက်သွယ်ခဲ့ရသူဖြစ်ကြောင်းလည်း အရာရှိဟောင်းတွေက ပြောခဲ့ပါတယ်။
ကင်ဂျုံနမ်ဟာ ကင်မျိုးဆက်ရဲ့ သားစဉ်မြေးဆက် နိုင်ငံအာဏာရယူမှုကို ဝေဖန်ခဲ့သူဖြစ်ပြီး ၎င်းကို လုပ်ကြံသတ်ဖြတ်ဖို့ မြောက်ကိုရီးယား အာဏာပိုင်တွေက အမိန့်ပေး ညွှန်ကြားခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယားနဲ့အမေရိကန်အရာရှိတွေက စွပ်စွဲပြောဆိုထားခဲ့ပါတယ်။ ပြုံယမ်းကတော့ ယင်း စွပ်စွဲချက်တွေကို ပယ်ချခဲ့ပါတယ်။
၂၀၁၇ ဖေဖော်ဝါရီလအတွင်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်မှာ ရောက်ရှိနေတဲ့ ကင်ဂျုံနမ်ကို အမျိုးသမီးနှစ်ဦးက တားမြစ်ဓါတုလက်နက်တစ်မျိုးဖြစ်တဲ့ VX အဆိပ်နဲ့ ၎င်းရဲ့ မျက်နှာကို သုတ်ကာ လုပ်ကြံသတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

-ကိုလင်း(အကုန်သိ သတင်းဌာန) | Ref : Reuters

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။