Skip to main content
af
Ads Block

တကၠသိုလ္ဝင္တန္းရမွတ္မ်ားသိရွိလိုပါက တစ္ဘာသာလွ်င္က်ပ္ႏွစ္ေသာင္းခြဲေပးသြင္းကာ ျပန္လည္စိစစ္ႏုိင္

 

တကၠသိုလ္ဝင္တန္းအမွတ္စာရင္းမ်ားကိုေက်နပ္မႈမရွိပါက တစ္ဘာသာလွ်ပ္ က်ပ္ႏွစ္ေသာင္းခြဲေပးသြင္းကာ ျပန္လည္စိစစ္ႏုိင္ေၾကာင္း ျမန္မာႏုိင္ငံစာစစ္ဦးစီးဌာနမွ သိရသည္။

၂၀၁၉ ခုႏွစ္၊ ဇြန္လ ၈ ရက္က ထြက္ရွိခဲ့သည့္တကၠသိုလ္ဝင္တန္းေအာင္စာရင္းတြင္ရရွိသည့္အမွတ္မ်ားႏွင့္ ပတ္သက္ၿပီး ျပန္လည္စိစစ္လိုပါက ျမန္မာႏုိင္ငံစာစစ္ဦးစီးဌာနတြင္ ဇြန္လ ၁၀ ရက္မွစတင္ကာ ေလွ်ာက္ထားႏုိင္ၿပီျဖစ္ေၾကာင္း သိရသည္။

shw

“ ရမွတ္ျပန္စိစစ္တာက အရင္တုန္းကေတာ့ ေအာင္စာရင္းထြက္ၿပီး ႏွစ္ပတ္ေလာက္ၾကာရင္ Complain Section လက္ခံတာေပါ့။ အခုကေတာ့ လူႀကီးကလမ္းလမ္းညႊန္ေတာ့ အမွတ္စာရင္းထြက္ၿပီး ရမွတ္ကို အဆင္မေျပဘူး။ စိတ္တုိင္းမက်ဘူးဆုိရင္ျပန္ေမးခ်င္တာေပါ့။ အဲဒီေတာ့ သူစိတ္တုိင္းမက်တဲ့ဘာသာကို တင္မယ္ဆိုရင္လည္း အခုကေနစၿပီးလက္ခံေနပါၿပီ” ဟု ျမန္မာႏုိင္ငံစာစစ္ဦးစီးဌာန ညႊန္ၾကားေရးမွဴး ဦးမိုးျမင့္ေက်ာ္က ေျပာသည္။

ေက်ာင္းသား၊ ေက်ာင္းသူမ်ား ေလွ်ာက္ထားလာသည့္ဘာသာရပ္မ်ားအေပၚ သက္ဆုိင္ရာတကၠသုိလ္ႀကီး ၁၀ ခု သို႔ျပန္လည္ေပးပို႔မည္ျဖစ္ၿပီး သက္ဆုိင္ရာစာတည္းမွဴးခ်ဳပ္မ်ားက အဆင့္ဆင့္ျပန္လည္စိစစ္ကာ ပါေမာကၡခ်ဳပ္မွ တစ္ဆင့္ ျမန္မာႏုိင္ငံစာစစ္ဦးစီးဌာနညႊန္ၾကားေရးမွဴးခ်ဳပ္ထံေပးအေၾကာင္းျပန္ကာ အဆုိပါညႊန္ခ်ဳပ္မွ ထပ္ဆင့္ စိစစ္ၿပီး မိဘျပည္သူႏွင့္ သက္ဆုိင္ရာေက်ာင္းသားေက်ာင္းသူကိုအေၾကာင္းျပန္ၾကားသြားမည္ျဖစ္ေၾကာင္း သိရသည္။

asg

“ သားကိုဆရာဆရာမေတြက ေလးဘာသာ၊ ငါးဘာသာေလာက္ထြက္မယ္လုိ႔ပဲမွန္းထားတာ။ အခုသူက ဂုဏ္ထူးရဖုိ႔ ႏွစ္မွတ္လို၊ သံုးမွတ္လုိဆုိေတာ့ အဲဒီဘာသာ ေလး၊ ငါးဘာသာေလာက္ကို ျပန္ၾကည့္ဖုိ႔ေတာ့ ရွိတယ္” ဟု အမွတ္စာရင္းလာထုတ္သည့္မိခင္တစ္ဦးက ေျပာသည္။

၂၀၁၈ ခုႏွစ္ကထြက္ရွိသည့္ တကၠသိုလ္ဝင္တန္းေအာင္စာရင္းတြင္ စိတ္တုိင္းမက်သည့္ ဘာသာရပ္အေပၚ ျပန္လည္စိစစ္ရန္ ေလွ်ာက္ထားသူ ၁၀၀၀ ဝန္းက်င္ခန္႔ရွိေၾကာင္း ျမန္မာႏုိင္ငံစာစစ္ဦးစီးဌာနမွ သိရသည္။

agqa

၂၀၁၉ ခုႏွစ္ တကၠသိုလ္ဝင္တန္းစာေမးပြဲဝင္ေရာက္ေျဖဆုိသူ ၈၅၁၅၂၄ ဦးရွိကာေအာင္ျမင္သူ ၂၆၇၆၉၆ ဦး ရွိခဲ့သည့္အတြက္ တစ္ႏုိင္ငံလံုးအတုိင္းအတာျဖင့္ ေအာင္ခ်က္ ၃၁.၄၄ ရာခုိင္ႏႈန္းရွိေၾကာင္း သိရသည္။

ခ်မ္းၿငိမ္း(အကုန္သိသတင္းဌာန)

 

Unicode Version 

 

 

တက္ကသိုလ်ဝင်တန်းရမှတ်များသိရှိလိုပါက တစ်ဘာသာလျှင်ကျပ်နှစ်သောင်းခွဲပေးသွင်းကာ ပြန်လည်စိစစ်နိုင်

တက္ကသိုလ်ဝင်တန်းအမှတ်စာရင်းများကိုကျေနပ်မှုမရှိပါက တစ်ဘာသာလျှပ် ကျပ်နှစ်သောင်းခွဲပေးသွင်းကာ ပြန်လည်စိစစ်နိုင်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။

၂၀၁၉ ခုနှစ်၊ ဇွန်လ ၈ ရက်က ထွက်ရှိခဲ့သည့်တက္ကသိုလ်ဝင်တန်းအောင်စာရင်းတွင်ရရှိသည့်အမှတ်များနှင့် ပတ်သက်ပြီး ပြန်လည်စိစစ်လိုပါက မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင် ဇွန်လ ၁၀ ရက်မှစတင်ကာ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

“ ရမှတ်ပြန်စိစစ်တာက အရင်တုန်းကတော့ အောင်စာရင်းထွက်ပြီး နှစ်ပတ်လောက်ကြာရင် Complain Section လက်ခံတာပေါ့။ အခုကတော့ လူကြီးကလမ်းလမ်းညွှန်တော့ အမှတ်စာရင်းထွက်ပြီး ရမှတ်ကို အဆင်မပြေဘူး။ စိတ်တိုင်းမကျဘူးဆိုရင်ပြန်မေးချင်တာပေါ့။ အဲဒီတော့ သူစိတ်တိုင်းမကျတဲ့ဘာသာကို တင်မယ်ဆိုရင်လည်း အခုကနေစပြီးလက်ခံနေပါပြီ” ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးမြင့်ကျော်က ပြောသည်။

ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားလာသည့်ဘာသာရပ်များအပေါ် သက်ဆိုင်ရာတက္ကသိုလ်ကြီး ၁၀ ခု သို့ပြန်လည်ပေးပို့မည်ဖြစ်ပြီး သက်ဆိုင်ရာစာတည်းမှူးချုပ်များက အဆင့်ဆင့်ပြန်လည်စိစစ်ကာ ပါမောက္ခချုပ်မှ တစ်ဆင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ထံပေးအကြောင်းပြန်ကာ အဆိုပါညွှန်ချုပ်မှ ထပ်ဆင့် စိစစ်ပြီး မိဘပြည်သူနှင့် သက်ဆိုင်ရာကျောင်းသားကျောင်းသူကိုအကြောင်းပြန်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

“ သားကိုဆရာဆရာမတွေက လေးဘာသာ၊ ငါးဘာသာလောက်ထွက်မယ်လို့ပဲမှန်းထားတာ။ အခုသူက ဂုဏ်ထူးရဖို့ နှစ်မှတ်လို၊ သုံးမှတ်လိုဆိုတော့ အဲဒီဘာသာ လေး၊ ငါးဘာသာလောက်ကို ပြန်ကြည့်ဖို့တော့ ရှိတယ်” ဟု အမှတ်စာရင်းလာထုတ်သည့်မိခင်တစ်ဦးက ပြောသည်။

၂၀၁၈ ခုနှစ်ကထွက်ရှိသည့် တက္ကသိုလ်ဝင်တန်းအောင်စာရင်းတွင် စိတ်တိုင်းမကျသည့် ဘာသာရပ်အပေါ် ပြန်လည်စိစစ်ရန် လျှောက်ထားသူ ၁၀၀၀ ဝန်းကျင်ခန့်ရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုသူ ၈၅၁၅၂၄ ဦးရှိကာအောင်မြင်သူ ၂၆၇၆၉၆ ဦး ရှိခဲ့သည့်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်ချက် ၃၁.၄၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

- ချမ်းငြိမ်း(အကုန်သိသတင်းဌာန)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။