Skip to main content
တေနါ့နေဘ
Ads Block

ဒုရဲအုပ်တစ်ဦး အမြန်လမ်းမကြီးကိုဖြတ်ကူးရာမှ ကားတိုက်ခံရပြီးသေဆုံး

ရန်ကုန်- နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၁၅၈ အနီးတွင် ဒုရဲအုပ်တစ်ဦး ကားတိုက်ခံရပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၁၅၈ အနီးတွင် ဇွန် ၉ ရက်၊ ည ၁၀ နာရီခွဲခန့်က ရဲတပ်ဖွဲ့ဝင်တစ်ဦး ယာဉ်တိုက်ခံရကြောင်းသတင်းရရှိသဖြင့် ဇီးပင်သာရဲစခန်းမှူး ရဲအုပ်မင်းနိုင် အပါအ၀င် တာဝန်ရှိသူများက အခင်းဖြစ်နေရာသို့သွားရောက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

့်တန

စစ်ဆေးချက်အရ ဇီးပင်သာအမြန်လမ်းမကြီးရဲစခန်း၊စမိုးရဲကင်းမှ ရဲကင်းမှူး ဒုရဲအုပ်ထွန်းဝင်းသည် ရန်ကုန် - နေပြည်တော်၊ မိုင်တိုင်အမှတ် ၁၅၈ / ၃ နှင့် ၄ ကြားရှိ ထမင်းဆိုင်တွင်ထမင်းစားပြီးနောက် နေပြည်တော် -ရန်ကုန်လမ်းပိုင်းဘက်သို့ လမ်းဖြတ်ကူးစဉ် နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်းချစ်ကိုကိုလွင် မောင်းနှင်လာသော Honda fit အနက်ရောင်ယာဉ်ဖြင့်တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ဒုရဲအုပ်ထွန်းဝင်းတွင် နာဖူးချိုင့်ဝင်၊ နောက်စေ့ကွဲ၊ ဝဲဘက်ခြေသလုံးကျိုး၊ ယာဘက်ခြေသလုံးပွန်း၊ ယာဘက်လက်မောင်းပြဲဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပက်သက်၍ အမြန်လမ်းမကြီးအပေါ် တက်ရောက်သွားလာခွင့်မရှိဘဲ တက်ရောက်သွားလာသူ ဒုရဲအုပ်ထွန်းဝင်းအား ဥပဒေအရအရေးယူပေးပါရန် ရဲအုပ်သိန်းထွန်းမှ တရားလိုလုပ်တိုင်တန်းလာသဖြင့် ဇီးပင်သာအမြန်လမ်းမကြီးရဲစခန်း၌ (ပ)၃၉ /၂၀၁၉ အမြန်လမ်းမကြီး ဥပဒေပုဒ်မ- ၁၈ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

နေလင်းအောင်(အကုန်သိသတင်းဌာန)

Unicode Version

- နေလင်းအောင်(အကုန်သိသတင်းဌာန)

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။