Skip to main content
gwg
Ads Block

မုိက္ကယ္ေက်ာ္ျမင့္အား ၀မ္းတြင္းၿမိဳ႕တြင္ဖမ္းဆိးရမိ

 

 

ဖမ္း၀ရမ္းထုတ္ခံထားရသည့္ မုိက္ကယ္ေက်ာ္ျမင့္အား မႏၱေလးတုိင္းေဒသႀကီး၊ ၀မ္းတြင္းၿမိဳ႕ရွိ ၄င္း၏ေယာကၡမ ေနအိမ္တြင္ ယေန႔(ဇြန္လ ၁၀ ရက္)က ဖမ္းဆီးရမိေၾကာင္း ၀မ္းတြင္းၿမိဳ႕နယ္ရဲစခန္းမွ သိရသည္။

ဇြန္လ ၁၀ ရက္၌အကုန္သိသတင္းဌာနမွဆက္သြယ္ေမးျမန္းမႈအေပၚ ၀မ္းတြင္းၿမိဳ႕နယ္ရဲစခန္းမွ တာ၀န္က် ရဲတပ္ဖြဲ႔၀င္တစ္ဦးက အတည္ျပဳေျဖၾကားေပးျခင္း ျဖစ္သည္။

“ မုိက္ကယ္ေက်ာ္ျမင့္ကုိဖမ္းမိတာဟုတ္ပါတယ္။ လတ္တေလာကေတာ့ ဒီစခန္းမွာမထားဘူးဗ်။ သူ႔ကုိမိတၳီလာကု ေခၚသြားပါတယ္’’ ဟု တာ၀န္က်ရဲတပ္ဖြဲ႔၀င္တစ္ဦးကေျပာသည္။

မုိက္ကယ္ေက်ာ္ျမင့္ႏွင့္သီဟမ်ိဳးႏုိင္တုိ႔အား ေတာင္ဒဂုံၿမိဳ႕နယ္တရားရုံးမွ ပုဒ္မ ၅၀၅(ခ) ျဖင့္ ဖမ္း၀ရမ္းထုတ္ခဲ့ျခင္းျဖစ္သည္။

မုိက္ကယ္ေက်ာ္ျမင့္နွင့္၄င္းသီဟမ်ိဳးႏုိင္တုိ႔သည္ ဒဂုံၿမိဳ႕သစ္ေတာင္ပုိင္းၿမိဳ႕နယ္အတြင္း ဘာသာေရး ဆူပူမႈျဖစ္ေစရန္္လုပ္ေဆာင္သည့္အေၾကာင္းအရင္းအပါအ၀င္ ႏုိင္ငံေတာ္အားအၾကည္အညဳိပ်က္ေစမႈပုဒ္မ ၅၀၅(ခ) ျဖင့္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အုပ္ခ်ဳပ္ေရးမွဴးမွ တရားလုိျပဳလုပ္တုိင္တန္းခဲ့ျခင္းျဖစ္သည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

မိုက်ကယ်ကျော်မြင့်အား ဝမ်းတွင်းမြို့တွင်ဖမ်းဆိးရမိ


ဖမ်းဝရမ်းထုတ်ခံထားရသည့် မိုက်ကယ်ကျော်မြင့်အား မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့ရှိ ၎င်း၏ယောက္ခမ နေအိမ်တွင် ယနေ့(ဇွန်လ ၁၀ ရက်)က ဖမ်းဆီးရမိကြောင်း ဝမ်းတွင်းမြို့နယ်ရဲစခန်းမှ သိရသည်။

ဇွန်လ ၁၀ ရက်၌အကုန်သိသတင်းဌာနမှဆက်သွယ်မေးမြန်းမှုအပေါ် ဝမ်းတွင်းမြို့နယ်ရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုဖြေကြားပေးခြင်း ဖြစ်သည်။

“ မိုက်ကယ်ကျော်မြင့်ကိုဖမ်းမိတာဟုတ်ပါတယ်။ လတ်တလောကတော့ ဒီစခန်းမှာမထားဘူးဗျ။ သူ့ကိုမိတ္ထီလာကု ခေါ်သွားပါတယ်’’ ဟု တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

မိုက်ကယ်ကျော်မြင့်နှင့်သီဟမျိုးနိုင်တို့အား တောင်ဒဂုံမြို့နယ်တရားရုံးမှ ပုဒ်မ ၅၀၅(ခ) ဖြင့် ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်သည်။

မိုက်ကယ်ကျော်မြင့်နှင့်၎င်းသီဟမျိုးနိုင်တို့သည် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်အတွင်း ဘာသာရေး ဆူပူမှုဖြစ်စေရန်လုပ်ဆောင်သည့်အကြောင်းအရင်းအပါအဝင် နိုင်ငံတော်အားအကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅(ခ) ဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးမှ တရားလိုပြုလုပ်တိုင်တန်းခဲ့ခြင်းဖြစ်သည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။