Skip to main content
afgf
Ads Block

အခေၾကးေငြရယူၿပီး မူးယစ္ေဆး၀ါးမ်ားပို႔ေဆာင္ေပးသူ ၂ ဦးကိုဖမ္းမိ

 

ကခ်င္ျပည္နယ္၊ လြယ္ဂ်ယ္ၿမိဳ႕စစ္ေဆးေရးဂိတ္အနီး၌ အခေၾကးေငြျဖင့္ မူးယစ္ေဆး၀ါးသယ္ယူပို႔ေဆာင္ေပးသူ ၂ ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္းသတင္းရရွိသည္။

ျဖစ္စဥ္မွာ လြယ္ဂ်ယ္ၿမိဳ႕(စစ္ေဆးေရးဂိတ္- ၂) အနီး၌ နယ္ေျမခံရဲတပ္ဖြဲ႔၀င္မ်ားႏွင့္အတူ ပူးေပါင္းတပ္ဖြဲ႔၀င္မ်ားသည္ ႀကိဳတင္သတင္းရရွိခ်က္အရ ဇြန္လ ၉ ရက္၊ ညအခ်ိန္က လြယ္ဂ်ယ္ၿမိဳ႕-မန္းေကာင္းသြားကားလမ္းမေပၚတြင္ ေစာင့္ဆိုင္းေနၾကစဥ္ ည ၈ နာရီ ၄၅ မိနစ္ခန္႔၌ နမ့္ခမ္းၿမိဳ႕မွ လြယ္ဂ်ယ္ၿမိဳ႕ဘက္သို႔ ေမာင္းႏွင္လာသည့္ IPSUM အမ်ိဳးအစားယာဥ္ကိုတားဆီးစစ္ေဆးခဲ့ေၾကာင္း သိရသည္။

အဆိုပါယာဥ္ေပၚ၌ ယာဥ္ေမာင္းလဆန္(ခ)မာခမ္း ၂၅ ႏွစ္(တာမိုးညဲၿမိဳ႕နယ္၊ မန္ကန္ေက်းရြာေန)ႏွင့္ ေနာ္ထြယ္ ၃၀ ႏွစ္(သိန္းနီၿမိဳ႕နယ္၊ နားတီးစုစည္းရြာေန) တို႔ႏွစ္ဦးလိုက္ပါလာၿပီး ကား၏၀ဲဘက္ေျခနင္းေဖာင္းလိုင္း အံ၀ွက္အတြင္း၀ွက္၍သယ္ေဆာင္လာေသာအေလးခ်ိန္ ၁၂၂၀ ဂရမ္(လက္လီေစ်း ၁ ဂရမ္ ၁ သိန္းႏႈန္း) ေငြက်ပ္သိန္းေပါင္း ၁၂၂၀ ေက်ာ္တန္ဖိုးရွိဘိန္းျဖဴေရာင္စံုဆပ္ျပာခြက္ ၆၂ ခြက္ႏွင့္ အျပာေရာင္ ကပ္ခြာအိတ္မ်ားျဖင့္ထည့္ထားသည့္ ပန္းေရာင္စိတ္ၾကြေဆးျပားေပါင္း ၅၇၀၀ ျပား(တန္ဖိုးသိန္း ၁၄၀ က်ပ္)တို႔ကို ေတြ႔ရွိသိမ္းဆည္းရမိခဲ့ျခင္းျဖစ္သည္။

စစ္ေမးခ်က္အရ ၎တို႔ႏွစ္ဦးသည္ မူဆယ္ၿမိဳ႕ရွိနာရီစင္အနီး၌ ပရိေဘာဂလုပ္ငန္း လုပ္ကိုင္ေနသူမ်ား ျဖစ္သည့္အျပင္ မူးယစ္ေဆး၀ါးသံုးစြဲသူမ်ားျဖစ္ေၾကာင္း သိရွိခဲ့ရသည္။

၎တို႔ဆိုင္သို႔ လြန္ခဲ့သည့္ ၇ လေက်ာ္က ေစ်းလာ၀ယ္သူေအာင္ဂ်ာဆိုသူႏွင့္ သိကြ်မ္းခင္မင္ခဲ့ၾကရာမွ ၎က (Wechat)ျဖင့္ဆက္သြယ္ကာ မူးယစ္ေဆး၀ါးမ်ားသို၀ွက္ထည့္ထားသည့္ ကားကို မူဆယ္ၿမိဳ႕မွ လြယ္ဂ်ယ္ၿမိဳ႕သို႔ ေမာင္းႏွင္ပို႔ေဆာင္ေပးရန္ အခေၾကးေငြျဖင့္ေစခိုင္းသည့္အတြက္ေၾကာင့္ ပို႔ေဆာင္ေပးစဥ္ ယခုကဲ့သို႔ ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္းထြက္ဆိုခဲ့ၾကသည္။

ထို႔္ေၾကာင့္ မူးယစ္ေဆး၀ါးမ်ားသယ္ယူပို႔ေဆာင္သည့္ လဆန္(ခ)မာခမ္း ၂၅ ႏွစ္ႏွင့္ ေနာ္ထြယ္ ၃၀ ႏွစ္တို႔ႏွစ္ဦးကိုဇြန္လ ၁၀ ရက္၊ ယေန႔နံနက္တြင္ လြယ္ဂ်ယ္နယ္ေျမရဲစခန္း၌ မူးယစ္(ပ)၁၁/၂၀၁၉ ၊ မူး/စိတ္ပုဒ္မ - ၁၉(က)/၂၁ ျဖင့္ အမႈဖြင့္၍ အဓိကႀကိဳးကိုင္ေစခိုင္းသူကိုစံုစမ္းေနေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

ဓာတ္ပံု - ဗန္းေမာ္ပြင့္သစ္

 

ဒါးဇ(အကုန္သိသတင္းဌာန)

 

Unicode Version

 

အခကြေးငွေရယူပြီး မူးယစ်ဆေးဝါးများပို့ဆောင်ပေးသူ ၂ ဦးကိုဖမ်းမိ

ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့စစ်ဆေးရေးဂိတ်အနီး၌ အခကြေးငွေဖြင့် မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်ပေးသူ ၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်းသတင်းရရှိသည်။

ဖြစ်စဉ်မှာ လွယ်ဂျယ်မြို့(စစ်ဆေးရေးဂိတ်- ၂) အနီး၌ နယ်မြေခံရဲတပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းတပ်ဖွဲ့ဝင်များသည် ကြိုတင်သတင်းရရှိချက်အရ ဇွန်လ ၉ ရက်၊ ညအချိန်က လွယ်ဂျယ်မြို့-မန်းကောင်းသွားကားလမ်းမပေါ်တွင် စောင့်ဆိုင်းနေကြစဉ် ည ၈ နာရီ ၄၅ မိနစ်ခန့်၌ နမ့်ခမ်းမြို့မှ လွယ်ဂျယ်မြို့ဘက်သို့ မောင်းနှင်လာသည့် IPSUM အမျိုးအစားယာဉ်ကိုတားဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်ပေါ်၌ ယာဉ်မောင်းလဆန်(ခ)မာခမ်း ၂၅ နှစ်(တာမိုးညဲမြို့နယ်၊ မန်ကန်ကျေးရွာနေ)နှင့် နော်ထွယ် ၃၀ နှစ်(သိန်းနီမြို့နယ်၊ နားတီးစုစည်းရွာနေ) တို့နှစ်ဦးလိုက်ပါလာပြီး ကား၏ဝဲဘက်ခြေနင်းဖောင်းလိုင်း အံဝှက်အတွင်းဝှက်၍သယ်ဆောင်လာသောအလေးချိန် ၁၂၂၀ ဂရမ်(လက်လီဈေး ၁ ဂရမ် ၁ သိန်းနှုန်း) ငွေကျပ်သိန်းပေါင်း ၁၂၂၀ ကျော်တန်ဖိုးရှိဘိန်းဖြူရောင်စုံဆပ်ပြာခွက် ၆၂ ခွက်နှင့် အပြာရောင် ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် ပန်းရောင်စိတ်ကြွဆေးပြားပေါင်း ၅၇၀၀ ပြား(တန်ဖိုးသိန်း ၁၄၀ ကျပ်)တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

စစ်မေးချက်အရ ၎င်းတို့နှစ်ဦးသည် မူဆယ်မြို့ရှိနာရီစင်အနီး၌ ပရိဘောဂလုပ်ငန်း လုပ်ကိုင်နေသူများ ဖြစ်သည့်အပြင် မူးယစ်ဆေးဝါးသုံးစွဲသူများဖြစ်ကြောင်း သိရှိခဲ့ရသည်။

၎င်းတို့ဆိုင်သို့ လွန်ခဲ့သည့် ၇ လကျော်က ဈေးလာဝယ်သူအောင်ဂျာဆိုသူနှင့် သိကျွမ်းခင်မင်ခဲ့ကြရာမှ ၎င်းက (Wechat)ဖြင့်ဆက်သွယ်ကာ မူးယစ်ဆေးဝါးများသိုဝှက်ထည့်ထားသည့် ကားကို မူဆယ်မြို့မှ လွယ်ဂျယ်မြို့သို့ မောင်းနှင်ပို့ဆောင်ပေးရန် အခကြေးငွေဖြင့်စေခိုင်းသည့်အတွက်ကြောင့် ပို့ဆောင်ပေးစဉ် ယခုကဲ့သို့ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းထွက်ဆိုခဲ့ကြသည်။

ထို့်ကြောင့် မူးယစ်ဆေးဝါးများသယ်ယူပို့ဆောင်သည့် လဆန်(ခ)မာခမ်း ၂၅ နှစ်နှင့် နော်ထွယ် ၃၀ နှစ်တို့နှစ်ဦးကိုဇွန်လ ၁၀ ရက်၊ ယနေ့နံနက်တွင် လွယ်ဂျယ်နယ်မြေရဲစခန်း၌ မူးယစ်(ပ)၁၁/၂၀၁၉ ၊ မူး/စိတ်ပုဒ်မ - ၁၉(က)/၂၁ ဖြင့် အမှုဖွင့်၍ အဓိကကြိုးကိုင်စေခိုင်းသူကိုစုံစမ်းနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဓာတ်ပုံ - ဗန်းမော်ပွင့်သစ်

- ဒါးဇ(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။