Skip to main content
eherh
Ads Block

ဖလမ္းေလဆိပ္တည္ေဆာက္မႈ ၅၃ ရာခိုင္ႏႈန္းၿပီးစီးေနၿပီဟု ဆို

 

ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕တြင္ တည္ေဆာက္ေနေသာေလယာဥ္ကြင္းမွာ လက္ရွိတြင္ ၅၃ ရာခိုင္ႏႈန္းၿပီးစီးေနၿပီ ျဖစ္ေၾကာင္း ျပည္တြင္းေလေၾကာင္းပို႔ေဆာင္ေရးဦးစီးဌာနမွ ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးရဲထြဋ္ေအာင္က ေျပာသည္။

ေလယာဥ္ကြင္းအသစ္ေဖာ္ေဆာင္ေနမႈမ်ားႏွင့္ ပတ္သက္၍ ေမးျမန္းရာတြင္ ၄င္းက အထက္ပါအတိုင္း ေျဖၾကားခဲ့ျခင္းျဖစ္သည္။

“ ဖလမ္းေလဆိပ္ကိုလည္း အျမန္ဆံုးၿပီးစီးဖို႔အတြက္ ဌာနအေနနဲ႔ တြန္းအားေပးၿပီးေဆာင္ရြက္ေနတာ ရွိပါတယ္။ လတ္တေလာ ၿပီးစီးမႈအေနနဲ႔ကေတာ့ ၅၃ ရာခိုင္ႏႈန္းေလာက္ ၿပီးစီးေနၿပီ ျဖစ္ပါတယ္။ ဘတ္ဂ်က္ႏွစ္အလိုက္ေတာင္းခံၿပီးေတာ့မွ ေဆာင္ရြက္ခဲ့တာေပါ့။ ၂၁၀၉-၂၀၂၀ ဘတ္ဂ်က္ရယ္၊ ၂၀၂၀-၂၀၂၁ ဘတ္ဂ်က္ရယ္ ေတာင္းဖို႔အတြက္လုပ္ထားတယ္။ ဒါေပမယ့္ လက္ရွိႏိုင္ငံေတာ္အႀကီးအကဲေတြရဲ႕ လိုလားခ်က္ကေတာ့ ၂၀၂၀ ခုႏွစ္ စက္တင္ဘာလမတိုင္ခင္မွာ ဒီကြင္းၿပီးစီးဖို႔အတြက္ လမ္းညႊန္ထားတာ ရွိတာေၾကာင့္မို႔လို႔ ဘတ္ဂ်က္ကိုလည္း အရင္ထက္စာရင္ ႏွစ္ဆေက်ာ္ေက်ာ္ တိုးေတာင္းထားတယ္”ဟု ျပည္တြင္းေလေၾကာင္းပို႔ေဆာင္ေရးဦးစီးဌာနမွ ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးရဲထြဋ္ေအာင္က ေျပာသည္။

ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕ေလဆိပ္စီမံကိန္းကို ၂၀၁၅-၂၀၁၆ ဘ႑ာႏွစ္တြင္ စတင္ခဲ့ၿပီး ၂၀၂၀-၂၀၂၁ ငါးႏွစ္စီမံကိန္းျဖစ္ေၾကာင္း သိရသည္။

သို႔ေသာ္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္ သမၼတတို႔မွ ခ်င္းျပည္နယ္ခရီးစဥ္တြင္ အဆိုပါေလဆိပ္ကို အျမန္ဆံုးဖြင့္လွစ္ရန္ ညႊန္ၾကားခဲ့သည့္အတြက္ ၂၀၂၀ ခုႏွစ္တြင္ စီမံကိန္းအၿပီးေဆာင္ရြက္မည္ျဖစ္ကာ ၂၀၂၀ ခုႏွစ္၊ စက္တင္ဘာလတြင္ စတင္ဖြင့္လွစ္အသံုးျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။

ဖလမ္းေလဆိပ္တစ္ခုလံုးအတြက္ တည္ေဆာက္မႈကုန္က်စရိတ္ကို က်ပ္သန္း ၃၀၀၀၀ ခန္႔မွန္းထားေၾကာင္း သိရသည္။

 

စုသက္ႏွင္း(အကုန္သိသတင္းဌာန)

 

 

Unicode Version

ဖလမ်းလေဆိပ်တည်ဆောက်မှု ၅၃ ရာခိုင်နှုန်းပြီးစီးနေပြီဟု ဆို

ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် တည်ဆောက်နေသောလေယာဉ်ကွင်းမှာ လက်ရှိတွင် ၅၃ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်း ပြည်တွင်းလေကြောင်းပို့ဆောင်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောသည်။

လေယာဉ်ကွင်းအသစ်ဖော်ဆောင်နေမှုများနှင့် ပတ်သက်၍ မေးမြန်းရာတွင် ၎င်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ ဖလမ်းလေဆိပ်ကိုလည်း အမြန်ဆုံးပြီးစီးဖို့အတွက် ဌာနအနေနဲ့ တွန်းအားပေးပြီးဆောင်ရွက်နေတာ ရှိပါတယ်။ လတ်တလော ပြီးစီးမှုအနေနဲ့ကတော့ ၅၃ ရာခိုင်နှုန်းလောက် ပြီးစီးနေပြီ ဖြစ်ပါတယ်။ ဘတ်ဂျက်နှစ်အလိုက်တောင်းခံပြီးတော့မှ ဆောင်ရွက်ခဲ့တာပေါ့။ ၂၁၀၉-၂၀၂၀ ဘတ်ဂျက်ရယ်၊ ၂၀၂၀-၂၀၂၁ ဘတ်ဂျက်ရယ် တောင်းဖို့အတွက်လုပ်ထားတယ်။ ဒါပေမယ့် လက်ရှိနိုင်ငံတော်အကြီးအကဲတွေရဲ့ လိုလားချက်ကတော့ ၂၀၂၀ ခုနှစ် စက်တင်ဘာလမတိုင်ခင်မှာ ဒီကွင်းပြီးစီးဖို့အတွက် လမ်းညွှန်ထားတာ ရှိတာကြောင့်မို့လို့ ဘတ်ဂျက်ကိုလည်း အရင်ထက်စာရင် နှစ်ဆကျော်ကျော် တိုးတောင်းထားတယ်”ဟု ပြည်တွင်းလေကြောင်းပို့ဆောင်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောသည်။

ချင်းပြည်နယ်၊ ဖလမ်းမြို့လေဆိပ်စီမံကိန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် စတင်ခဲ့ပြီး ၂၀၂၀-၂၀၂၁ ငါးနှစ်စီမံကိန်းဖြစ်ကြောင်း သိရသည်။

သို့သော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတတို့မှ ချင်းပြည်နယ်ခရီးစဉ်တွင် အဆိုပါလေဆိပ်ကို အမြန်ဆုံးဖွင့်လှစ်ရန် ညွှန်ကြားခဲ့သည့်အတွက် ၂၀၂၀ ခုနှစ်တွင် စီမံကိန်းအပြီးဆောင်ရွက်မည်ဖြစ်ကာ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလတွင် စတင်ဖွင့်လှစ်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ဖလမ်းလေဆိပ်တစ်ခုလုံးအတွက် တည်ဆောက်မှုကုန်ကျစရိတ်ကို ကျပ်သန်း ၃၀၀၀၀ ခန့်မှန်းထားကြောင်း သိရသည်။

- စုသက်နှင်း(အကုန်သိသတင်းဌာန)

 

 

 

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။