Skip to main content
rhwhwr
Ads Block

အရြယ္ေရာက္မွ TikTok ေဆာ့ရတာနည္းနည္းရွက္တယ္ဆိုတဲ့ အကယ္ဒမီသက္မြန္ျမင့္

TikTok ကေန ရြက္ပုန္းသီး သရုပ္ေဆာင္ေလးေတြ ထြက္လာတာေတြ႕ရတယ္လို႔ အကယ္ဒမီ သက္မြန္ျမင့္က ေျပာလာပါတယ္။

လက္ရွိ ျမန္မာ့လူမႈအသိုင္းအ၀ိုင္းမွာ TikTok အသံုးျပဳမႈ တြင္က်ယ္လာတာနဲ႔ပတ္သက္ၿပီး အခုလို ေျပာတာ ျဖစ္ပါတယ္။

sgrw

“ TikTok ေဆာ့တာနည္းနည္းေစာရင္ေကာင္းမယ္။ ဒီအရြယ္ေရာက္မွေဆာ့ရတာရွက္တယ္။ အရွိန္ေလးေတြ နည္းနည္က်သြားၿပီေပါ့။ ကိုယ္ေတြငယ္တဲ့အခ်ိန္ဆိုရင္ အဲဒီလိုေဆာ့ရတာ ေပ်ာ္စရာႀကီးေနမွာ။ အသင္းအဖြဲ႔နဲ႔ ေဆာ့ရင္ ပိုၿပီးေကာင္းပါတယ္။ မႀကီးစိုးတို႔၊ မမို႔တို႔ေဆာ့တာေလးေတြ တအားခ်စ္ဖို႔ေကာင္းတာပဲ။ သူလည္း သရုပ္ေဆာင္ပညာရပ္တစ္ခုပဲ။ ေဆာ့တဲ့သူေတြ သရုပ္ေဆာင္ပညာေတာ္ေတာ္တက္ၾကၿပီး တခ်ိဳ႕ဆို သက္မြန္ရဲ႕ဒရာမာကားေလးကို မ်က္ရည္ေတြဘာေတြက်ၿပီး သရုပ္ေဆာင္ထားတယ္။ ရြက္ပုန္းသီးေတြ ထြက္လာတာေပါ့”လို႕ သက္မြန္ျမင့္က ေျပာပါတယ္။

TikTok ဟာဆိုရင္ ၂၀၁၆ ခုႏွစ္ေလာက္ကစၿပီး တရုတ္ႏုိင္ငံမွာ လူႀကိဳက္မ်ားလာတဲ့ Application ျဖစ္ၿပီး ျမန္မာႏိုင္ငံမွာေတာ့ ၂၀၁၈ -၂၀၁၉ ေလာက္မွာ TikTok အသံုးျပဳသူ အရမ္းကိုမ်ားျပားလာတာျဖစ္ပါတယ္။

အဆိုပါ TikTok မွာ ႏိုင္ငံတကာက နာမည္ႀကီး အႏုပညာရွင္မ်ားစြာလည္း အသံုးျပဳေနတာေတြ႕ရွိရၿပီး ျမန္မာႏုိင္ငံက အႏုပညာရွင္ေတြပါ အသံုးျပဳမႈမ်ားျပားလာတာျဖစ္ပါတယ္။

- အိျႏၵာ (အကုန္သိသတင္းဌာန)

Unicode Version

အရွယ်ရောက်မှ TikTok ဆော့ရတာနည်းနည်းရှက်တယ်ဆိုတဲ့ အကယ်ဒမီသက်မွန်မြင့်

TikTok ကနေ ရွက်ပုန်းသီး သရုပ်ဆောင်လေးတွေ ထွက်လာတာတွေ့ရတယ်လို့ အကယ်ဒမီ သက်မွန်မြင့်က ပြောလာပါတယ်။

လက်ရှိ မြန်မာ့လူမှုအသိုင်းအဝိုင်းမှာ TikTok အသုံးပြုမှု တွင်ကျယ်လာတာနဲ့ပတ်သက်ပြီး အခုလို ပြောတာ ဖြစ်ပါတယ်။

“ TikTok ဆော့တာနည်းနည်းစောရင်ကောင်းမယ်။ ဒီအရွယ်ရောက်မှဆော့ရတာရှက်တယ်။ အရှိန်လေးတွေ နည်းနည်ကျသွားပြီပေါ့။ ကိုယ်တွေငယ်တဲ့အချိန်ဆိုရင် အဲဒီလိုဆော့ရတာ ပျော်စရာကြီးနေမှာ။ အသင်းအဖွဲ့နဲ့ ဆော့ရင် ပိုပြီးကောင်းပါတယ်။ မကြီးစိုးတို့၊ မမို့တို့ဆော့တာလေးတွေ တအားချစ်ဖို့ကောင်းတာပဲ။ သူလည်း သရုပ်ဆောင်ပညာရပ်တစ်ခုပဲ။ ဆော့တဲ့သူတွေ သရုပ်ဆောင်ပညာတော်တော်တက်ကြပြီး တချို့ဆို သက်မွန်ရဲ့ဒရာမာကားလေးကို မျက်ရည်တွေဘာတွေကျပြီး သရုပ်ဆောင်ထားတယ်။ ရွက်ပုန်းသီးတွေ ထွက်လာတာပေါ့”လို့ သက်မွန်မြင့်က ပြောပါတယ်။

TikTok ဟာဆိုရင် ၂၀၁၆ ခုနှစ်လောက်ကစပြီး တရုတ်နိုင်ငံမှာ လူကြိုက်များလာတဲ့ Application ဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ ၂၀၁၈ -၂၀၁၉ လောက်မှာ TikTok အသုံးပြုသူ အရမ်းကိုများပြားလာတာဖြစ်ပါတယ်။

အဆိုပါ TikTok မှာ နိုင်ငံတကာက နာမည်ကြီး အနုပညာရှင်များစွာလည်း အသုံးပြုနေတာတွေ့ရှိရပြီး မြန်မာနိုင်ငံက အနုပညာရှင်တွေပါ အသုံးပြုမှုများပြားလာတာဖြစ်ပါတယ်။

- အိန္ဒြာ (အကုန်သိသတင်းဌာန)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။