Skip to main content
gwe
Ads Block

ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ရွိလူဦးေရ ၂ သိန္းေက်ာ္အား ၂၄ နာရီေရေပးေ၀ႏုိင္ေတာ့မည္ဟု ဆို


မႏၱေလးၿမိဳ႕၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ရွိ လူဦးေရ ၂ သိန္းေက်ာ္အား ၂၄ နာရီပတ္လံုး ေရေပးေ၀ႏုိင္ေတာ့မည္ ျဖစ္ေၾကာင္း မႏၱေလးၿမိဳ႕ေတာ္၀န္ ဦးရဲလြင္ထံမွ သိရသည္။

အဆိုပါအေၾကာင္းအရာႏွင့္ပတ္သက္ၿပီး မႏၱေလးၿမိဳ႕ေတာ္၀န္ ဦးရဲလြင္က ၄င္း၏ Facebook စာမ်က္ႏွာေပၚတြင္ ေရးသားေဖာ္ျပထားျခင္း ျဖစ္သည္။

“ မႏၲေလးၿမိဳ႕ရဲ႕ေရျဖန္႔ျဖဴးေရးစနစ္မွာ ေနာက္ဆံုးက်န္ရွိေနတဲ့ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ရဲ႕ ၇၀ % ေရေပးေ၀ႏိုင္ေရး နယ္သာလန္ႏိုင္ငံရဲ႕ ပံ့ပိုးကူညီေငြ ၅၀% နဲ႔ ေခ်းေငြ ၅၀% အတြက္ ေထာက္ခံမဲ ၅၄၇ ကန္႔ကြက္မဲ ၅ ၊ ၾကားေန ၁ နဲ႔ ျပည္ေထာင္စုလႊတ္ေတာ္မွ အတည္ျပဳလိုက္ပါၿပီ။ ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီကိုယ္စား လႊတ္ေတာ္တြင္တင္ျပေဆြးေႏြးေပးပါေသာ စီမံကိန္းႏွင့္ဘ႑ာေရး၀န္ႀကီးဌာန ဒုတိယ၀န္ႀကီး ဦးေမာင္ေမာင္၀င္း၊ ေထာက္ခံေဆြးေႏြးေပးၾကေသာ အမ်ိဳးသားလႊတ္ေတာ္ႏွင့္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေတာ္မ်ားႏွင့္ တစ္ခဲနက္ေထာက္ခံမဲေပးခဲ့ၾကေသာ လႊတ္ေတာ္ကိုယ္စားလွယ္ေတာ္မ်ားအားလံုးကိုမႏၲေလးၿမိဳ႕ကိုယ္စား လိႈက္လိႈက္လွဲလွဲ ေက်းဇူးအထူးတင္ရွိပါတယ္။ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၏ လူဦးေရ ၂ သိန္းေက်ာ္အား တစ္ရက္လွ်င္ ေရဂါလံ ၇ သန္း၊  ၂၄ နာရီ ၇ ရက္ပတ္လံုး ေရျဖန္႔ျဖဴးေပးႏိုင္ေတာ့မွာပါ။ ေရမီတာအလံုးေရ ၂ ေသာင္းနဲ႔ မီးသတ္ငုတ္ ၁၀၀ ပါ၀င္ပါမယ္”ဟု မႏၱေလးၿမိဳ႕ေတာ္၀န္ ဦးရဲလြင္ကေရးသားထားသည္။

အဆုိပါေရျဖန္႔ေ၀ျခင္းအတြက္ ဒု႒၀တီျမစ္မွ ရယူသြားမည္ျဖစ္ကာ စီမံကန္းတန္ဖုိးမွာ ယူရုိေငြ ၅၉ ဒႆမ ၉၂ သန္း ျဖစ္ေၾကာင္းသိရသည္။

ေရေပးေ၀ေရး စီမံကန္းကာလမွာ ၂၀၁၉ ခုႏွစ္မွ ၂၀၂၁ ခုႏွစ္အထိ ၂ ႏွစ္ေက်ာ္ကာလျဖစ္ၿပီး နယ္သာလန္အစုိးရ ၂၉ ဒႆမ ၉၆ သန္းေထာက္ပံ့ေငြ၊ FMO ႏွင့္ ING ေခ်းေငြ ၂၉ ဒႆမ ၉၆ သန္း ျဖစ္ကာ ေခ်းေငြကို ၁၀ ႏွစ္ကာလအတြင္း တစ္ႏွစ္လွ်င္အတုိးနႈန္း ၂ ဒႆမ ၃၆ ရာခုိင္ႏႈန္းေပးေဆာင္ရမည္ျဖစ္ေၾကာင္း သိရသည္။

မႏၱေလးတုိင္းေဒသႀကီးတြင္ ၆၁၆၅၇၂၃ ဦးေနထိုင္ၿပီးစတုရန္းမုိင္ ၁၄၆၅၀ ဒႆမ ၉ မုိင္ က်ယ္၀န္းေၾကာင္း သိရသည္။

မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version 

ပြည်ကြီးတံခွန်မြို့နယ်ရှိလူဦးရေ ၂ သိန်းကျော်အား ၂၄ နာရီရေပေးဝေနိုင်တော့မည်ဟု ဆို


မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ လူဦးရေ ၂ သိန်းကျော်အား ၂၄ နာရီပတ်လုံး ရေပေးဝေနိုင်တော့မည် ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန် ဦးရဲလွင်ထံမှ သိရသည်။

အဆိုပါအကြောင်းအရာနှင့်ပတ်သက်ပြီး မန္တလေးမြို့တော်ဝန် ဦးရဲလွင်က ၎င်း၏ Facebook စာမျက်နှာပေါ်တွင် ရေးသားဖော်ပြထားခြင်း ဖြစ်သည်။

“ မန္တလေးမြို့ရဲ့ရေဖြန့်ဖြူးရေးစနစ်မှာ နောက်ဆုံးကျန်ရှိနေတဲ့ ပြည်ကြီးတံခွန်မြို့နယ်ရဲ့ ၇၀ % ရေပေးဝေနိုင်ရေး နယ်သာလန်နိုင်ငံရဲ့ ပံ့ပိုးကူညီငွေ ၅၀% နဲ့ ချေးငွေ ၅၀% အတွက် ထောက်ခံမဲ ၅၄၇ ကန့်ကွက်မဲ ၅ ၊ ကြားနေ ၁ နဲ့ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုလိုက်ပါပြီ။ မြို့တော်စည်ပင်သာယာရေးကော်မတီကိုယ်စား လွှတ်တော်တွင်တင်ပြဆွေးနွေးပေးပါသော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ထောက်ခံဆွေးနွေးပေးကြသော အမျိုးသားလွှတ်တော်နှင့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်များနှင့် တစ်ခဲနက်ထောက်ခံမဲပေးခဲ့ကြသော လွှတ်တော်ကိုယ်စားလှယ်တော်များအားလုံးကိုမန္တလေးမြို့ကိုယ်စား လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးတင်ရှိပါတယ်။ ပြည်ကြီးတံခွန်မြို့နယ်၏ လူဦးရေ ၂ သိန်းကျော်အား တစ်ရက်လျှင် ရေဂါလံ ၇ သန်း၊  ၂၄ နာရီ ၇ ရက်ပတ်လုံး ရေဖြန့်ဖြူးပေးနိုင်တော့မှာပါ။ ရေမီတာအလုံးရေ ၂ သောင်းနဲ့ မီးသတ်ငုတ် ၁၀၀ ပါဝင်ပါမယ်”ဟု မန္တလေးမြို့တော်ဝန် ဦးရဲလွင်ကရေးသားထားသည်။

အဆိုပါရေဖြန့်ဝေခြင်းအတွက် ဒုဋ္ဌဝတီမြစ်မှ ရယူသွားမည်ဖြစ်ကာ စီမံကန်းတန်ဖိုးမှာ ယူရိုငွေ ၅၉ ဒဿမ ၉၂ သန်း ဖြစ်ကြောင်းသိရသည်။

ရေပေးဝေရေး စီမံကန်းကာလမှာ ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ၂ နှစ်ကျော်ကာလဖြစ်ပြီး နယ်သာလန်အစိုးရ ၂၉ ဒဿမ ၉၆ သန်းထောက်ပံ့ငွေ၊ FMO နှင့် ING ချေးငွေ ၂၉ ဒဿမ ၉၆ သန်း ဖြစ်ကာ ချေးငွေကို ၁၀ နှစ်ကာလအတွင်း တစ်နှစ်လျှင်အတိုးနှုန်း ၂ ဒဿမ ၃၆ ရာခိုင်နှုန်းပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးတွင် ၆၁၆၅၇၂၃ ဦးနေထိုင်ပြီးစတုရန်းမိုင် ၁၄၆၅၀ ဒဿမ ၉ မိုင် ကျယ်ဝန်းကြောင်း သိရသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။