Skip to main content
edher
Ads Block

အထူးကုဆရာ၀န္(ခြဲစိတ္)အျဖစ္ ရာထူးတိုးျမွင့္ခန္႔အပ္ခံခဲ့ရသည့္ ေဒါက္တာျမ၀တ္ရည္

 

ေရႊျပည္သာမီးသတ္စခန္းႏွင့္ အျပန္အလွန္အမႈဖြင့္ထားသူ ေဒါက္တာျမ၀တ္ရည္သည္ လက္ေထာက္ ဆရာ၀န္(ခြဲစိတ္)မွ အထူးကုဆရာ၀န္(ခြဲစိတ္) အျဖစ္ ရာထူးတိုးျမွင့္ခန္႔အပ္ခံခဲ့ရေၾကာင္း သိရသည္။

၄င္းမွာ လက္ရွိ၌ ထန္းတပင္ အလုပ္သမားေဆးရံုႀကီးတြင္ လက္ေထာက္ ဆရာ၀န္(ခြဲစိတ္)အျဖစ္ တာ၀န္ထမ္းေဆာင္ေနသူျဖစ္ၿပီး ၿပီးခဲ့ေသာ ဇြန္လ ၈ရက္က ေရႊျပည္သာၿမိဳ႕နယ္ မီးသတ္စခန္းေရွ႕တြင္ ကားရပ္ခဲ့မႈေၾကာင့္ မီးသတ္တပ္ဖြဲ႕ႏွင့္စကားမ်ားခဲ႔ရာမွ အျပန္အလွန္အမႈဖြင့္ထားသူျဖစ္သည္။

“ ပထမဆုရယူဖို႔ ေဟ့ ကိုယ့္သားသမီးကိုခ်ီးျမႇင့္ေပးတဲ့ ေဖေဖတို႔ကိုဦးခိုက္ရွိခိုးလ်က္ ဝမ္းသာအားရ ဖုန္းဆက္လွမ္းေမးေသာေက်းဇူးရွင္ Idol ဆရာအားရွိခိုးဦးခိုက္လ်က္ ဆရာ့ ေစတနာေမတၱာဟာ သူမ်ားေတြလို အေရာင္မေျပာင္းတာသိရလို႔ အၿမဲဆရာ့တပည့္ပါ ဆရာ” ဟု ေဒါက္တာျမ၀တ္ရည္က ၄င္း၏ Facebook စာမ်က္ႏွာတြင္ ေရးသားထားသည္။

ေမလ(၃၀)ရက္က က်င္းပေသာ က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာန၊ စီမံခန္႔ခြဲေရးေကာ္မတီ ညိွႏိႈင္း အစည္းအေ၀း အမွတ္စဥ္ (၅/၂၀၁၉) ဆံုးျဖတ္ခ်က္တြင္ ေဒါက္တာျမ၀တ္ရည္အား လက္ေထာက္ဆရာ၀န္ (ခြဲစိတ္)မွ အထူးကုဆရာ၀န္(ခြဲစိတ္) အျဖစ္တိုးျမွင့္သည္ဟု ပါရွိလာျခင္းျဖစ္ေၾကာင္း သိရသည္။

ေရႊျပည္သာမီးသတ္တပ္ဖြဲ႕စခန္းေရွ႕၌ ကားရပ္ရာမွ စကားမ်ားခဲ့ၾကေသာ ေဒါက္တာ ျမ၀တ္ရည္အား မီးသတ္တပ္ဖြဲ႕မွဴးဦးသြင္ယုႏိုင္ႏွင့္ယာဥ္ထိန္းတပ္ဖြဲ႕စုမွရဲအုပ္သက္ေနာင္တို႔က ေရႊျပည္သာၿမိဳ႕မရဲစခန္း၌ (ပ) ၁၈၄၁ /၂ဝ၁၉ ႏိုင္ငံသားမ်ားပုဂၢိဳလ္ေရးဆိုင္ရာလြတ္လပ္ခြင့္ႏွင့္ လံုၿခံဳမႈ ကာကြယ္ေရးဥပေဒပုဒ္မ-၁ဝ ျဖင့္လည္းေကာင္း၊ (ပ)၁၈၄၂/ ၂ဝ၁၉ဆက္သြယ္ေရးဥပေဒပုဒ္မ-၆၆(ဃ) ျဖင့္လည္းေကာင္း၊ (ပ) ၁၈၄၃/၂ဝ၁၉ ေမာ္ေတာ္ယာဥ္ဥပေဒပုဒ္မ- ၆၅ ျဖင့္လည္းေကာင္းအမႈဖြင့္ထားၿပီး ေဒါက္တာျမဝတ္ရည္ကလည္း ျပန္လည္ အမႈဖြင့္ထားေၾကာင္းရဲမွတ္တမ္းမ်ားအရ သိရသည္။

သို႔ေသာ္ အမႈကိစၥေၾကာင့္ အလုပ္တြင္ထိခိုက္မႈမရွိသကဲ႔သို႔ အထက္လူႀကီးမ်ား၏ ဖိအားေပးမႈမ်ိဳးကိုလည္း ယေန႔အခ်ိန္အထိမခံစားရေၾကာင္း ေဒါက္တာျမ၀တ္ရည္က အကုန္သိသတင္းဌာနသို႔ ေျဖၾကားထားသည္။

သိမ့္ေအးခ်မ္း(အကုန္သိသတင္းဌာန)

Unicode Version

 

အထူးကုဆရာဝန်(ခွဲစိတ်)အဖြစ် ရာထူးတိုးမြှင့်ခန့်အပ်ခံခဲ့ရသည့် ဒေါက်တာမြဝတ်ရည်

ရွှေပြည်သာမီးသတ်စခန်းနှင့် အပြန်အလှန်အမှုဖွင့်ထားသူ ဒေါက်တာမြဝတ်ရည်သည် လက်ထောက် ဆရာဝန်(ခွဲစိတ်)မှ အထူးကုဆရာဝန်(ခွဲစိတ်) အဖြစ် ရာထူးတိုးမြှင့်ခန့်အပ်ခံခဲ့ရကြောင်း သိရသည်။

၎င်းမှာ လက်ရှိ၌ ထန်းတပင် အလုပ်သမားဆေးရုံကြီးတွင် လက်ထောက် ဆရာဝန်(ခွဲစိတ်)အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ပြီးခဲ့သော ဇွန်လ ၈ရက်က ရွှေပြည်သာမြို့နယ် မီးသတ်စခန်းရှေ့တွင် ကားရပ်ခဲ့မှုကြောင့် မီးသတ်တပ်ဖွဲ့နှင့်စကားများခဲ့ရာမှ အပြန်အလှန်အမှုဖွင့်ထားသူဖြစ်သည်။

“ ပထမဆုရယူဖို့ ဟေ့ ကိုယ့်သားသမီးကိုချီးမြှင့်ပေးတဲ့ ဖေဖေတို့ကိုဦးခိုက်ရှိခိုးလျက် ဝမ်းသာအားရ ဖုန်းဆက်လှမ်းမေးသောကျေးဇူးရှင် Idol ဆရာအားရှိခိုးဦးခိုက်လျက် ဆရာ့ စေတနာမေတ္တာဟာ သူများတွေလို အရောင်မပြောင်းတာသိရလို့ အမြဲဆရာ့တပည့်ပါ ဆရာ” ဟု ဒေါက်တာမြဝတ်ရည်က ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။

မေလ(၃၀)ရက်က ကျင်းပသော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ ညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၅/၂၀၁၉) ဆုံးဖြတ်ချက်တွင် ဒေါက်တာမြဝတ်ရည်အား လက်ထောက်ဆရာဝန် (ခွဲစိတ်)မှ အထူးကုဆရာဝန်(ခွဲစိတ်) အဖြစ်တိုးမြှင့်သည်ဟု ပါရှိလာခြင်းဖြစ်ကြောင်း သိရသည်။

ရွှေပြည်သာမီးသတ်တပ်ဖွဲ့စခန်းရှေ့၌ ကားရပ်ရာမှ စကားများခဲ့ကြသော ဒေါက်တာ မြဝတ်ရည်အား မီးသတ်တပ်ဖွဲ့မှူးဦးသွင်ယုနိုင်နှင့်ယာဉ်ထိန်းတပ်ဖွဲ့စုမှရဲအုပ်သက်နောင်တို့က ရွှေပြည်သာမြို့မရဲစခန်း၌ (ပ) ၁၈၄၁ /၂ဝ၁၉ နိုင်ငံသားများပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်လပ်ခွင့်နှင့် လုံခြုံမှု ကာကွယ်ရေးဥပဒေပုဒ်မ-၁ဝ ဖြင့်လည်းကောင်း၊ (ပ)၁၈၄၂/ ၂ဝ၁၉ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆(ဃ) ဖြင့်လည်းကောင်း၊ (ပ) ၁၈၄၃/၂ဝ၁၉ မော်တော်ယာဉ်ဥပဒေပုဒ်မ- ၆၅ ဖြင့်လည်းကောင်းအမှုဖွင့်ထားပြီး ဒေါက်တာမြဝတ်ရည်ကလည်း ပြန်လည် အမှုဖွင့်ထားကြောင်းရဲမှတ်တမ်းများအရ သိရသည်။

သို့သော် အမှုကိစ္စကြောင့် အလုပ်တွင်ထိခိုက်မှုမရှိသကဲ့သို့ အထက်လူကြီးများ၏ ဖိအားပေးမှုမျိုးကိုလည်း ယနေ့အချိန်အထိမခံစားရကြောင်း ဒေါက်တာမြဝတ်ရည်က အကုန်သိသတင်းဌာနသို့ ဖြေကြားထားသည်။

သိမ့်အေးချမ်း(အကုန်သိသတင်းဌာန)

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။