Skip to main content
eheh
Ads Block

အိႏၵိယက ပါကစၥတန္ရွိ အၾကမ္းဖက္စခန္းေတြကုိ ဗုံးႀကဲစဥ္က သုံးခဲ့တဲ့ အစၥေရးရဲ႕ ဘန္ကာဖ်က္ဗုံးအမ်ဳိးအစား ၁၀၀ ခန္ ့ ထပ္၀ယ္မည္

 

            အိႏၵိယေလတပ္ဟာ ၄င္းတုိ ့ရဲ႕ လက္နက္တုိက္မွာ ေခတ္မီဘန္ကာဖ်က္ဗုံး အမ်ဳိးအစား ျပန္လည္ျဖည့္တင္းထားဖုိ ့အတြက္ အစၥေရးကာကြယ္ေရး ကုမၸဏီတစ္ခုနဲ ့ သေဘာတူလက္မွတ္ေရးထုိးခဲ့ေၾကာင္း သိရပါတယ္။ အိႏၵိယေလတပ္ဟာ ယင္း ဗုံးအမ်ဳိးအစားေတြကုိ ေဖေဖာ္၀ါရီလအတြင္းက ပါကစၥတန္ႏုိင္ငံတြင္းရွိ အၾကမ္းဖက္သမားေတြရဲ႕ စခန္းပုန္းေတြကုိ ေလေၾကာင္းက တုိက္ခုိက္ရာမွာ သုံးစြဲထားခဲ့ပါတယ္။

             နယူးေဒလီအစုိးရဟာ ခန္ ့မွန္းေျခ ေဒၚလာ ၄၃.၂ သန္းဖုိးရွိမယ့္ ဘန္ကာဖ်က္ဗုံးအမ်ဳိးအစား SPICE-2000 ဗုံး ၁၀၀ ထပ္၀ယ္မွာျဖစ္ေၾကာင္း သိရပါတယ္။ အစၥေရး ကာကြယ္ေရး နည္းပညာကုမၸဏီ Rafael က ထုတ္လုပ္တဲ့ SPICE ဗုံးေတြဟာ စမတ္က်ျခင္း၊ ပစ္မွတ္တိက်ျခင္း၊ အဖုိးအခနဲ ့တန္စြာ ထိေရာက္မႈရွိျခင္း စတဲ့ အားသာခ်က္ေတြရွိေၾကာင္း ေထာက္ခံခ်က္ေတြရထားပါတယ္။ ယင္း ဗုံးေတြကုိ ေနာက္ သုံးလအတြင္း အိႏၵိယ ေလတပ္ (IAF) ထံ ေပးပုိ ့သြားဖုိ ့ ေမွ်ာ္မွန္းထားေၾကာင္းလည္း သတင္းမွာ ေဖာ္ျပပါတယ္။

             ကတုတ္က်င္း ဘန္ကာေတြ၊ အေဆာက္အအုံေတြကုိ ဖ်က္ဆီးဖုိ ့အတြက္ ဖန္တီးထားတဲ့ ယင္းဗုံးအမ်ဳိးအစားေတြဟာ ယခုႏွစ္အေစာပုိင္းက ပါကစၥတန္ႏုိင္ငံ ဘာလာေကာ့ေဒသရွိ သံသယျဖစ္ဖြယ္ အၾကမ္းဖက္စခန္းကုိ တုိက္စဥ္က IAF တုိက္ေလယာဥ္ေတြ အသုံးျပဳခဲ့တဲ့ ဗုံးအမ်ဳိးအစားကုိ ထပ္မံအဆင့္ျမွင့္ထားတာျဖစ္ေၾကာင္း သိရပါတယ္။

       ျပင္ဆင္ထားဖန္တီးထားမႈအရ နည္းပညာျမင့္ SPICE ဗုံးဟာ အကြာအေ၀း ၆၀ ကီလုိမီတာ ေရာက္ရွိႏုိင္ကာ ၄င္းတုိက္ခုိက္မယ့္ လမ္းေၾကာင္းကုိ အလုိက္သင့္ထိမွန္ေစဖုိ ့ တိက်တဲ့ အခ်ိန္မွတ္စနစ္ အသုံးျပထားတယ္လုိ ့ ဆုိပါတယ္။

- RT


ကုိလင္း(အကုန္သိ သတင္းဌာန)

Unicode Version

 

အိန္ဒိယက ပါကစ္စတန်ရှိ အကြမ်းဖက်စခန်းတွေကို ဗုံးကြဲစဉ်က သုံးခဲ့တဲ့ အစ္စရေးရဲ့ ဘန်ကာဖျက်ဗုံးအမျိုးအစား ၁၀၀ ခန့် ထပ်ဝယ်မည်

            အိန္ဒိယလေတပ်ဟာ ၎င်းတို့ရဲ့ လက်နက်တိုက်မှာ ခေတ်မီဘန်ကာဖျက်ဗုံး အမျိုးအစား ပြန်လည်ဖြည့်တင်းထားဖို့အတွက် အစ္စရေးကာကွယ်ရေး ကုမ္ပဏီတစ်ခုနဲ့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယလေတပ်ဟာ ယင်း ဗုံးအမျိုးအစားတွေကို ဖေဖော်ဝါရီလအတွင်းက ပါကစ္စတန်နိုင်ငံတွင်းရှိ အကြမ်းဖက်သမားတွေရဲ့ စခန်းပုန်းတွေကို လေကြောင်းက တိုက်ခိုက်ရာမှာ သုံးစွဲထားခဲ့ပါတယ်။

             နယူးဒေလီအစိုးရဟာ ခန့်မှန်းခြေ ဒေါ်လာ ၄၃.၂ သန်းဖိုးရှိမယ့် ဘန်ကာဖျက်ဗုံးအမျိုးအစား SPICE-2000 ဗုံး ၁၀၀ ထပ်ဝယ်မှာဖြစ်ကြောင်း သိရပါတယ်။ အစ္စရေး ကာကွယ်ရေး နည်းပညာကုမ္ပဏီ Rafael က ထုတ်လုပ်တဲ့ SPICE ဗုံးတွေဟာ စမတ်ကျခြင်း၊ ပစ်မှတ်တိကျခြင်း၊ အဖိုးအခနဲ့တန်စွာ ထိရောက်မှုရှိခြင်း စတဲ့ အားသာချက်တွေရှိကြောင်း ထောက်ခံချက်တွေရထားပါတယ်။ ယင်း ဗုံးတွေကို နောက် သုံးလအတွင်း အိန္ဒိယ လေတပ် (IAF) ထံ ပေးပို့သွားဖို့ မျှော်မှန်းထားကြောင်းလည်း သတင်းမှာ ဖော်ပြပါတယ်။

             ကတုတ်ကျင်း ဘန်ကာတွေ၊ အဆောက်အအုံတွေကို ဖျက်ဆီးဖို့အတွက် ဖန်တီးထားတဲ့ ယင်းဗုံးအမျိုးအစားတွေဟာ ယခုနှစ်အစောပိုင်းက ပါကစ္စတန်နိုင်ငံ ဘာလာကော့ဒေသရှိ သံသယဖြစ်ဖွယ် အကြမ်းဖက်စခန်းကို တိုက်စဉ်က IAF တိုက်လေယာဉ်တွေ အသုံးပြုခဲ့တဲ့ ဗုံးအမျိုးအစားကို ထပ်မံအဆင့်မြှင့်ထားတာဖြစ်ကြောင်း သိရပါတယ်။

       ပြင်ဆင်ထားဖန်တီးထားမှုအရ နည်းပညာမြင့် SPICE ဗုံးဟာ အကွာအဝေး ၆၀ ကီလိုမီတာ ရောက်ရှိနိုင်ကာ ၎င်းတိုက်ခိုက်မယ့် လမ်းကြောင်းကို အလိုက်သင့်ထိမှန်စေဖို့ တိကျတဲ့ အချိန်မှတ်စနစ် အသုံးပြထားတယ်လို့ ဆိုပါတယ်။ 

- RT

ကိုလင်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။