Skip to main content
swhw
Ads Block

လက္ရွိ ကမၻာ့ရာသီဥတုေျပာင္းလဲမွဳကပ္ေဘးအတိုင္းဆိုလွ်င္ ၃၁ ႏွစ္ အတြင္း လူသား မ်ိဳးႏြယ္ ပ်က္စီးမည္


 

 

မ်က္ေမွာက္ကမၻာႀကီး၏ အနာဂတ္ျဖစ္ႏိုင္ေျခမ်ားကို ခန္႔မွန္းတြက္ခ်က္ၾကရာ၌ လက္ရွိဖန္လံုအိမ္ဓါတ္ေငြ႔ထုတ္လႊင့္မွဳကို မေျဖရွင္းႏိုင္ခဲ့လွ်င္ ၂ဝ၅ဝ ခုႏွစ္၌ နိဂံုးခ်ဳပ္မည့္ အလားအလာမ်ားကို ၾသစေတးလ်ေပၚလစီဆိုင္ရာ စာတမ္းတစ္ေစာင္၌ ေက်ာခ်မ္းစဖြယ္ ေတြ႔ရွိရသည္ဟု Dhaka Tribune က ယေန႔ေရးသားသည္။

ဖန္လံုအိမ္ဓါတ္ေငြ႔ထုတ္လႊင့္မွဳသည္ ကမၻာႀကီး၏ ရာသီဥတုအေျပာင္းအလဲကို အစားျပန္မရႏိုင္သည့္နည္းလမ္းျဖင့္ ဖ်က္ဆီးမည္ျဖစ္သည္။ ပရမ္းပတာျဖစ္လာမည့္ ကမၻာႀကီးတြင္ ႏိုင္ငံေရးေၾကာက္စိတ္မႊန္ေသာ ႏိုင္ငံတကာ လံုၿခံဳေရး လႊမ္းမိုးလာသည့္ စံႏွဳန္းထား ထြန္းေပၚမည္ျဖစ္ရာ ၂ဝ၅ဝ ခုႏွစ္တြင္ လူသားမ်ား နိဂံုးခ်ဳပ္ရန္ ရင္ဆိုင္ ရလိမ့္မည္ဟု ဆိုသည္။

စိတ္ပ်က္ဖြယ္ေကာင္းသည္မွာ လက္ရွိ ဖန္လံုအိမ္ဓါတ္ေငြ႔ထုတ္လႊတ္ေနမွဳ၏ ရလဒ္မွာ အမွန္တကယ္မည္သို႔ ျဖစ္လာ ႏိုင္ေၾကာင္း ရွင္းလင္း ပီသသည့္ ေတြ႔ရွိခ်က္မ်ား ေဖာ္ထုတ္သည့္တိုင္ ကမၻာ့သဘာ၀ပတ္၀န္းက်င္မွာ အခ်ိန္တိုအတြင္း မထိခိုက္ႏိုင္ဟု ယံုၾကည္ေနၾကျခင္းျဖစ္ေၾကာင္း USA Today တြင္ေဖာ္ျပထားသည္။

အနာဂတ္ျဖစ္ႏိုင္ေျခမ်ားအေၾကာင္း ယခုေတြ႔ရွိခ်က္မွာ သဘာ၀က်၍ ဆီေလ်ာ္ေၾကာင္း၊ ၄င္းအခ်က္အလက္မ်ားအေပၚ မည္သို႔မွ် ရူးေၾကာင္ေၾကာင္ ေတြးဆရန္ မရွိေၾကာင္း ေလထုႏွင့္ ရာသီဥတုဒိုင္းနမစ္ပညာ ေလ့လာသူ နယူးေယာက္ ကိုလံဘီယာတကၠသိုလ္မွ ရူပေဗဒႏွင့္ သခ်ၤာပါေမာကၡ အဒမ္ဆိုဘဲလ္က ေျပာၾကားသည္။

အဆိုပါစာတမ္းကို ရာသီဥတုျပန္လည္တည္ေဆာက္ေရးဆိုင္ရာ အမ်ိဳးသားဗဟို႒ာန အစီအစဥ္ျဖင့္ ၾသစေတးလ် လြတ္လပ္ေသာ ပညာရွင္မ်ားက ျပဳစုခဲ့ျခင္းျဖစ္သည္။ ၂ဝ၅ဝ ခုႏွစ္အတြက္ ျဖစ္ႏိုင္ေျခခန္႔မွန္းရာတြင္ ႏိုင္ငံတကာ ဗြန္ထုတ္လႊင့္မွဳသည္ ကမၻာႀကီး၏ အပူခ်ိန္ျမင့္တက္ေနျခင္းကို ထိန္းသိမ္းႏိုင္ေလာက္ေအာင္ ေလ်ာ့က်ျခင္းမရွိေၾကာင္း ေတြ႔ရွိရသည္။

လြန္ခဲ့သည့္ႏွစ္ ကုလသမဂၢဆိုင္ရာ ရာသီဥတုေျပာင္းလဲမွဳႏွင့္ ႏိုင္ငံတကာအစိုးရမ်ားက႑ အစီရင္ခံစာ၌ ကမၻာ့ႏိုင္ငံမ်ား၏ ရုပ္ၾကြင္းေလာင္စာအသံုးျပဳျခင္းေၾကာင့္ ကမၻာေျမႀကီး၏ အပူခ်ိန္မွာ ၁.၅ ဒီဂရီဆဲလ္စီးရပ္စ္သို႔ လ်င္ျမန္စြာျမင့္တက္လွ်က္ရွိၿပီး ယခုမွစ၍ ေနာင္ အနွစ္ ၂ဝ အထိ ဆက္လက္ေျပာင္းလဲေနဖြယ္ရွိေၾကာင္း ေဖာ္ျပထားသည္။

ကမၻာ့အပူအခ်ိန္ ၃ ဒီဂရီ ဆဲလ္စီးရပ္စ္ႏွင့္ အထက္သို႔ ပိုမိုပူေႏြးလာသည့္တိုင္ ေျပာင္းလဲျခင္းမရွိႏိုင္ဟု ၾသစေတးလ် ပညာရွင္မ်ားက ယူဆၾကသည္။ သို႔ေသာ္ ထိုမမ်ားလွသည့္ အပူခ်ိန္သည္ တစ္ကမၻာလံုးအတုိင္း အတာျဖင့္ ေျပာင္းလဲ မည္ျဖစ္ၿပီး၊ ရာသီဥတုေျပာင္းလဲျခင္း ကပ္ေဘးဆိုက္ေရာက္လ်က္ စိုက္ပ်ိဳးေရးႏွင့္ ေဒသအခ်ိဳ႕တြင္ လူတို႔ရွင္သန္ ေနထိုင္မွဳကို ထိခိုက္လာမည္ျဖစ္သည္။ 

 

Htay Oung (အကုန္သိ သတင္းဌာန)

Unicode Version

 


လက်ရှိ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကပ်ဘေးအတိုင်းဆိုလျှင် ၃၁ နှစ် အတွင်း လူသား မျိုးနွယ် ပျက်စီးမည်

 

 

မျက်မှောက်ကမ္ဘာကြီး၏ အနာဂတ်ဖြစ်နိုင်ခြေများကို ခန့်မှန်းတွက်ချက်ကြရာ၌ လက်ရှိဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှင့်မှုကို မဖြေရှင်းနိုင်ခဲ့လျှင် ၂ဝ၅ဝ ခုနှစ်၌ နိဂုံးချုပ်မည့် အလားအလာများကို သြစတေးလျပေါ်လစီဆိုင်ရာ စာတမ်းတစ်စောင်၌ ကျောချမ်းစဖွယ် တွေ့ရှိရသည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။

ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှင့်မှုသည် ကမ္ဘာကြီး၏ ရာသီဥတုအပြောင်းအလဲကို အစားပြန်မရနိုင်သည့်နည်းလမ်းဖြင့် ဖျက်ဆီးမည်ဖြစ်သည်။ ပရမ်းပတာဖြစ်လာမည့် ကမ္ဘာကြီးတွင် နိုင်ငံရေးကြောက်စိတ်မွှန်သော နိုင်ငံတကာ လုံခြုံရေး လွှမ်းမိုးလာသည့် စံနှုန်းထား ထွန်းပေါ်မည်ဖြစ်ရာ ၂ဝ၅ဝ ခုနှစ်တွင် လူသားများ နိဂုံးချုပ်ရန် ရင်ဆိုင် ရလိမ့်မည်ဟု ဆိုသည်။

စိတ်ပျက်ဖွယ်ကောင်းသည်မှာ လက်ရှိ ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်နေမှု၏ ရလဒ်မှာ အမှန်တကယ်မည်သို့ ဖြစ်လာ နိုင်ကြောင်း ရှင်းလင်း ပီသသည့် တွေ့ရှိချက်များ ဖော်ထုတ်သည့်တိုင် ကမ္ဘာ့သဘာဝပတ်ဝန်းကျင်မှာ အချိန်တိုအတွင်း မထိခိုက်နိုင်ဟု ယုံကြည်နေကြခြင်းဖြစ်ကြောင်း USA Today တွင်ဖော်ပြထားသည်။

အနာဂတ်ဖြစ်နိုင်ခြေများအကြောင်း ယခုတွေ့ရှိချက်မှာ သဘာဝကျ၍ ဆီလျော်ကြောင်း၊ ၎င်းအချက်အလက်များအပေါ် မည်သို့မျှ ရူးကြောင်ကြောင် တွေးဆရန် မရှိကြောင်း လေထုနှင့် ရာသီဥတုဒိုင်းနမစ်ပညာ လေ့လာသူ နယူးယောက် ကိုလံဘီယာတက္ကသိုလ်မှ ရူပဗေဒနှင့် သင်္ချာပါမောက္ခ အဒမ်ဆိုဘဲလ်က ပြောကြားသည်။

အဆိုပါစာတမ်းကို ရာသီဥတုပြန်လည်တည်ဆောက်ရေးဆိုင်ရာ အမျိုးသားဗဟိုဋ္ဌာန အစီအစဉ်ဖြင့် သြစတေးလျ လွတ်လပ်သော ပညာရှင်များက ပြုစုခဲ့ခြင်းဖြစ်သည်။ ၂ဝ၅ဝ ခုနှစ်အတွက် ဖြစ်နိုင်ခြေခန့်မှန်းရာတွင် နိုင်ငံတကာ ဗွန်ထုတ်လွှင့်မှုသည် ကမ္ဘာကြီး၏ အပူချိန်မြင့်တက်နေခြင်းကို ထိန်းသိမ်းနိုင်လောက်အောင် လျော့ကျခြင်းမရှိကြောင်း တွေ့ရှိရသည်။

လွန်ခဲ့သည့်နှစ် ကုလသမဂ္ဂဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနှင့် နိုင်ငံတကာအစိုးရများကဏ္ဍ အစီရင်ခံစာ၌ ကမ္ဘာ့နိုင်ငံများ၏ ရုပ်ကြွင်းလောင်စာအသုံးပြုခြင်းကြောင့် ကမ္ဘာမြေကြီး၏ အပူချိန်မှာ ၁.၅ ဒီဂရီဆဲလ်စီးရပ်စ်သို့ လျင်မြန်စွာမြင့်တက်လျှက်ရှိပြီး ယခုမှစ၍ နောင် အနှစ် ၂ဝ အထိ ဆက်လက်ပြောင်းလဲနေဖွယ်ရှိကြောင်း ဖော်ပြထားသည်။

ကမ္ဘာ့အပူအချိန် ၃ ဒီဂရီ ဆဲလ်စီးရပ်စ်နှင့် အထက်သို့ ပိုမိုပူနွေးလာသည့်တိုင် ပြောင်းလဲခြင်းမရှိနိုင်ဟု သြစတေးလျ ပညာရှင်များက ယူဆကြသည်။ သို့သော် ထိုမများလှသည့် အပူချိန်သည် တစ်ကမ္ဘာလုံးအတိုင်း အတာဖြင့် ပြောင်းလဲ မည်ဖြစ်ပြီး၊ ရာသီဥတုပြောင်းလဲခြင်း ကပ်ဘေးဆိုက်ရောက်လျက် စိုက်ပျိုးရေးနှင့် ဒေသအချို့တွင် လူတို့ရှင်သန် နေထိုင်မှုကို ထိခိုက်လာမည်ဖြစ်သည်။ 

- Htay Oung (အကုန်သိ သတင်းဌာန)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။