Skip to main content
shbh
Ads Block

မိုက္ကယ္ေက်ာ္ျမင့္အပါအ၀င္ ၃၀ ဦးကို ပုဒ္မ ၁၀ ျဖင့္အမႈဖြင့္ၿပီးေနာက္ သက္ေသခံ DVD ေခြကို ရဲစခန္းသို႔အပ္ႏွံ

 

မိုက္ကယ္ေက်ာ္ျမင့္ႏွင့္အေပါင္းအပါ ၃၀ ဦးကို ပုဒ္မ- ၁၀ ျဖင့္ ေတာင္ဥကၠလာပၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ၿပီးေနာက္ သက္ေသခံ DVD ေခြအား ရဲစခန္းသို႔ ယေန႔(ဇြန္လ ၁၀ ရက္)၊ ေန႔လယ္ပိုင္းက တရားလို၏ ေ႐ွ႕ေနျဖစ္သူက လာေရာက္အပ္ႏွံခ့ဲေၾကာင္း သိရသည္။

“ ေတာင္ဥကၠလာမွာ အေျခခံဥပေဒျပင္ဆင္ေရးအတြက္ကို ေဟာေျပာပြဲလုပ္တယ္။ လုပ္တ့ဲအခါမွာ မိုက္ကယ္ေက်ာ္ျမင့္နဲ႔ အေပါင္းအပါအဖြဲ႔ အေယာက္ ၃၀ က ေနာက္ေယာင္ခံလိုက္ၿပီး ေႏွာင္ယွက္ခ့ဲတ့ဲအတြက္ ကိုေနမ်ဳိးဇင္က တိုင္ၾကားခ့ဲတာပါ။ အေစာႀကီးကတည္းက တိုင္ၾကားဖို႔လုပ္တာပါ။ တိုင္ၾကားဖို႔လုပ္ေနတ့ဲ အခ်ိန္မွာ သက္ဆိုင္ရာအာဏာပိုင္ကပဲအမႈဖြင့္မလားဆိုၿပီး ေစာင့္ၾကည့္ခ့ဲတာေပါ့။ ေစာင့္ၾကည့္ေနရင္းနဲ႔ နည္းနည္းၾကာသြားတယ္။ ၾကာၿပီးတ့ဲေနာက္မွာ ကိုေနမ်ဳိးဇင္ထိန္းသိမ္းခံရတယ္။ ထိန္းသိမ္းခံရတ့ဲအခ်ိန္မွာ သူကလည္းဆႏၵ႐ွိေနတ့ဲအတြက္ အမႈဖြင့္ၿပီးသြားတာပါ။ ဒီေန႔ကေတာ့ အဲဒီပြဲမွာျဖစ္ပ်က္ခ့ဲတ့ဲ ဗီြဒီယိုအေခြကို လာအပ္တာပါ” ဟု ကိုေနမ်ဳိးဇင္၏ေ႐ွ႕ေနျဖစ္သူ တရားလႊတ္ေတာ္ေ႐ွ႕ေန ဦးသိန္းႏိုင္ထြန္း(ခ)ေဒါင္းမာန္ဟုန္က မီဒီယာမ်ားကို ေျပာသည္။

ၿပီးခ့ဲသည့္ ဧၿပီလ ၇ ရက္က ေတာင္ဥကၠလာပၿမိဳ႕နယ္တြင္ က်င္းပျပဳလုပ္ခ့ဲသည့္ ၂၀၀၈ ဖြဲ႔စည္းပုံ အေျခခံဥပေဒျပင္ဆင္ေရးႏွင့္ ဖြဲ႔စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးပူးေပါင္းေကာ္မတီကို ေထာက္ခံသည့္ပြဲတြင္ ဗိုလ္ႀကီးေဟာင္း ကိုေနမ်ဳိးဇင္ ေဟာေျပာမႈမရရွိေစရန္ မိုက္ကယ္ေက်ာ္ျမင့္ႏွင့္ အေပါင္းအပါမ်ားက ေႏွာင့္ယွက္ခ့ဲသျဖင့္ ဇြန္လ ၉ ရက္က ေတာင္ဥကၠလာပၿမိဳ႕မရဲစခန္းတြင္ ကိုေနမ်ိဳးဇင္မွတရားလိုျပဳလုပ္၍ (ပ)၈၄၁/၂၀၁၉၊ ပုဒ္မ- ၁၀ ျဖင့္ အမႈဖြင့္ခ့ဲျခင္းျဖစ္ေၾကာင္း သိရသည္။

“ ေတာင္ဥကၠလာမွာ ျပဳလုပ္ခ့ဲတ့ဲ အေျခခံဥပေဒျပင္ဆင္ေရး လူထုေထာက္ခံပြဲမွာတုန္းက မိုက္ကယ္ေက်ာ္ျမင့္နဲ႔ အေပါင္းအပါတစ္စုက အဲဒီပြဲကိုလာၿပီးေတာ့ ဟန္႔တားေႏွာင့္ယွက္ခ့ဲတယ္။ အဲဒါေၾကာင့္မို႔လို႔ ကိုေနမ်ဳိးဇင္ကေန တရားလိုလုပ္ၿပီးေတာ့ ႏိုင္ငံသားတစ္ေယာက္ရဲ႕လြတ္လပ္ပိုင္ခြင့္ကို လိုက္လံေႏွာင့္ယွက္တ့ဲ ဥပေဒပုဒ္မ ၁၀ နဲ႔ အမႈဖြင့္ခ့ဲတယ္။ အဲဒီလိုဖြင့္ဖို႔အတြက္ကို ကိုေနမ်ဳိးဇင္ရဲ႕တိုင္စာကို သြားေရာက္ယူၿပီးေတာ့ ကြၽန္ေတာ္က ရဲစခန္းမွာ အမႈဖြင့္ခ့ဲတာပါ” ဟု ကိုေနမ်ဳိးဇင္၏မိတ္ေဆြျဖစ္သူ ကိုမင္းမင္းထြန္းက အကုန္သိသတင္းဌာနသို႔ ေျပာသည္။

လက္႐ွိတြင္ မိုက္ကယ္ေက်ာ္ျမင့္ကို မႏၱေလးတိုင္းေဒသႀကီး၊ ဝမ္းတြင္းၿမိဳ႕နယ္႐ွိ ၄င္း၏ ေယာကၡမျဖစ္သူ ေနအိမ္၌ ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

 

 

ႏိုင္မင္းလြင္(အကုန္သိသတင္းဌာန)

 

Unicode Version 

 

 

 

မိုက်ကယ်ကျော်မြင့်အပါအဝင် ၃၀ ဦးကို ပုဒ်မ ၁၀ ဖြင့်အမှုဖွင့်ပြီးနောက် သက်သေခံ DVD ခွေကို ရဲစခန်းသို့အပ်နှံ

 

မိုက်ကယ်ကျော်မြင့်နှင့်အပေါင်းအပါ ၃၀ ဦးကို ပုဒ်မ- ၁၀ ဖြင့် တောင်ဥက္ကလာပမြို့မရဲစခန်းတွင် အမှုဖွင့်ပြီးနောက် သက်သေခံ DVD ခွေအား ရဲစခန်းသို့ ယနေ့(ဇွန်လ ၁၀ ရက်)၊ နေ့လယ်ပိုင်းက တရားလို၏ ရှေ့နေဖြစ်သူက လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။

“ တောင်ဥက္ကလာမှာ အခြေခံဥပဒေပြင်ဆင်ရေးအတွက်ကို ဟောပြောပွဲလုပ်တယ်။ လုပ်တဲ့အခါမှာ မိုက်ကယ်ကျော်မြင့်နဲ့ အပေါင်းအပါအဖွဲ့ အယောက် ၃၀ က နောက်ယောင်ခံလိုက်ပြီး နှောင်ယှက်ခဲ့တဲ့အတွက် ကိုနေမျိုးဇင်က တိုင်ကြားခဲ့တာပါ။ အစောကြီးကတည်းက တိုင်ကြားဖို့လုပ်တာပါ။ တိုင်ကြားဖို့လုပ်နေတဲ့ အချိန်မှာ သက်ဆိုင်ရာအာဏာပိုင်ကပဲအမှုဖွင့်မလားဆိုပြီး စောင့်ကြည့်ခဲ့တာပေါ့။ စောင့်ကြည့်နေရင်းနဲ့ နည်းနည်းကြာသွားတယ်။ ကြာပြီးတဲ့နောက်မှာ ကိုနေမျိုးဇင်ထိန်းသိမ်းခံရတယ်။ ထိန်းသိမ်းခံရတဲ့အချိန်မှာ သူကလည်းဆန္ဒရှိနေတဲ့အတွက် အမှုဖွင့်ပြီးသွားတာပါ။ ဒီနေ့ကတော့ အဲဒီပွဲမှာဖြစ်ပျက်ခဲ့တဲ့ ဗွီဒီယိုအခွေကို လာအပ်တာပါ” ဟု ကိုနေမျိုးဇင်၏ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးသိန်းနိုင်ထွန်း(ခ)ဒေါင်းမာန်ဟုန်က မီဒီယာများကို ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၇ ရက်က တောင်ဥက္ကလာပမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီကို ထောက်ခံသည့်ပွဲတွင် ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင် ဟောပြောမှုမရရှိစေရန် မိုက်ကယ်ကျော်မြင့်နှင့် အပေါင်းအပါများက နှောင့်ယှက်ခဲ့သဖြင့် ဇွန်လ ၉ ရက်က တောင်ဥက္ကလာပမြို့မရဲစခန်းတွင် ကိုနေမျိုးဇင်မှတရားလိုပြုလုပ်၍ (ပ)၈၄၁/၂၀၁၉၊ ပုဒ်မ- ၁၀ ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ တောင်ဥက္ကလာမှာ ပြုလုပ်ခဲ့တဲ့ အခြေခံဥပဒေပြင်ဆင်ရေး လူထုထောက်ခံပွဲမှာတုန်းက မိုက်ကယ်ကျော်မြင့်နဲ့ အပေါင်းအပါတစ်စုက အဲဒီပွဲကိုလာပြီးတော့ ဟန့်တားနှောင့်ယှက်ခဲ့တယ်။ အဲဒါကြောင့်မို့လို့ ကိုနေမျိုးဇင်ကနေ တရားလိုလုပ်ပြီးတော့ နိုင်ငံသားတစ်ယောက်ရဲ့လွတ်လပ်ပိုင်ခွင့်ကို လိုက်လံနှောင့်ယှက်တဲ့ ဥပဒေပုဒ်မ ၁၀ နဲ့ အမှုဖွင့်ခဲ့တယ်။ အဲဒီလိုဖွင့်ဖို့အတွက်ကို ကိုနေမျိုးဇင်ရဲ့တိုင်စာကို သွားရောက်ယူပြီးတော့ ကျွန်တော်က ရဲစခန်းမှာ အမှုဖွင့်ခဲ့တာပါ” ဟု ကိုနေမျိုးဇင်၏မိတ်ဆွေဖြစ်သူ ကိုမင်းမင်းထွန်းက အကုန်သိသတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် မိုက်ကယ်ကျော်မြင့်ကို မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်ရှိ ၎င်း၏ ယောက္ခမဖြစ်သူ နေအိမ်၌ ဖမ်းဆီးရမိထားကြောင်း သိရသည်။

- နိုင်မင်းလွင်(အကုန်သိသတင်းဌာန)

 

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။