Skip to main content
hgw
Ads Block

ထုိင္းႏုိင္ငံရွိျမန္မာလုပ္သားမ်ားမွာ ထိုင္းႏုိင္ငံသားမ်ားမလုပ္ခ်င္ေသာအလုပ္ၾကမ္းမ်ားလုပ္ကုိင္ေနရဟု ဆို

 

 

ထုိင္းႏုိင္ငံရွိ ျမန္မာေရႊ႕ေျပာင္းလုပ္သားမ်ားမွာ ထိုင္းႏုိင္ငံသားမ်ားမလုပ္ခ်င္ေသာအလုပ္ၾကမ္းမ်ားကုိ လုပ္ကုိင္ေနရေၾကာင္း ျမန္မာျပည္သားမ်ားအေရးပူးတြဲလႈပ္ရွားမႈေကာ္မတီမွဥကၠ႒ ဦးမုိးႀကိဳးကေျပာသည္။

hw

ယခုဇြန္လအတြင္း ထုိင္းႏုိင္ငံေရာက္ ျမန္မာလုပ္သားမ်ား၏အေျခအေနႏွင့္ပတ္သက္ၿပီး ေျပာၾကားရာတြင္ ထည့္သြင္းေျပာခဲ့ျခင္း ျဖစ္သည္။

“ထုိင္းႏုိင္ငံမွာ မိခင္ႏုိင္ငံသားမဟုတ္တဲ့ေရႊ႔ေျပာင္းလုပ္သား ျမန္မာ၊ ကေမၻာဒီးယား၊လာအုိ ဒီ ၃ မ်ိဳးပဲ။ ဘဂၤလားေဒ့ရွ္၊ နီေပါ၊ ဗီယက္နမ္ ဒါကနည္းနည္းပဲရွိတယ္။ အမ်ားစုကေတာ့ အထည္ခ်ဳပ္လုပ္ငန္းခြင္ေတြ၊ ေဆာက္လုပ္ေရးလုပ္ငန္းခြင္ေတြနဲ႔  မဟာခ်ိဳင္တုိ႔ စမြန္ပရာကန္တုိ႔ ဖူးခတ္တုိ႔ရေနာင္းတုိ႔ အစရွိတဲ့ေနရာေတြမွာ ပင္လယ္ငါးဖမ္းတဲ့အလုပ္ေတြ၊ ကုန္းေပၚမွာငါးပုဇြန္ခြာတဲ့၊ ငါးေရြးပုဇြန္ေရြး ဒါေတြကုိလုပ္ၾကရတာျဖစ္ၿပီးေတာ့ ထုိင္းႏုိင္ငံမွာလယ္သမားအဆင့္မသတ္မွတ္ခံရတဲ့ စုိက္ပ်ိဳးေရးအကူလုပ္သားေတြလည္းရွိတယ္။ အဲဒါေတြက ျမန္မာႏုိင္ငံက လယ္သမားေတြျဖစ္ပါတယ္။ တစ္ေန႔ထက္တစ္ေန႔အင္နဲ႔အားနဲ႔၀င္လာတာျဖစ္ပါတယ္။ ဒါေတြက အေထြေထြအလုပ္ေတြျဖစ္ပါတယ္။ စုစုေပါင္းအလုပ္အကုိင္ ၃၉ မ်ိဳးရွိပါတယ္။ မိခင္ႏုိင္ငံသားေတြမလုပ္ခ်င္တဲ့ ေရလုပ္သားလိုအလုပ္ၾကမ္းအလုပ္ေတြလုပ္ရတာျဖစ္ပါတယ္” ဟု ျမန္မာျပည္သားမ်ားအေရးပူးတြဲလႈပ္ရွားမႈ ေကာ္မတီမွဥကၠ႒ ဦးမုိးႀကိဳးကေျပာသည္။

Afgq

ထုိင္းႏုိင္ငံတြင္ ျမန္မာေရႊ႔ေျပာင္းလုပ္သား ၃ သန္းနီးပါးရွိၿပီး တရား၀င္အေထာက္အထားမ်ားျဖင့္ အလုပ္လုပ္ကုိင္ေနသူမွာ ၂ သန္းနီးပါးရွိေၾကာင္းသိရသည္။

“ ေျပာရရင္ေတာ့ မိခင္ႏုိင္ငံသားထုိင္းႏုိင္ငံသားေတြမလုပ္ခ်င္တဲ့ ခက္ခဲၾကမ္းတမ္းတဲ့အလုပ္ေတြ ညစ္ပတ္ ေပေရတဲ့အလုပ္ေတြ၊ အႏၱရာယ္ရွိတဲ့အလုပ္ေတြကုိ ထုိင္းဥပေဒအတုိင္းလုပ္ရပါတယ္။ ဆုိလုိတဲ့သေဘာက မိခင္ထုိင္းႏုိင္ငံသားေတြထက္ တစ္ဆင့္၊ ႏွစ္ဆင့္နိမ့္ၿပီးေတာ့ အလုပ္ၾကမ္းေတြလည္းလုပ္ရမယ္။ ဘယ္ေသာအခါမွ ထုိင္းအေခၚ ၀န ၊ ျမန္မာလုိေခၚရင္ေတာ့ အလုပ္ႀကီးၾကပ္ေရးမွဴး အလုပ္သမားေတြရဲ႕ ေခါင္းေဆာင္အလုပ္၊ ႀကီးၾကပ္ေရးမွဴးအလုပ္ကုိမလုပ္ရဘူး။ ထုိင္းႏုိင္ငံသားေတြေအာက္မွာပဲေနရတယ္။ ထုိင္းႏုိင္ငံသားေတြေအာက္မွာပဲလုပ္ရတယ္။ အလုပ္ၾကမ္းလုပ္ရမယ္။ မိခင္ႏုိင္ငံသားေတြနဲ႔ ႏွစ္ဆင့္ေလာက္ ခြာၿပီးလုပ္ရမယ္လုိ႔ဆုိတဲ့အေနအထားမ်ိဳးေလးေတြကုိ သတ္မွတ္ထားပါတယ္” ဟု ဦးမုိးႀကိဳးက ဆက္ေျပာသည္။

ထုိင္းႏုိင္ငံတြင္ ျမန္မာေရႊ႕ေျပာင္းလုပ္သားမ်ားအမ်ားဆုံးလုပ္ေနၾကရသည့္ေဒသမ်ားတြင္ တစ္ရက္လုပ္အားခ ထုိင္းေငြဘတ္ ၃၁၂ ဘတ္မွ ၃၀၈ ဘတ္သာရရွိၾကၿပီး ဘန္ေကာက္ၿမိဳ႕အနီးလုပ္ကုိင္သူမ်ားသာ ၃၃၃၀ ဘတ္၊ ၃၅၀ ဘတ္၊ ၃၆၀ ဘတ္တို႔ရရွိေၾကာင္းသိရသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

 

ထိုင်းနိုင်ငံရှိမြန်မာလုပ်သားများမှာ ထိုင်းနိုင်ငံသားများမလုပ်ချင်သောအလုပ်ကြမ်းများလုပ်ကိုင်နေရဟု ဆို


ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများမှာ ထိုင်းနိုင်ငံသားများမလုပ်ချင်သောအလုပ်ကြမ်းများကို လုပ်ကိုင်နေရကြောင်း မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီမှဥက္ကဋ္ဌ ဦးမိုးကြိုးကပြောသည်။

ယခုဇွန်လအတွင်း ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ၏အခြေအနေနှင့်ပတ်သက်ပြီး ပြောကြားရာတွင် ထည့်သွင်းပြောခဲ့ခြင်း ဖြစ်သည်။

“ထိုင်းနိုင်ငံမှာ မိခင်နိုင်ငံသားမဟုတ်တဲ့ရွှေ့ပြောင်းလုပ်သား မြန်မာ၊ ကမ္ဘောဒီးယား၊လာအို ဒီ ၃ မျိုးပဲ။ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဗီယက်နမ် ဒါကနည်းနည်းပဲရှိတယ်။ အများစုကတော့ အထည်ချုပ်လုပ်ငန်းခွင်တွေ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေနဲ့  မဟာချိုင်တို့ စမွန်ပရာကန်တို့ ဖူးခတ်တို့ရနောင်းတို့ အစရှိတဲ့နေရာတွေမှာ ပင်လယ်ငါးဖမ်းတဲ့အလုပ်တွေ၊ ကုန်းပေါ်မှာငါးပုဇွန်ခွာတဲ့၊ ငါးရွေးပုဇွန်ရွေး ဒါတွေကိုလုပ်ကြရတာဖြစ်ပြီးတော့ ထိုင်းနိုင်ငံမှာလယ်သမားအဆင့်မသတ်မှတ်ခံရတဲ့ စိုက်ပျိုးရေးအကူလုပ်သားတွေလည်းရှိတယ်။ အဲဒါတွေက မြန်မာနိုင်ငံက လယ်သမားတွေဖြစ်ပါတယ်။ တစ်နေ့ထက်တစ်နေ့အင်နဲ့အားနဲ့ဝင်လာတာဖြစ်ပါတယ်။ ဒါတွေက အထွေထွေအလုပ်တွေဖြစ်ပါတယ်။ စုစုပေါင်းအလုပ်အကိုင် ၃၉ မျိုးရှိပါတယ်။ မိခင်နိုင်ငံသားတွေမလုပ်ချင်တဲ့ ရေလုပ်သားလိုအလုပ်ကြမ်းအလုပ်တွေလုပ်ရတာဖြစ်ပါတယ်” ဟု မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှု ကော်မတီမှဥက္ကဋ္ဌ ဦးမိုးကြိုးကပြောသည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၃ သန်းနီးပါးရှိပြီး တရားဝင်အထောက်အထားများဖြင့် အလုပ်လုပ်ကိုင်နေသူမှာ ၂ သန်းနီးပါးရှိကြောင်းသိရသည်။

“ ပြောရရင်တော့ မိခင်နိုင်ငံသားထိုင်းနိုင်ငံသားတွေမလုပ်ချင်တဲ့ ခက်ခဲကြမ်းတမ်းတဲ့အလုပ်တွေ ညစ်ပတ် ပေရေတဲ့အလုပ်တွေ၊ အန္တရာယ်ရှိတဲ့အလုပ်တွေကို ထိုင်းဥပဒေအတိုင်းလုပ်ရပါတယ်။ ဆိုလိုတဲ့သဘောက မိခင်ထိုင်းနိုင်ငံသားတွေထက် တစ်ဆင့်၊ နှစ်ဆင့်နိမ့်ပြီးတော့ အလုပ်ကြမ်းတွေလည်းလုပ်ရမယ်။ ဘယ်သောအခါမှ ထိုင်းအခေါ် ဝန ၊ မြန်မာလိုခေါ်ရင်တော့ အလုပ်ကြီးကြပ်ရေးမှူး အလုပ်သမားတွေရဲ့ ခေါင်းဆောင်အလုပ်၊ ကြီးကြပ်ရေးမှူးအလုပ်ကိုမလုပ်ရဘူး။ ထိုင်းနိုင်ငံသားတွေအောက်မှာပဲနေရတယ်။ ထိုင်းနိုင်ငံသားတွေအောက်မှာပဲလုပ်ရတယ်။ အလုပ်ကြမ်းလုပ်ရမယ်။ မိခင်နိုင်ငံသားတွေနဲ့ နှစ်ဆင့်လောက် ခွာပြီးလုပ်ရမယ်လို့ဆိုတဲ့အနေအထားမျိုးလေးတွေကို သတ်မှတ်ထားပါတယ်” ဟု ဦးမိုးကြိုးက ဆက်ပြောသည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားများအများဆုံးလုပ်နေကြရသည့်ဒေသများတွင် တစ်ရက်လုပ်အားခ ထိုင်းငွေဘတ် ၃၁၂ ဘတ်မှ ၃၀၈ ဘတ်သာရရှိကြပြီး ဘန်ကောက်မြို့အနီးလုပ်ကိုင်သူများသာ ၃၃၃၀ ဘတ်၊ ၃၅၀ ဘတ်၊ ၃၆၀ ဘတ်တို့ရရှိကြောင်းသိရသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။