Skip to main content
zhrw
Ads Block

လက္ရွိအစိုးရသက္တမ္း ၃ ႏွစ္အတြင္းလယ္ေျမဧကေပါင္း ၂ သိန္းေက်ာ္အတြက္ ပံုစံ-၇ ထုတ္ေပးခဲ့ဟု ဆို

 

လက္ရွိအစိုးရသက္တမ္း ၃ ႏွစ္တာအတြင္း လယ္ေျမဧက ၂ သိန္းေက်ာ္အတြက္ လယ္ယာေျမလုပ္ပိုင္ခြင့္ လက္မွတ္ (ပံုစံ-၇) ထုတ္ေပးခဲ့ေၾကာင္း စုိက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း၀န္ႀကီးဌာနမွ သတင္းရရွိသည္။

ေတာင္သူလယ္သမား ၆၀၂၀,၈၉၀ (၆ သန္းေက်ာ္)ဦးပိုင္ဆိုင္သည့္ လယ္ေျမဧကေပါင္း ၂၁၅,၁၉၀ အတြက္ ပံုစံ ၇ ထုတ္ေပးထားၿပီး ျပည္တြင္းစုစုေပါင္းအသားတင္စုိက္ပ်ိဳးႏိုင္သည့္ေျမ၏ ၁၇ ဒႆမ ၈ ရာခိုင္ႏႈန္း ရွိေၾကာင္း သိရသည္။

“ ပံုစံ ၇ ကလည္းေရာင္းဝယ္တာ၊ ေပါင္ႏွံတာ၊ ခြဲေပးတာတို႔ ျပန္လုပ္လို႔ရမွာေလ။ ေနာက္ပိုင္းက်ေတာ့ ဥပေဒအရေပးေတာ့မွာကိုး။ တစ္ႏိုင္ငံလံုးမွာရွိတာကေတာ့ ထပ္ၿပီးလုပ္ေပးသြားမယ္။ေျမေလွ်ာက္ရင္ေတာ့ ေျမယာခန္႔ခြဲမႈေကာ္မတီဆိုတာရွိပါတယ္။ ရပ္ကြက္ထဲကမွ ၿမိဳ႕နယ္၊ ဒီကတစ္ဆင့္စစ္ေဆးေပးပါမယ္။ တကယ္ဥပေဒနဲ႔အညီဆိုရင္ ပံုစံ-၇ ထုတ္ေပးပါတယ္။ ေတာက္ေလွ်ာက္လုပ္ေပးေနမွာပဲ” ဟု စုိက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း၀န္ႀကီးဌာနမွ ဒုတိယအျမဲတမ္းအတြင္းဝန္ ဦးလွထြန္းက အကုန္သိသတင္းဌာနသို႔ ေျပာသည္။

ႏိုင္ငံေတာ္မွ လယ္ယာေျမလုပ္ပိုင္ခြင့္လက္မွတ္ (ပံုစံ-၇) ကို ၂ဝ၁၂ ခုႏွစ္ လယ္ယာေျမနည္းဥပေဒအရ ထုတ္ေပးခဲ့ျခင္းျဖစ္ၿပီး စတင္ထုတ္ေပးစဥ္မွ လက္ရွိကာလအထိဆိုပါက လယ္ေျမဧကေပါင္း ၂၅,၂၀၆,၂၇၄ သန္း(ႏွစ္ဆယ့္ငါးသန္းေက်ာ္)အတြက္ ထုတ္ေပးခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္ စုစုေပါင္းေျမအက်ယ္အဝန္းဧကသန္းေပါင္း ၁၆၇ ဒႆမ ၁၉ သန္းရွိၿပီး တစ္ႏိုင္ငံလံုး အတိုင္းအတာျဖင့္ အသားတင္စိုက္ပ်ိဳးႏိုင္သည့္ စုစုေပါင္းေျမဧကမွာ ၂၉ ဒႆမ ၇၉ သန္းရွိေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနမွ သိရသည္။

 - 

သင္းသင္းလိႈင္(အကုန္သိသတင္းဌာန)

 

Unicode Version 

 

 

လက်ရှိအစိုးရသက်တမ်း ၃ နှစ်အတွင်းလယ်မြေဧကပေါင်း ၂ သိန်းကျော်အတွက် ပုံစံ-၇ ထုတ်ပေးခဲ့ဟု ဆို

လက်ရှိအစိုးရသက်တမ်း ၃ နှစ်တာအတွင်း လယ်မြေဧက ၂ သိန်းကျော်အတွက် လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် (ပုံစံ-၇) ထုတ်ပေးခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သတင်းရရှိသည်။

တောင်သူလယ်သမား ၆၀၂၀,၈၉၀ (၆ သန်းကျော်)ဦးပိုင်ဆိုင်သည့် လယ်မြေဧကပေါင်း ၂၁၅,၁၉၀ အတွက် ပုံစံ ၇ ထုတ်ပေးထားပြီး ပြည်တွင်းစုစုပေါင်းအသားတင်စိုက်ပျိုးနိုင်သည့်မြေ၏ ၁၇ ဒဿမ ၈ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

“ ပုံစံ ၇ ကလည်းရောင်းဝယ်တာ၊ ပေါင်နှံတာ၊ ခွဲပေးတာတို့ ပြန်လုပ်လို့ရမှာလေ။ နောက်ပိုင်းကျတော့ ဥပဒေအရပေးတော့မှာကိုး။ တစ်နိုင်ငံလုံးမှာရှိတာကတော့ ထပ်ပြီးလုပ်ပေးသွားမယ်။မြေလျှောက်ရင်တော့ မြေယာခန့်ခွဲမှုကော်မတီဆိုတာရှိပါတယ်။ ရပ်ကွက်ထဲကမှ မြို့နယ်၊ ဒီကတစ်ဆင့်စစ်ဆေးပေးပါမယ်။ တကယ်ဥပဒေနဲ့အညီဆိုရင် ပုံစံ-၇ ထုတ်ပေးပါတယ်။ တောက်လျှောက်လုပ်ပေးနေမှာပဲ” ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးလှထွန်းက အကုန်သိသတင်းဌာနသို့ ပြောသည်။

နိုင်ငံတော်မှ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ-၇) ကို ၂ဝ၁၂ ခုနှစ် လယ်ယာမြေနည်းဥပဒေအရ ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး စတင်ထုတ်ပေးစဉ်မှ လက်ရှိကာလအထိဆိုပါက လယ်မြေဧကပေါင်း ၂၅,၂၀၆,၂၇၄ သန်း(နှစ်ဆယ့်ငါးသန်းကျော်)အတွက် ထုတ်ပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စုစုပေါင်းမြေအကျယ်အဝန်းဧကသန်းပေါင်း ၁၆၇ ဒဿမ ၁၉ သန်းရှိပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသားတင်စိုက်ပျိုးနိုင်သည့် စုစုပေါင်းမြေဧကမှာ ၂၉ ဒဿမ ၇၉ သန်းရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

 - သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။