Skip to main content
eh
Ads Block

ေဘာလံုးကြင္းမ်ားတြင္ ကမၻာ့အဆင့္မီျမက္ခင္းမ်ားရွိေစေရး အစိုးရမွ တာ၀န္ယူေပးသင့္ဟု ဦးေဇာ္ေဇာ္ ေျပာ

 

ျမန္မာႏုိင္ငံတြင္ ကမၻာ့ဖလားက်င္းပေရးအတြက္ အဆင့္မီေဘာလံုးကြင္းမ်ားရွိေသာ္လည္း ကမၻာ့အဆင့္မီ ျမက္ခင္းမ်ားရွိေစေရးကိုမူ အစိုးရမွတာ၀န္ယူေပးသင့္ေၾကာင္း ျမန္မာႏုိင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္ ဥကၠ႒ ဦးေဇာ္ေဇာ္က ေျပာသည္။

ျမန္မာႏုိင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္တြင္ ဇြန္လ (၁၀)ရက္ကက်င္းပသည့္ ASEAN ELEVEN TEAM အားဂုဏ္ျပဳသည့္ အခမ္းအနားတြင္ အထက္ပါအတိုင္းေျပာျခင္းျဖစ္သည္။

er

“ ဒီကမၻာ့ဖလားပြဲကိုက်င္းပဖို႔က ကြင္းေတြကပရိတ္သတ္ ၁ ေသာင္း၊ ၂ ေသာင္းဆံ့တဲ့ကြင္းရွိလည္းက်င္းပလို႔ ျဖစ္ပါတယ္။ ေနာက္တစ္ခုက ျမက္ခင္းေတြကေကာင္းေနရမယ္။ လံုး၀ကမၻာ့အဆင့္မီျဖစ္ေနရပါမယ္။ ေနာက္ၿပီးေလ့က်င့္ေရးကြင္းေတြကလည္း လံုး၀အဆင့္မီျဖစ္ေနရပါမယ္။ ဒါေတြကိုအစိုးရဘက္က လုပ္ေပးႏုိင္ရင္ ကၽြန္ေတာ္တို႔ဘက္ကလည္းက်င္းပခြင့္ရဖို႕အတြက္ ႀကိဳးစားေပးေနတာက အေထာက္အကူ ျဖစ္တာေပါ့” ဟု ျမန္မာႏုိင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္ဥကၠ႒ ဦးေဇာ္ေဇာ္က ေျပာသည္။

ျမန္မာႏုိင္ငံတြင္ ယူ ၂၀ ကမၻာ့ဖလားက်င္းပခြင့္ရရွိေရးအတြက္ ႏုိင္ငံတကာအဆင့္မီကြင္း (၆)ကြင္း လိုအပ္ၿပီး ၿပိဳင္ပြဲမ်ားက်င္းပမည့္ကြင္းမ်ားမွာ ပရိတ္သတ္မ်ားစြာ၀င္ဆံ့ရန္ မလိုအပ္ေသာ္လည္း ဖြင့္ပြဲႏွင့္ပိတ္ပြဲျပဳလုပ္မည့္ ကြင္းမ်ားမွာပရိတ္သတ္အနည္းဆံုး ၅ ေသာင္း၀င္ဆံ့ရန္လည္းလိုအပ္ေၾကာင္း သိရသည္။

ျမန္မာႏုိင္ငံတြင္မူ ရန္ကုန္ၿမိဳ႕၌ သု၀ဏၰကြင္း၊ ေနျပည္ေတာ္တြင္ ၀ဏၰသိဒၵိကြင္းႏွင့္ ေဇယ်ာသီရိကြင္း၊ မႏၱေလးၿမိဳ႕တြင္ မႏၱလာသီရိကြင္းတို႔ရွိေနၿပီး သု၀ဏၰကြင္းကိုမူ ျပန္လည္ျပင္ဆင္သြားရန္ရွိေၾကာင္း သိရသည္။

 

ထက္ေ၀လင္း(အကုန္သိသတင္းဌာန)

 

Unicode Version 

 

 

ဘောလုံးကွင်းများတွင် ကမ္ဘာ့အဆင့်မီမြက်ခင်းများရှိစေရေး အစိုးရမှ တာဝန်ယူပေးသင့်ဟု ဦးဇော်ဇော် ပြော

မြန်မာနိုင်ငံတွင် ကမ္ဘာ့ဖလားကျင်းပရေးအတွက် အဆင့်မီဘောလုံးကွင်းများရှိသော်လည်း ကမ္ဘာ့အဆင့်မီ မြက်ခင်းများရှိစေရေးကိုမူ အစိုးရမှတာဝန်ယူပေးသင့်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တွင် ဇွန်လ (၁၀)ရက်ကကျင်းပသည့် ASEAN ELEVEN TEAM အားဂုဏ်ပြုသည့် အခမ်းအနားတွင် အထက်ပါအတိုင်းပြောခြင်းဖြစ်သည်။

“ ဒီကမ္ဘာ့ဖလားပွဲကိုကျင်းပဖို့က ကွင်းတွေကပရိတ်သတ် ၁ သောင်း၊ ၂ သောင်းဆံ့တဲ့ကွင်းရှိလည်းကျင်းပလို့ ဖြစ်ပါတယ်။ နောက်တစ်ခုက မြက်ခင်းတွေကကောင်းနေရမယ်။ လုံးဝကမ္ဘာ့အဆင့်မီဖြစ်နေရပါမယ်။ နောက်ပြီးလေ့ကျင့်ရေးကွင်းတွေကလည်း လုံးဝအဆင့်မီဖြစ်နေရပါမယ်။ ဒါတွေကိုအစိုးရဘက်က လုပ်ပေးနိုင်ရင် ကျွန်တော်တို့ဘက်ကလည်းကျင်းပခွင့်ရဖို့အတွက် ကြိုးစားပေးနေတာက အထောက်အကူ ဖြစ်တာပေါ့” ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောသည်။

မြန်မာနိုင်ငံတွင် ယူ ၂၀ ကမ္ဘာ့ဖလားကျင်းပခွင့်ရရှိရေးအတွက် နိုင်ငံတကာအဆင့်မီကွင်း (၆)ကွင်း လိုအပ်ပြီး ပြိုင်ပွဲများကျင်းပမည့်ကွင်းများမှာ ပရိတ်သတ်များစွာဝင်ဆံ့ရန် မလိုအပ်သော်လည်း ဖွင့်ပွဲနှင့်ပိတ်ပွဲပြုလုပ်မည့် ကွင်းများမှာပရိတ်သတ်အနည်းဆုံး ၅ သောင်းဝင်ဆံ့ရန်လည်းလိုအပ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်မူ ရန်ကုန်မြို့၌ သုဝဏ္ဏကွင်း၊ နေပြည်တော်တွင် ဝဏ္ဏသိဒ္ဒိကွင်းနှင့် ဇေယျာသီရိကွင်း၊ မန္တလေးမြို့တွင် မန္တလာသီရိကွင်းတို့ရှိနေပြီး သုဝဏ္ဏကွင်းကိုမူ ပြန်လည်ပြင်ဆင်သွားရန်ရှိကြောင်း သိရသည်။

- ထက်ဝေလင်း(အကုန်သိသတင်းဌာန)

 

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။