Skip to main content
ပြဲ
Ads Block

၂၀၂၂ ကမၻာ့ဖလားအတြက္ အနိမ့္ဆုံးအဆင့္ျပိဳင္ပြဲေတြ စတင္ေနတာမွာ မြန္ဂုိလီးယားအသင္းက ပထမဆုံး ႏုိင္ပြဲ စတင္ရရွိ

၂၀၂၂ ကမၻာဖလားျပိဳင္ပြဲအတြက္ ေအာက္ဆုံးအဆင့္ကေန အစဥ္လုိက္ကစားပြဲေတြ စတင္ေနတာမွာ မြန္ဂုိလီးယားအသင္းက ဘရူႏုိင္းအသင္းကုိ ႏွစ္ဂုိးဂုိးမရွိနဲ ့အႏိုင္ရျပီး ၂၀၂၂ ကမၻာ့ဖလားအတြက္ပထမဆုံးေသာႏုိင္ပြဲအျဖစ္ မွတ္တမ္း၀င္သြားပါတယ္။ 

ပြဲ

ကာတာႏုိင္ငံမွာ က်င္းပမယ္လုိ ့တရား၀င္အတည္ျပဳထားျပီးသား ၂၀၂၂ ကမၻာ့ဖလားျပိဳင္ပြဲအတြက္ အဆင့္လုိက္၀င္ခြင့္ေျခစစ္ပြဲေတြ စတင္ကစားေနၾကတာမွာ မြန္ဂုိလီးယားအသင္းဟာ အာရွအုပ္စုအတြက္ ပထမဆုံးေသာေျခစစ္ပြဲအဆင့္ အနိမ့္ဆုံးျပိဳင္ပြဲတစ္ခုမွာ ဘရူႏုိင္းကုိ အႏုိင္ကစားလုိက္တာပဲ ျဖစ္ပါတယ္။ ကမၻာ့ဖလားဆုိတဲ့ေခါင္းစဥ္ေအာက္မွာေတာ့  မြန္ဂုိလီးယားအတြက္ ဒီႏုိင္ပြဲဟာ ပထမဆုံးေသာ ႏုိင္ပြဲတစ္ခုအျဖစ္ မွတ္တမ္း၀င္သြားတာျဖစ္သလုိ အာရွဇုန္အုပ္စုတစ္ခုခုထဲကုိ မြန္ဂုိလီးယားအသင္းက ၀င္ေရာက္ခြင့္ရႏုိင္ေျခရွိသြားတယ္လုိ ့ဆုိႏုိင္ပါတယ္။ မြန္ဂုိလီးယားႏုိင္ငံ အူလန္ဘာတာျမိဳ ့မွာ ၾကာသပေတးေန ့က ယွဥ္ျပိဳင္ကစားခဲ့တဲ့ မြန္ဂုိလီးယားနဲ ့ဘရူႏုိင္းပြဲစဥ္မွာ အသင္းေခါင္းေဆာင္ ဆီတန္ဘယ္ေနာ္ရ္မူးက ပထမဆုံးသြင္းဂုိးကုိ ရယူႏုိင္ခဲ့တာလည္း ျဖစ္ပါတယ္။ ဒါဟာ အာရွဇုန္ဘက္မွာ စတင္ယွဥ္ျပိဳင္ၾကျခင္းမ်ဳိးျဖစ္လာျပီးေတာ့ စုစုေပါင္း ၃၄ သင္းစာရင္းအတြက္ ေအာက္ေျခတစ္ဆင့္နိမ့္ျပိဳင္ပြဲတစ္ခုလည္း ျဖစ္ခဲ့ပါတယ္။ မြန္ဂုိလီးယားအသင္းလုိပဲ အျခားေသာအသင္းေတြလည္း စတင္ကစားေနၾကျပီျဖစ္သလုိ ဘူတန္အသင္းက ဂူအမ္အသင္းကို တစ္ဂုိးတည္းနဲ ့အႏုိင္ရခဲ့ပါတယ္။ ကေမၻာဒီးယားကလည္း ပါကစၥတန္ကုိ ႏွစ္ဂုိး ဂုိးမရွိနဲ ့ႏုိင္ခဲ့သလုိ မကာအုိကလည္း သီရိလကၤာကုိ တစ္ဂုိးတည္းနဲ ့ကပ္ႏုိင္ခဲ့ပါတယ္။ အလားတူပဲ ဘဂၤလားေဒ့ရွ္ကလည္း လာအုိအသင္းကုိ တစ္ဂုိးတည္းနဲ ့ကပ္ႏုိင္ျပီးေတာ့ အာရွဇုန္ ေနာက္ဆုံး ၃၄ သင္းအဆင့္ကုိ တုိး၀င္ၾကဖုိ ့ႏုိင္ပြဲကုိယ္စီ ရယူလုိက္ၾကပါတယ္။ ၂၀၂၂ ကမၻာ့ဖလားအတြက္ အာရွဇုန္ဘက္ကေန အသင္းေပါင္း ၃၄ သင္းက ကမၻာ့ဖလား၀င္ခြင့္ ေလးေနရာအတြက္ အက်ိတ္အနယ္ယွဥ္ျပိဳင္ၾကရမွာ ျဖစ္သလုိ ကာတာအသင္းကေတာ့ အိမ္ရွင္ျဖစ္တဲ့အတြက္ လြတ္လြတ္လပ္လပ္ ၀င္ခြင့္ရသြားပါတယ္။

အာရွဇုန္ဟာ ကမၻာ့ဖလားအတြက္ မူလသတ္မွတ္ခ်က္အရ ေလးသင္းခြဲ၀င္ခြင့္ရထားတာျဖစ္ျပီး ကာတာအသင္းက အိမ္ရွင္ျဖစ္သြားတဲ့အခ်ိန္မွာ ငါးသင္းအထိ ၀င္ခြင့္ရသြားတာမ်ဳိး ျဖစ္ခဲ့ပါတယ္။ 

Unicode Version 

၂၀၂၂ ကမ္ဘာဖလားပြိုင်ပွဲအတွက် အောက်ဆုံးအဆင့်ကနေ အစဉ်လိုက်ကစားပွဲတွေ စတင်နေတာမှာ မွန်ဂိုလီးယားအသင်းက ဘရူနိုင်းအသင်းကို နှစ်ဂိုးဂိုးမရှိနဲ့အနိုင်ရပြီး ၂၀၂၂ ကမ္ဘာ့ဖလားအတွက်ပထမဆုံးသောနိုင်ပွဲအဖြစ် မှတ်တမ်းဝင်သွားပါတယ်။ 
ကာတာနိုင်ငံမှာ ကျင်းပမယ်လို့တရားဝင်အတည်ပြုထားပြီးသား ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အဆင့်လိုက်ဝင်ခွင့်ခြေစစ်ပွဲတွေ စတင်ကစားနေကြတာမှာ မွန်ဂိုလီးယားအသင်းဟာ အာရှအုပ်စုအတွက် ပထမဆုံးသောခြေစစ်ပွဲအဆင့် အနိမ့်ဆုံးပြိုင်ပွဲတစ်ခုမှာ ဘရူနိုင်းကို အနိုင်ကစားလိုက်တာပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားဆိုတဲ့ခေါင်းစဉ်အောက်မှာတော့  မွန်ဂိုလီးယားအတွက် ဒီနိုင်ပွဲဟာ ပထမဆုံးသော နိုင်ပွဲတစ်ခုအဖြစ် မှတ်တမ်းဝင်သွားတာဖြစ်သလို အာရှဇုန်အုပ်စုတစ်ခုခုထဲကို မွန်ဂိုလီးယားအသင်းက ဝင်ရောက်ခွင့်ရနိုင်ခြေရှိသွားတယ်လို့ဆိုနိုင်ပါတယ်။ မွန်ဂိုလီးယားနိုင်ငံ အူလန်ဘာတာမြို့မှာ ကြာသပတေးနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ မွန်ဂိုလီးယားနဲ့ဘရူနိုင်းပွဲစဉ်မှာ အသင်းခေါင်းဆောင် ဆီတန်ဘယ်နော်ရ်မူးက ပထမဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါဟာ အာရှဇုန်ဘက်မှာ စတင်ယှဉ်ပြိုင်ကြခြင်းမျိုးဖြစ်လာပြီးတော့ စုစုပေါင်း ၃၄ သင်းစာရင်းအတွက် အောက်ခြေတစ်ဆင့်နိမ့်ပြိုင်ပွဲတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ မွန်ဂိုလီးယားအသင်းလိုပဲ အခြားသောအသင်းတွေလည်း စတင်ကစားနေကြပြီဖြစ်သလို ဘူတန်အသင်းက ဂူအမ်အသင်းကို တစ်ဂိုးတည်းနဲ့အနိုင်ရခဲ့ပါတယ်။ ကမ္ဘောဒီးယားကလည်း ပါကစ္စတန်ကို နှစ်ဂိုး ဂိုးမရှိနဲ့နိုင်ခဲ့သလို မကာအိုကလည်း သီရိလင်္ကာကို တစ်ဂိုးတည်းနဲ့ကပ်နိုင်ခဲ့ပါတယ်။ အလားတူပဲ ဘင်္ဂလားဒေ့ရှ်ကလည်း လာအိုအသင်းကို တစ်ဂိုးတည်းနဲ့ကပ်နိုင်ပြီးတော့ အာရှဇုန် နောက်ဆုံး ၃၄ သင်းအဆင့်ကို တိုးဝင်ကြဖို့နိုင်ပွဲကိုယ်စီ ရယူလိုက်ကြပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားအတွက် အာရှဇုန်ဘက်ကနေ အသင်းပေါင်း ၃၄ သင်းက ကမ္ဘာ့ဖလားဝင်ခွင့် လေးနေရာအတွက် အကျိတ်အနယ်ယှဉ်ပြိုင်ကြရမှာ ဖြစ်သလို ကာတာအသင်းကတော့ အိမ်ရှင်ဖြစ်တဲ့အတွက် လွတ်လွတ်လပ်လပ် ဝင်ခွင့်ရသွားပါတယ်။ အာရှဇုန်ဟာ ကမ္ဘာ့ဖလားအတွက် မူလသတ်မှတ်ချက်အရ လေးသင်းခွဲဝင်ခွင့်ရထားတာဖြစ်ပြီး ကာတာအသင်းက အိမ်ရှင်ဖြစ်သွားတဲ့အချိန်မှာ ငါးသင်းအထိ ဝင်ခွင့်ရသွားတာမျိုး ဖြစ်ခဲ့ပါတယ်။ 

   -  မုိးတိမ္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။