Skip to main content
vbaeg
Ads Block

ကေလးဗန္းျပၿပီးေတာင္းစားတာက အလြန္ဆိုးရြားတဲ့လုပ္ရပ္ျဖစ္တယ္လို႔ ခင္လိႈင္ ေျပာ

 

ကေလးဗန္းျပၿပီးေတာင္းစားတယ္ဆိုတာ အလြန္ဆိုးရြားတဲ့လုပ္ရပ္ျဖစ္တယ္လုိ႔ သရုပ္ေဆာင္ ခင္လိႈင္က ေျပာလာပါတယ္။

ႏိုင္ငံတကာမွာဆိုရင္ ပိုက္ဆံေတာင္းသူေတြဟာ သူတို႔ရဲ႕အတတ္ပညာတစ္ခုနဲ႔ေဖ်ာ္ေျဖၿပီး လူေတြက ခ်ီးက်ဴးတဲ့အေနနဲ႔ပိုက္ဆံေပးၾကတာျဖစ္တယ္ဆိုၿပီးႏိႈင္းယွဥ္ေျပာလာတာ ျဖစ္ပါတယ္။

“ ဘာမွမသိေသးတ့ဲ ကေလးသူငယ္ေတြကိုေတာင္းစားခိုင္းတ့ဲလူႀကီးေတြလည္းရွိသလို လသားအရြယ္ ကေလးကိုခ်ီၿပီး ေနပူထဲမွာ၊ မိုးရြာထဲမွာ လိုက္ေတာင္းေနတ့ဲသူေတြလည္းရွိတယ္။ ဒါဟာ တကယ္ေတာ့မလုပ္သင့္တ့ဲအရာပါပဲ။ လူႀကီးေတြက ကေလးကိုသနားလို႔ေပးလိုက္ေပမဲ့ အဲဒီလို ကေလးကိုဗန္းျပၿပီးေတာင္းစားေနၾကတာက ႏိုင္ငံတကာနဲ႕ယွဥ္ရင္ အလြန္ဆိုးရြားတ့ဲလုပ္ရပ္ပဲ ျဖစ္ပါတယ္။ ႏိုင္ငံတကာမွာ ပိုက္ဆံေတာင္းတ့ဲသူေတြက သူတို႕တတ္တ့ဲပညာနဲ႔ေတာင္းစားၾကတယ္။ ဥပမာေပးရရင္ ဂီတဆိုဂီတ၊ အတတ္ပညာဆိုအတတ္ပညာစသည္ျဖင့္ သူတို႔တတ္ကြ်မ္းတ့ဲ အႏုပညာနဲ႔ပဲေဖ်ာ္ေျဖေပးၾကတယ္။အဲလိုေဖ်ာ္ေျဖတ့ဲအခါက်ေတာ့ လူေတြကလည္း သူတို႔အတတ္ပညာကိုခ်ီးက်ဴးတ့ဲအေနနဲ႔ ပိုက္ဆံေပးၾကတယ္” လို႔ ခင္လိႈင္က ေျပာပါတယ္။

သရုပ္ေဆာင္ ခင္လႈိင္ဟာ ေရကုသိုလ္ေတာ္အက်ိဳးေတာ္ေဆာင္ပရဟိတအသင္းကို တည္ေထာင္ထားသလို ဇ၀နေဖာင္ေဒးရွင္းကိုတည္ေထာင္ထားၿပီး အႏုပညာအလုပ္ေတြကိုလည္း တစ္စိုက္မတ္မတ္လုပ္ေနသူတစ္ဦး ျဖစ္ပါတယ္။

ျမန္မာႏုိင္ငံမွာ ကေလးသူငယ္ေတြကိုအသံုးခ်ၿပီး ေတာင္းရမ္းေနမႈမ်ားနဲ႔ပတ္သက္လို႔ Facebook ေပၚမွာလည္း ေ၀ဖန္မႈမ်ား အမ်ားအျပားရွိေနပါတယ္။

ေကေကခင္ (အကုန္သိသတင္းဌာန)

 

Unicode Version 

 

 

ကလေးဗန်းပြပြီးတောင်းစားတာက အလွန်ဆိုးရွားတဲ့လုပ်ရပ်ဖြစ်တယ်လို့ ခင်လှိုင် ပြော

ကလေးဗန်းပြပြီးတောင်းစားတယ်ဆိုတာ အလွန်ဆိုးရွားတဲ့လုပ်ရပ်ဖြစ်တယ်လို့ သရုပ်ဆောင် ခင်လှိုင်က ပြောလာပါတယ်။

နိုင်ငံတကာမှာဆိုရင် ပိုက်ဆံတောင်းသူတွေဟာ သူတို့ရဲ့အတတ်ပညာတစ်ခုနဲ့ဖျော်ဖြေပြီး လူတွေက ချီးကျူးတဲ့အနေနဲ့ပိုက်ဆံပေးကြတာဖြစ်တယ်ဆိုပြီးနှိုင်းယှဉ်ပြောလာတာ ဖြစ်ပါတယ်။

“ ဘာမှမသိသေးတဲ့ ကလေးသူငယ်တွေကိုတောင်းစားခိုင်းတဲ့လူကြီးတွေလည်းရှိသလို လသားအရွယ် ကလေးကိုချီပြီး နေပူထဲမှာ၊ မိုးရွာထဲမှာ လိုက်တောင်းနေတဲ့သူတွေလည်းရှိတယ်။ ဒါဟာ တကယ်တော့မလုပ်သင့်တဲ့အရာပါပဲ။ လူကြီးတွေက ကလေးကိုသနားလို့ပေးလိုက်ပေမဲ့ အဲဒီလို ကလေးကိုဗန်းပြပြီးတောင်းစားနေကြတာက နိုင်ငံတကာနဲ့ယှဉ်ရင် အလွန်ဆိုးရွားတဲ့လုပ်ရပ်ပဲ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ ပိုက်ဆံတောင်းတဲ့သူတွေက သူတို့တတ်တဲ့ပညာနဲ့တောင်းစားကြတယ်။ ဥပမာပေးရရင် ဂီတဆိုဂီတ၊ အတတ်ပညာဆိုအတတ်ပညာစသည်ဖြင့် သူတို့တတ်ကျွမ်းတဲ့ အနုပညာနဲ့ပဲဖျော်ဖြေပေးကြတယ်။အဲလိုဖျော်ဖြေတဲ့အခါကျတော့ လူတွေကလည်း သူတို့အတတ်ပညာကိုချီးကျူးတဲ့အနေနဲ့ ပိုက်ဆံပေးကြတယ်” လို့ ခင်လှိုင်က ပြောပါတယ်။

သရုပ်ဆောင် ခင်လှိုင်ဟာ ရေကုသိုလ်တော်အကျိုးတော်ဆောင်ပရဟိတအသင်းကို တည်ထောင်ထားသလို ဇဝနဖောင်ဒေးရှင်းကိုတည်ထောင်ထားပြီး အနုပညာအလုပ်တွေကိုလည်း တစ်စိုက်မတ်မတ်လုပ်နေသူတစ်ဦး ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေကိုအသုံးချပြီး တောင်းရမ်းနေမှုများနဲ့ပတ်သက်လို့ Facebook ပေါ်မှာလည်း ဝေဖန်မှုများ အများအပြားရှိနေပါတယ်။

ကေကေခင် (အကုန်သိသတင်းဌာန)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။