Skip to main content
ေဂ်ဆီ
Ads Block

ေဂ်ဆီ လင္ဂတ္ကုိ စာခ်ဳပ္သက္တမ္းတုိးမယ္ဆုိရင္ တစ္ပတ္လုပ္ခေပါင္ ၁၃၀၀၀၀ အထိ ေပးရေတာ့မယ့္ မန္ယူအသင္း

မန္ယူအသင္းဟာ ကြင္းလယ္တုိက္စစ္ကစားသမား ေဂ်ဆီလင္ဂတ္ကုိ စာခ်ဳပ္သစ္ထပ္ခ်ဳပ္မယ္ဆုိရ္ တစ္လတ္လုပ္ခ ေပါင္ ၁၃၀၀၀၀ အထိ ေပးေခ်သြားရေတာ့မွာျဖစ္တယ္လုိ ့အားကစားမီဒီယာေတြက ေဖာ္ျပလုိက္ပါတယ္။ 

ဆုိး

လက္ရွိစာခ်ဳပ္သက္တမ္းအရ ၂၀၂၁ ခုႏွစ္ ေႏြရာသီအထိ မန္ယူအသင္းမွာ ရွိေနရမယ့္ အသက္ ၂၆ ႏွစ္အရြယ္ကစားသမားကုိ နည္းျပဆုိးရွားစ္ကုိယ္တုိင္ကလည္း အနာဂတ္အစီအစဥ္ထဲမွာ ထည့္သြင္းထားတဲ့အတြက္ စာခ်ဳပ္သစ္ကိစၥဟာ ျဖစ္လာႏုိင္ေျခမ်ားတယ္လုိ ့ဆုိပါတယ္။ လင္ဂတ္ဟာ မန္ယူအကယ္ဒမီကေန ေပၚထြက္လာတဲ့ကစားသမားျဖစ္ျပီး အသင္းအတြက္ပြဲေပါင္း ၁၆၇ ပြဲကစားေပးထားသူျဖစ္တယ္လုိ ့သိရပါတယ္။ ကစားခဲ့တဲ့ပြဲစဥ္တစ္ေလွ်ာက္ သြင္းဂုိး ၂၉ ဂုိးနဲ ့ေထာက္ပံ့မႈ ၁၈ ၾကိမ္ လုပ္ေဆာင္ထားႏုိင္တယ္လုိ ့အခ်က္အလက္မွတ္တမ္းေတြမွာ ေဖာ္ျပထားပါတယ္။ နည္းျပဆုိးရွားစ္ကေတာ့ အသင္းရဲ ့လာမယ့္ရာသီသစ္အတြက္ ၾကိဳတင္ျပင္ဆင္ေနမႈေတြမွာ ကစားသမားေဟာင္း ၁၁ ဦးေလာက္ကုိ ထုတ္ေရာင္းသြားဖို ့ရွိေနေပမယ့္ လင္ဂတ္ကုိေတာ့ ကြင္းလယ္တုိက္စစ္အတြက္ ပုိမုိအားေကာင္းေမာင္းသန္ ကစားခြင့္ေပးသြားဖုိ ့ျပင္ဆင္ေနတယ္လုိ ့ဆုိပါတယ္။ ဒါေပမဲ့လည္း အသင္းဘက္က ေသေသခ်ာခ်ာကမ္းလွမ္းမႈ လုပ္မထားေသးဘဲ လာမယ့္ရာသီမွာေျခစြမ္းေတြ ပုိတုိးလာေအာင္သာ ၾကိဳးစားဖုိ ့တုိက္တြန္းထားတယ္လုိ ့သိရပါတယ္။ ေဂ်ဆီလင္ဂတ္ဟာ မန္ယူအသင္းနဲ ့အတူ FA ဖလား၊ ယူရုိပါလိဂ္ဖလားနဲ ့လိဂ္ဖလားေတြကုိ ရယူပုိင္ဆုိင္ထားသူျဖစ္ပါတယ္။ သုိ ့ေသာ္လည္း ျပီးခဲ့တဲ့ ၂၀၁၈-၁၉ ေဘာလုံးရာသီအတြင္းမွာေတာ့ ပရီးမီးယားလိဂ္သြင္းဂုိး ေလးဂုိးသာ ရယူႏုိင္ခဲ့သူျဖစ္ေနျပန္ပါတယ္။

မန္ယူအသင္းအေနနဲ ့ကေတာ့ ျပီးခဲ့တဲ့ရာသီက က်ရႈံးမႈေတြကို ျပန္လည္အဖတ္ဆယ္ဖုိ ့နဲ ့ဖာဂူဆန္ေခတ္လြန္ မန္ယူအသင္းရဲ ့ဂုဏ္သိကၡာအတြက္ ျပဳျပင္ေျပာင္းလဲေရးေတြကုိ ၾကီးၾကီးမားမားလုပ္ကုိ လုပ္ရေတာ့မယ္လို ့နားလည္သြားပုံရပါတယ္။ 

Unicode Version

မန်ယူအသင်းဟာ ကွင်းလယ်တိုက်စစ်ကစားသမား ဂျေဆီလင်ဂတ်ကို စာချုပ်သစ်ထပ်ချုပ်မယ်ဆိုရ် တစ်လတ်လုပ်ခ ပေါင် ၁၃၀၀၀၀ အထိ ပေးချေသွားရတော့မှာဖြစ်တယ်လို့အားကစားမီဒီယာတွေက ဖော်ပြလိုက်ပါတယ်။ 
လက်ရှိစာချုပ်သက်တမ်းအရ ၂၀၂၁ ခုနှစ် နွေရာသီအထိ မန်ယူအသင်းမှာ ရှိနေရမယ့် အသက် ၂၆ နှစ်အရွယ်ကစားသမားကို နည်းပြဆိုးရှားစ်ကိုယ်တိုင်ကလည်း အနာဂတ်အစီအစဉ်ထဲမှာ ထည့်သွင်းထားတဲ့အတွက် စာချုပ်သစ်ကိစ္စဟာ ဖြစ်လာနိုင်ခြေများတယ်လို့ဆိုပါတယ်။ လင်ဂတ်ဟာ မန်ယူအကယ်ဒမီကနေ ပေါ်ထွက်လာတဲ့ကစားသမားဖြစ်ပြီး အသင်းအတွက်ပွဲပေါင်း ၁၆၇ ပွဲကစားပေးထားသူဖြစ်တယ်လို့သိရပါတယ်။ ကစားခဲ့တဲ့ပွဲစဉ်တစ်လျှောက် သွင်းဂိုး ၂၉ ဂိုးနဲ့ထောက်ပံ့မှု ၁၈ ကြိမ် လုပ်ဆောင်ထားနိုင်တယ်လို့အချက်အလက်မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ နည်းပြဆိုးရှားစ်ကတော့ အသင်းရဲ့လာမယ့်ရာသီသစ်အတွက် ကြိုတင်ပြင်ဆင်နေမှုတွေမှာ ကစားသမားဟောင်း ၁၁ ဦးလောက်ကို ထုတ်ရောင်းသွားဖို့ရှိနေပေမယ့် လင်ဂတ်ကိုတော့ ကွင်းလယ်တိုက်စစ်အတွက် ပိုမိုအားကောင်းမောင်းသန် ကစားခွင့်ပေးသွားဖို့ပြင်ဆင်နေတယ်လို့ဆိုပါတယ်။ ဒါပေမဲ့လည်း အသင်းဘက်က သေသေချာချာကမ်းလှမ်းမှု လုပ်မထားသေးဘဲ လာမယ့်ရာသီမှာခြေစွမ်းတွေ ပိုတိုးလာအောင်သာ ကြိုးစားဖို့တိုက်တွန်းထားတယ်လို့သိရပါတယ်။ ဂျေဆီလင်ဂတ်ဟာ မန်ယူအသင်းနဲ့အတူ FA ဖလား၊ ယူရိုပါလိဂ်ဖလားနဲ့လိဂ်ဖလားတွေကို ရယူပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ သို့သော်လည်း ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ဘောလုံးရာသီအတွင်းမှာတော့ ပရီးမီးယားလိဂ်သွင်းဂိုး လေးဂိုးသာ ရယူနိုင်ခဲ့သူဖြစ်နေပြန်ပါတယ်။ မန်ယူအသင်းအနေနဲ့ကတော့ ပြီးခဲ့တဲ့ရာသီက ကျရှုံးမှုတွေကို ပြန်လည်အဖတ်ဆယ်ဖို့နဲ့ဖာဂူဆန်ခေတ်လွန် မန်ယူအသင်းရဲ့ဂုဏ်သိက္ခာအတွက် ပြုပြင်ပြောင်းလဲရေးတွေကို ကြီးကြီးမားမားလုပ်ကို လုပ်ရတော့မယ်လို့နားလည်သွားပုံရပါတယ်။ 

    -  မုိးတိမ္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။