Skip to main content
ge
Ads Block

မြန္ျပည္နယ္သို႔ ယခုႏွစ္ ၄ လအတြင္းခရီးသြား၀င္ေရာက္မႈ ယခင္ႏွစ္ကာလတူထက္ ၃ သိန္းနီးပါး ပိုမိုမ်ားျပား

 

မြန္ျပည္နယ္သို႔ ယခု ၂၀၁၉ ခုႏွစ္၊ ေလးလတာအတြင္း ျပည္တြင္းျပည္ပခရီးသြားဧည့္သည္ဝင္ေရာက္မႈမွာ ယခင္ႏွစ္ကာလတူထက္ ၃ သိန္းနီးပါး ပိုမိုမ်ားျပားေၾကာင္း မြန္ျပည္နယ္၊ ဟိုတယ္ႏွင့္ ခရီးသြားလာေရး ညႊန္ၾကားမႈဦးစီးဌာန၏ စာရင္းမ်ားအရ သိရသည္။

၂၀၁၈ ခုႏွစ္ ဇန္နဝါရီလမွ ဧၿပီလကုန္အထိ မြန္ျပည္နယ္သို႔ ျပည္တြင္း ျပည္ပခရီးသြားဧည္သည္ ၉၆၄,၃၀၁ ဦးဝင္ေရာက္ခဲ့ၿပီး၂၀၁၉ ခုႏွစ္၊ ဇန္န၀ါရီလမွ ဧၿပီလကုန္အထိ ျပည္တြင္းျပည္ပခရီးသြားဧည့္သည္ ၁၁၉၄,၅၄၀ ဦး ဝင္ေရာက္ခဲ့ကာယခုႏွစ္၌ ခရီးသြားဧည့္သည္ ၂၉၈,၅၄၅ ဦးပိုမိုခဲ့ေၾကာင္း သိရသည္။

“မြန္ျပည္နယ္မွာဒီႏွစ္မွာက ၿပီးခဲ့တဲ့ႏွစ္ထက္ ျပည္တြင္းခရီးသြားဧည့္သည္ အဝင္တိုးလာတယ္။ ျပည္ပ ခရီးသြားဧည့္သည္က ၿပီးခဲ့တဲ့ႏွစ္ ကာလတူထက္ နည္းနည္းေလ်ာ့ေနတယ္။ ခရီးသြားဧည့္သည္အမ်ားဆံုး လာတဲ့ေနရာကေတာ့ ဒီအခ်ိန္ကက်ိဳက္ထီးရိုးဘုရားကိုလာၾကတာမ်ားတယ္”ဟု မြန္ျပည္နယ္၊ ဟိုတယ္ႏွင့္ ခရီးသြားလာေရးညႊန္ၾကားမႈဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက အကုန္သိသတင္းဌာနသို႔ ေျပာသည္။

မြန္ျပည္နယ္သို႔ ျပည္တြင္းျပည္ပခရီးသြားဧည္သည္ဝင္ေရာက္မႈသည္ ၂၀၁၆ ခုႏွစ္တြင္ ၂၂ ဒႆမ ၈ သိန္း၊ ၂၀၁၇ ခုႏွစ္တြင္ ၃၂ ဒႆမ ၁ သိန္းေက်ာ္ႏွင့္ ၂၀၁၈ ခုႏွစ္တြင္ သိန္း ၂၀ နီးပါးဝင္ေရာက္ထားေၾကာင္း မြန္ျပည္နယ္၊ ဟိုတယ္ႏွင့္ခရီးသြားညႊန္ၾကားမႈ ဦးစီးဌာနမွစာရင္းမ်ားအရ သိရသည္။

မြန္ျပည္နယ္တြင္ သမိုင္းဝင္ ဆံေတာ္ရွင္ က်ိဳက္ထီး႐ိုးေစတီ၊ ကိုလိုနီေခတ္ အေဆာက္အဦးမ်ား၊ ထံုးေက်ာက္ဂူ၊ ေရပူစမ္းႏွင့္ ကမ္းေျခမ်ားရွိၿပီး လက္ရွိတြင္ မြန္ျပည္နယ္အစိုးရအဖြဲ႕မွ ခရီးသြားလုပ္ငန္းတုိးတက္လာေစရန္ ေရးၿမိဳ႕နယ္၌ ကဗ်ာဝကမ္းေျခ၊ က်ိဳက္မေရာ၌ ေရပူေကာ့စပ္ႏွင့္ ဖားေပါင္းဂူတို႔ကိုေဖာ္ထုတ္ရန္ ႀကိဳးပမ္းေနေၾကာင္း သိရသည္။

သင္းသင္းလိႈင္(အကုန္သိသတင္းဌာန)

 

Unicode Version 

 

 

မွန်ပြည်နယ်သို့ ယခုနှစ် ၄ လအတွင်းခရီးသွားဝင်ရောက်မှု ယခင်နှစ်ကာလတူထက် ၃ သိန်းနီးပါး ပိုမိုများပြား

မွန်ပြည်နယ်သို့ ယခု ၂၀၁၉ ခုနှစ်၊ လေးလတာအတွင်း ပြည်တွင်းပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှုမှာ ယခင်နှစ်ကာလတူထက် ၃ သိန်းနီးပါး ပိုမိုများပြားကြောင်း မွန်ပြည်နယ်၊ ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဧပြီလကုန်အထိ မွန်ပြည်နယ်သို့ ပြည်တွင်း ပြည်ပခရီးသွားဧည်သည် ၉၆၄,၃၀၁ ဦးဝင်ရောက်ခဲ့ပြီး၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလကုန်အထိ ပြည်တွင်းပြည်ပခရီးသွားဧည့်သည် ၁၁၉၄,၅၄၀ ဦး ဝင်ရောက်ခဲ့ကာယခုနှစ်၌ ခရီးသွားဧည့်သည် ၂၉၈,၅၄၅ ဦးပိုမိုခဲ့ကြောင်း သိရသည်။

“မွန်ပြည်နယ်မှာဒီနှစ်မှာက ပြီးခဲ့တဲ့နှစ်ထက် ပြည်တွင်းခရီးသွားဧည့်သည် အဝင်တိုးလာတယ်။ ပြည်ပ ခရီးသွားဧည့်သည်က ပြီးခဲ့တဲ့နှစ် ကာလတူထက် နည်းနည်းလျော့နေတယ်။ ခရီးသွားဧည့်သည်အများဆုံး လာတဲ့နေရာကတော့ ဒီအချိန်ကကျိုက်ထီးရိုးဘုရားကိုလာကြတာများတယ်”ဟု မွန်ပြည်နယ်၊ ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။

မွန်ပြည်နယ်သို့ ပြည်တွင်းပြည်ပခရီးသွားဧည်သည်ဝင်ရောက်မှုသည် ၂၀၁၆ ခုနှစ်တွင် ၂၂ ဒဿမ ၈ သိန်း၊ ၂၀၁၇ ခုနှစ်တွင် ၃၂ ဒဿမ ၁ သိန်းကျော်နှင့် ၂၀၁၈ ခုနှစ်တွင် သိန်း ၂၀ နီးပါးဝင်ရောက်ထားကြောင်း မွန်ပြည်နယ်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှစာရင်းများအရ သိရသည်။

မွန်ပြည်နယ်တွင် သမိုင်းဝင် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီ၊ ကိုလိုနီခေတ် အဆောက်အဦးများ၊ ထုံးကျောက်ဂူ၊ ရေပူစမ်းနှင့် ကမ်းခြေများရှိပြီး လက်ရှိတွင် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ခရီးသွားလုပ်ငန်းတိုးတက်လာစေရန် ရေးမြို့နယ်၌ ကဗျာဝကမ်းခြေ၊ ကျိုက်မရော၌ ရေပူကော့စပ်နှင့် ဖားပေါင်းဂူတို့ကိုဖော်ထုတ်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

- သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)

 

 

 

 

 

 

 

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။