Skip to main content
Ads Block

မကွေးတိုင်းအတွင်း အောင်ချက်ရာခိုင်နှုန်း သုညရှိတဲ့ ကျောင်း (၉) ကျောင်း ရှိနေ (ရုပ်သံ)

 

Unicode version

မကွေးတိုင်းဒေသကြီးအတွင်းမှာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ (၈၃၉၂၂) ဦး ရှိတဲ့အနက် အောင်မြင်သူ (၂၇၀၉၈)  ဦး ရှိပြီး အောင်ချက်ရာခိုင်နှုန်းမှာ (၃၂.၂၉) ရာခိုင်နှုန်းဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီး အခြေခံပညာဦးစီးဌာနရုံးစာရင်းတွေအရ သိရပါတယ်။ တိုင်းအတွင်း မင်းတုန်း၊ ချောက်၊ ရေနံချောင်း မြို့သစ်၊ စလင်း စတဲ့မြို့နယ်တွေမှာတော့ ယခုနှစ်အောင်ချက် သုညရာခိုင်နှုန်းသာရှိတဲ့ ကျောင်း (၉) ကျောင်း ရှိခဲ့တယ်လို့လည်း သိရပါတယ်။
 

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။