Skip to main content
လူမ်ဳိးေရး တုိက္ခုိက္မႈတစ္ခုအတြင္း မာလီ ေက်းရြာတစ္ရြာမွာ လူ ၁၀၀ နီးပါး အသတ္ခံရ
Ads Block

လူမ်ဳိးေရး တုိက္ခုိက္မႈတစ္ခုအတြင္း မာလီ ေက်းရြာတစ္ရြာမွာ လူ ၁၀၀ နီးပါး အသတ္ခံရ

ဒုိဂန္တုိင္းရင္းသား လူမ်ဳိးစုေတြ ေနထုိင္တဲ့ မာလီႏုိင္ငံအလယ္ပုိင္း ေက်းရြာတစ္ရြာမွာ တုိက္ခုိက္မႈေတြ ျဖစ္ပြားခဲ့ၿပီး လူ ၁၀၀ နီးပါး ေသဆုံးခဲ့ရေၾကာင္း တာ၀န္ရွိသူေတြက ဇြန္ ၁၀ ရက္ေန ့မွာ ေျပာဆုိပါတယ္။

လူမ်ဳိးေရး တုိက္ခုိက္မႈတစ္ခုအတြင္း မာလီ ေက်းရြာတစ္ရြာမွာ လူ ၁၀၀ နီးပါး အသတ္ခံရ

ေမာ့ပ္တီျပည္နယ္ ဆန္ဂါၿမိဳ ့အနီး ဆုိဘိန္းကူေက်းရြာမွာ တုိက္ခုိက္မႈေတြျဖစ္ပြားခဲ့တာျဖစ္ၿပီး လက္ရွိမွာ ေသဆုံးသူ ၉၅ ဦးရဲ႕ ရုပ္အေလာင္းေတြ ေတြ ့ရွိထားကာ ဆက္လက္ရွာေဖြမႈေတြ လုပ္ေနေၾကာင္းနဲ ့အေလာင္းအမ်ားစုဟာ မီးေလာင္ခံထားရတာျဖစ္ေၾကာင္း တာ၀န္ရွိသူေတြက ေျပာခဲ့ပါတယ္။ ၿပီးခဲ့တဲ့ လအနည္းငယ္အတြင္း မာလီႏုိင္ငံမွာ တုိက္ခုိက္မႈမ်ားစြာ ျဖစ္ေပၚခဲ့ရာမွာ အခ်ဳိ ့ကိစၥေတြက လူမ်ဳိးေရး မေက်နပ္ခ်က္ေတြေၾကာင့္ျဖစ္ကာ အခ်ဳိ ့ျဖစ္စဥ္ေတြကေတာ့ ဂ်ီဟတ္စစ္ေသြးၾကြအုပ္စုေတြရဲ႕ တုိက္ခုိက္မႈေတြျဖစ္ပါတယ္။ သံသယရွိ အၾကမ္းဖက္သမားေတြဟာ ေဒသစံေတာ္ခ်ိန္ မနက္ ၃ နာရီေလာက္မွာ ရြာကုိ ၀င္ေရာက္တုိက္ခုိက္ခဲ့တာျဖစ္ၿပီး လူ ၁၉ ဦးထက္မနည္း ေပ်ာက္ဆုံးေနဆဲျဖစ္ေၾကာင္း မာလီအစုိးရက ေျပာဆုိခဲ့ပါတယ္။ ဒါေပမဲ့ အိမ္နီးခ်င္း ဘန္ကတ္စ္ၿမိဳ ့၀န္က ေျပာဆုိရာမွာေတာ့ ခရုိင္အတြင္းမွ ဖူလန္နီလူမ်ဳိးစုေတြက ညသန္းေခါင္ေက်ာ္မွာ ယင္း ေက်းရြာကုိ တုိက္ခုိက္ခဲ့တာျဖစ္ေၾကာင္း ရုိက္တာသတင္းကုိ ေျပာဆုိခဲ့ပါတယ္။ “ လက္နက္ေတြကုိင္ထားတဲ့ အမ်ဳိးသား ၅၀ ေလာက္ ေမာ္ေတာ္ဆုိင္ကယ္၊ ပစ္ကပ္ကားေတြနဲ ့ ေရာက္လာခဲ့တာပါ” လုိ ့ တုိက္ခုိက္မႈအတြင္း အသက္ရွင္လြတ္ေျမာက္ခဲ့တဲ့ အမ္မာဒူတုိဂုိအမည္ရ အမ်ဳိးသားတစ္ဦးက ေျပာဆုိခဲ့ပါတယ္။ သူတုိ ့ေတြဟာ ရြာကုိ အရင္၀ုိင္းလုိက္ၿပီးေနာက္ တုိက္ခုိက္မႈေတြ စလုပ္ခဲ့ၿပီး ထြက္ေျပးဖုိ ့ႀကိဳးစားသူမွန္သမွ် အသတ္ခံခဲ့ရေၾကာင္း ၄င္းက ေျပာဆုိခဲ့ပါတယ္။ “ အမ်ဳိးသမီး၊ ကေလး၊ သက္ႀကီးရြယ္အုိေတြ အပါအ၀င္ တစ္ေယာက္မွ အလြတ္မေပးခဲ့ပါဘူး” လုိ ့ ၄င္းက ဆုိခဲ့ပါတယ္။ ယခုတုိက္ခုိက္မႈနဲ ့ပတ္သက္လုိ ့ ဘယ္အဖြဲ ့ကမွ တရား၀င္ ၀န္ခံထုတ္ျပန္ခဲ့ျခင္း မရွိေသးပါဘူး။ ဒုိဂန္လူမ်ဳိးစုေတြဟာ မာလီအလယ္ပုိင္းမွာ ေနထုိင္လာတာ ရာစုႏွစ္ခ်ီေနၿပီျဖစ္ကာ မိရုိးဖလာ လယ္ယာလုပ္သူေတြအျဖစ္ ရပ္တည္ေနထုိင္ခဲ့ၾကတာပါ။ တစ္ဖက္မွာေတာ့ ဖူလန္နီလူမ်ဳိးစုေတြကေတာ့ ကၽြဲႏြား ေမြးျမဴ ထိန္းေက်ာင္းသူေတြအျဖစ္ အေနာက္အာဖရိက ႏုိင္ငံရဲ႕ နယ္ေျမတေက်ာမွာ လွည့္လည္သြားလာေနထုိင္ၾကသူေတြျဖစ္ပါတယ္။ လယ္ယာလုပ္ကုိင္သူေတြနဲ ့ လွည့္လည္သြားလာေနတဲ့ ကၽြဲ ႏြားေက်ာင္းသူေတြအၾကား စားက်က္ေျမေနရာနဲ ့ပတ္သက္ၿပီး အကြဲအၿပဲျပႆနာေတြဟာ ကာလၾကာရွည္ျဖစ္ေပၚေနခဲ့တာပါ။ ဒါေပမဲ့လည္း မာလီႏုိင္ငံမွာ ၂၀၁၂ ခုႏွစ္က အစၥလာမ္မစ္ စစ္ေသြးၾကြေတြ အုံၾကြလာခဲ့ခ်ိန္မွစကာ ယင္း လူမ်ဳိးစုေတြအၾကား တုိက္ခုိက္မႈေတြဟာ ပုိမုိမ်ားျပားလာခဲ့ပါတယ္။ ႏွစ္ဖက္စလုံးကေတာ့ အုံၾကြမႈအတြင္း တုိက္ခုိက္ခံခဲ့ရေၾကာင္း တစ္ဖက္ကုိ တစ္ဖက္ စြပ္စြဲျပစ္တင္ၾကပါတယ္။ ဖူလန္နီ လူမ်ဳိးစုဟာ လူဦးေရမ်ားတဲ့ မြတ္ဆလင္တုိင္းရင္းသားအုပ္စုတစ္ခုျဖစ္ၿပီး အစၥလာမ္မစ္ အုံၾကြမႈေတြနဲ ့ ႀကီးႀကီးမားမားဆက္ႏြယ္ေနေၾကာင္း စြပ္စြဲခံထားရပါတယ္။ ဒါေပမဲ့လည္း တစ္ဖက္မွာလည္း ဒုိဂန္ ကုိယ္ပုိင္ကာကြယ္ေရးအဖြဲ ့အစည္း Dan Na Ambassagou ဟာ ၄င္းတုိ ့ မ်ဳိးႏြယ္စုေတြကုိ တုိက္ခုိက္မႈေတြလုပ္ခဲ့ေၾကာင္း ဖူလန္နီေတြက စြပ္စြဲခဲ့ပါတယ္။

 -ကုိလင္း ( အကုန္သိ သတင္းဌာန ) | Ref : BBC

 

Unicode Version

 

ဒိုဂန်တိုင်းရင်းသား လူမျိုးစုတွေ နေထိုင်တဲ့ မာလီနိုင်ငံအလယ်ပိုင်း ကျေးရွာတစ်ရွာမှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး လူ ၁၀၀ နီးပါး သေဆုံးခဲ့ရကြောင်း တာဝန်ရှိသူတွေက ဇွန် ၁၀ ရက်နေ့မှာ ပြောဆိုပါတယ်။
မော့ပ်တီပြည်နယ် ဆန်ဂါမြို့အနီး ဆိုဘိန်းကူကျေးရွာမှာ တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိမှာ သေဆုံးသူ ၉၅ ဦးရဲ့ ရုပ်အလောင်းတွေ တွေ့ရှိထားကာ ဆက်လက်ရှာဖွေမှုတွေ လုပ်နေကြောင်းနဲ့အလောင်းအများစုဟာ မီးလောင်ခံထားရတာဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း မာလီနိုင်ငံမှာ တိုက်ခိုက်မှုများစွာ ဖြစ်ပေါ်ခဲ့ရာမှာ အချို့ကိစ္စတွေက လူမျိုးရေး မကျေနပ်ချက်တွေကြောင့်ဖြစ်ကာ အချို့ဖြစ်စဉ်တွေကတော့ ဂျီဟတ်စစ်သွေးကြွအုပ်စုတွေရဲ့ တိုက်ခိုက်မှုတွေဖြစ်ပါတယ်။
သံသယရှိ အကြမ်းဖက်သမားတွေဟာ ဒေသစံတော်ချိန် မနက် ၃ နာရီလောက်မှာ ရွာကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လူ ၁၉ ဦးထက်မနည်း ပျောက်ဆုံးနေဆဲဖြစ်ကြောင်း မာလီအစိုးရက ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ အိမ်နီးချင်း ဘန်ကတ်စ်မြို့ဝန်က ပြောဆိုရာမှာတော့ ခရိုင်အတွင်းမှ ဖူလန်နီလူမျိုးစုတွေက ညသန်းခေါင်ကျော်မှာ ယင်း ကျေးရွာကို တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ရိုက်တာသတင်းကို ပြောဆိုခဲ့ပါတယ်။
“ လက်နက်တွေကိုင်ထားတဲ့ အမျိုးသား ၅၀ လောက် မော်တော်ဆိုင်ကယ်၊ ပစ်ကပ်ကားတွေနဲ့ ရောက်လာခဲ့တာပါ” လို့ တိုက်ခိုက်မှုအတွင်း အသက်ရှင်လွတ်မြောက်ခဲ့တဲ့ အမ်မာဒူတိုဂိုအမည်ရ အမျိုးသားတစ်ဦးက ပြောဆိုခဲ့ပါတယ်။ သူတို့တွေဟာ ရွာကို အရင်ဝိုင်းလိုက်ပြီးနောက် တိုက်ခိုက်မှုတွေ စလုပ်ခဲ့ပြီး ထွက်ပြေးဖို့ကြိုးစားသူမှန်သမျှ အသတ်ခံခဲ့ရကြောင်း ၎င်းက ပြောဆိုခဲ့ပါတယ်။ “ အမျိုးသမီး၊ ကလေး၊ သက်ကြီးရွယ်အိုတွေ အပါအဝင် တစ်ယောက်မှ အလွတ်မပေးခဲ့ပါဘူး” လို့ ၎င်းက ဆိုခဲ့ပါတယ်။
ယခုတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဘယ်အဖွဲ့ကမှ တရားဝင် ဝန်ခံထုတ်ပြန်ခဲ့ခြင်း မရှိသေးပါဘူး။
ဒိုဂန်လူမျိုးစုတွေဟာ မာလီအလယ်ပိုင်းမှာ နေထိုင်လာတာ ရာစုနှစ်ချီနေပြီဖြစ်ကာ မိရိုးဖလာ လယ်ယာလုပ်သူတွေအဖြစ် ရပ်တည်နေထိုင်ခဲ့ကြတာပါ။ တစ်ဖက်မှာတော့ ဖူလန်နီလူမျိုးစုတွေကတော့ ကျွဲနွား မွေးမြူ ထိန်းကျောင်းသူတွေအဖြစ် အနောက်အာဖရိက နိုင်ငံရဲ့ နယ်မြေတကျောမှာ လှည့်လည်သွားလာနေထိုင်ကြသူတွေဖြစ်ပါတယ်။ လယ်ယာလုပ်ကိုင်သူတွေနဲ့ လှည့်လည်သွားလာနေတဲ့ ကျွဲ နွားကျောင်းသူတွေအကြား စားကျက်မြေနေရာနဲ့ပတ်သက်ပြီး အကွဲအပြဲပြဿနာတွေဟာ ကာလကြာရှည်ဖြစ်ပေါ်နေခဲ့တာပါ။ ဒါပေမဲ့လည်း မာလီနိုင်ငံမှာ ၂၀၁၂ ခုနှစ်က အစ္စလာမ်မစ် စစ်သွေးကြွတွေ အုံကြွလာခဲ့ချိန်မှစကာ ယင်း လူမျိုးစုတွေအကြား တိုက်ခိုက်မှုတွေဟာ ပိုမိုများပြားလာခဲ့ပါတယ်။ နှစ်ဖက်စလုံးကတော့ အုံကြွမှုအတွင်း တိုက်ခိုက်ခံခဲ့ရကြောင်း တစ်ဖက်ကို တစ်ဖက် စွပ်စွဲပြစ်တင်ကြပါတယ်။
ဖူလန်နီ လူမျိုးစုဟာ လူဦးရေများတဲ့ မွတ်ဆလင်တိုင်းရင်းသားအုပ်စုတစ်ခုဖြစ်ပြီး အစ္စလာမ်မစ် အုံကြွမှုတွေနဲ့ ကြီးကြီးမားမားဆက်နွယ်နေကြောင်း စွပ်စွဲခံထားရပါတယ်။ ဒါပေမဲ့လည်း တစ်ဖက်မှာလည်း ဒိုဂန် ကိုယ်ပိုင်ကာကွယ်ရေးအဖွဲ့အစည်း Dan Na Ambassagou ဟာ ၎င်းတို့ မျိုးနွယ်စုတွေကို တိုက်ခိုက်မှုတွေလုပ်ခဲ့ကြောင်း ဖူလန်နီတွေက စွပ်စွဲခဲ့ပါတယ်။

-ကိုလင်း ( အကုန်သိ သတင်းဌာန ) Ref : BBC

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။