Skip to main content
wew
Ads Block

အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနႏွင့္စပ္လ်ဥ္း၍ လံုျခံဳစိတ္ခ်စြာျဖင့္ ဆက္သြယ္ေပးပို႔ႏိုင္ဟု သတင္းထုတ္ျပန္

 

အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနႏွင့္စပ္လ်ဥ္း၍ အၾကံျပဳခ်က္မ်ား၊ တင္ျပလိုသည့္အခ်က္မ်ားရိွပါက လံုျခံဳစိတ္ခ်စြာျဖင့္ ဆက္သြယ္ေပးပို႔ႏိုင္ေၾကာင္း ျပည္ေထာင္စုအစိုးရအဖြဲ႕ရံုးဝန္ႀကီးဌာနမွ ဇြန္လ ၁၀ ရက္တြင္ ထုတ္ျပန္လိုက္သည္။

အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနသည္ ႏိုင္ငံေတာ္၏ အဓိကက်သည့္အုပ္ခ်ဳပ္ေရးေက်ာရိုးမ႑ိဳင္ႀကီး ျဖစ္သည္ႏွင့္အညီ ျပည္သူကိုဗဟုိျပဳသည့္ ေကာင္းမြန္ေသာအုပ္ခ်ဳပ္ေရးယႏၱရားတည္ေဆာက္ေရးကို ႀကိဳးပမ္းေဆာင္ရြက္လ်က္ရွိသည့္အတြက္ ျပည္သူမ်ားအေနျဖင့္ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနႏွင့္စပ္လ်ဥ္း၍ အၾကံျပဳခ်က္မ်ား၊ တင္ျပခ်က္မ်ားကိုရွိပါကတယ္လီဖုန္း၊ သီးသန္႔ဖက္စ္ဖုန္းမ်ားမွတစ္ဆင့္ ရံုးခ်ိန္အတြင္း တင္ျပႏိုင္ပါေၾကာင္း အဆိုပါထုတ္ျပန္ခ်က္တြင္ ေဖာ္ျပပါရွိသည္။

“ ျပည္သူေတြရဲ႕ကိစၥေတြကိုေဆာင္ရြက္ႏုိင္ေအာင္ ဆက္သြယ္စံုစမ္းဖို႔ ေဖာ္ျပေပးထားတာပါ။ ဖုန္းလည္း ေပးထားတယ္။ ဖက္စ္လည္းပို႔လို႔ရပါတယ္။ အီးေမးလ္လိပ္စာလည္းေပးထားပါတယ္။ အဲဒီကေနမွ အၾကံျပဳစာ၊ တင္ျပစာေပးပို႔လို႔ရပါတယ္။ တစ္ခ်ိဳ႕ကလည္းတုိင္စာလုိ႔ သတ္မွတ္ၾကတယ္။ ျပည္သူေတြရဲ႕ တင္ျပခ်က္ေတြအေပၚ ေဆာင္ရြက္ေပးဖို႔ပါ။ တင္ျပတဲ့အေပၚမွာမူတည္ပါတယ္” ဟု ျပည္ေထာင္စုအစိုးရအဖြဲ႕ရံုး ဝန္ႀကီးဌာနမွတာဝန္ရွိသူတစ္ဦးက အကုန္သိသတင္းဌာနသုိ႔ ေျပာသည္။

အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနကို ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ ၂၈ ရက္မွ စတင္၍ ျပည္ေထာင္စုအစုိးရအဖြဲ႕ရံုး ဝန္ႀကီးဌာနေအာက္သို႔ ေရႊ႕ေျပာင္းခဲ့ေၾကာင္း သိရသည္။

ေထြအုပ္ဝန္ထမ္းမ်ား၊ ေထြအုပ္ဝန္ထမ္းေဟာင္းမ်ားႏွင့္ အၾကံေပးပညာရွင္မ်ားေဆြးေႏြးကာ ျပဳျပင္ေျပာင္းလဲမႈမ်ားကိုအရွိန္အဟုန္ျမွင့္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေနေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

သင္းသင္းလိႈင္(အကုန္သိသတင္းဌာန)

 

Unicode Version 

 

 

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်စပ်လျဉ်း၍ လုံခြုံစိတ်ချစွာဖြင့် ဆက်သွယ်ပေးပို့နိုင်ဟု သတင်းထုတ်ပြန်

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်စပ်လျဉ်း၍ အကြံပြုချက်များ၊ တင်ပြလိုသည့်အချက်များရှိပါက လုံခြုံစိတ်ချစွာဖြင့် ဆက်သွယ်ပေးပို့နိုင်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနမှ ဇွန်လ ၁၀ ရက်တွင် ထုတ်ပြန်လိုက်သည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် နိုင်ငံတော်၏ အဓိကကျသည့်အုပ်ချုပ်ရေးကျောရိုးမဏ္ဍိုင်ကြီး ဖြစ်သည်နှင့်အညီ ပြည်သူကိုဗဟိုပြုသည့် ကောင်းမွန်သောအုပ်ချုပ်ရေးယန္တရားတည်ဆောက်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အတွက် ပြည်သူများအနေဖြင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့်စပ်လျဉ်း၍ အကြံပြုချက်များ၊ တင်ပြချက်များကိုရှိပါကတယ်လီဖုန်း၊ သီးသန့်ဖက်စ်ဖုန်းများမှတစ်ဆင့် ရုံးချိန်အတွင်း တင်ပြနိုင်ပါကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

“ ပြည်သူတွေရဲ့ကိစ္စတွေကိုဆောင်ရွက်နိုင်အောင် ဆက်သွယ်စုံစမ်းဖို့ ဖော်ပြပေးထားတာပါ။ ဖုန်းလည်း ပေးထားတယ်။ ဖက်စ်လည်းပို့လို့ရပါတယ်။ အီးမေးလ်လိပ်စာလည်းပေးထားပါတယ်။ အဲဒီကနေမှ အကြံပြုစာ၊ တင်ပြစာပေးပို့လို့ရပါတယ်။ တစ်ချို့ကလည်းတိုင်စာလို့ သတ်မှတ်ကြတယ်။ ပြည်သူတွေရဲ့ တင်ပြချက်တွေအပေါ် ဆောင်ရွက်ပေးဖို့ပါ။ တင်ပြတဲ့အပေါ်မှာမူတည်ပါတယ်” ဟု ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်မှ စတင်၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအောက်သို့ ရွှေ့ပြောင်းခဲ့ကြောင်း သိရသည်။

ထွေအုပ်ဝန်ထမ်းများ၊ ထွေအုပ်ဝန်ထမ်းဟောင်းများနှင့် အကြံပေးပညာရှင်များဆွေးနွေးကာ ပြုပြင်ပြောင်းလဲမှုများကိုအရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)

 

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။