Skip to main content
အဂၤလန္
Ads Block

ပထမဆုံးေသာ ဥေရာပေနရွင္းဖလားမွာ နာမည္ၾကီး အဂၤလန္က ဆြစ္ဇာလန္ကုိ ပင္နတီနဲ ့အႏုိင္ယူျပီး တတိယဆု ရရွိ

ပထမဆုံးအၾကိမ္ က်င္းပတဲ့ ဥေရာပေနရွင္းဖလားျပိဳင္ပြဲမွာ နာမည္ၾကီး အဂၤလန္အသင္းက ဆြစ္ဇာလန္အသင္းကုိ အခ်ိန္ပုိပင္နတီကန္သြင္းျပီး တတိယဆုကုိ ရယူသြားႏုိင္ခဲ့ပါတယ္။ 

အဂၤလန္

အဂၤလန္အသင္းဟာ ဥေရာပေနရွင္းဖလားမွာ ဗုိလ္စြဲႏုိင္ေျခရွိတဲ့အသင္းတစ္သင္းအျဖစ္ စာရင္းေပါက္ခဲ့ေပမယ့္ အၾကိဳဗုိလ္လုပြဲမွာ နယ္သာလန္အသင္းကုိ သုံးဂုိးတစ္ဂုိးနဲ ့မရႈမလွရႈံးနိမ့္ျပီး ေပၚတူဂီကုိ ရႈံးနိမ့္လာတဲ့ ဆြစ္ဇာလန္အသင္းနဲ ့တတိယေနရာလုခဲ့ရတာပဲ ျဖစ္ပါတယ္။ ပြဲထြက္ကစားသမားေတြအျဖစ္ အဂၤလန္အသင္းက ဟယ္ရီကိန္း၊ စတာလင္း၊ လင္ဂတ္တုိ ့ကုိ တိုက္စစ္သုံးဦးအျဖစ္ တင္ထားျပီးေတာ့ ကြင္းလယ္ပုိင္းကေန ဒယ္လီအလီ၊ အဲရစ္ဒုိင္ယာ၊ ေဖဘီယန္ဒဲဖ္တုိ ့ကုိ တာ၀န္ယူေစခဲ့ပါတယ္။ ေနာက္တန္းကစားသမားေတြအျဖစ္ ဒန္နီရုိ ့စ္၊ မက္ဂြဲယား၊ ဂုိးမက္စ္နဲ ့အာႏုိးတုိ ့ကုိ ထားရွိခဲ့သလုိ ဂုိးသမားအျဖစ္ ေဂ်ာ္ဒန္ပစ္ဖုိ ့က ပါ၀င္ခဲ့တာေတြ ့ရျပီး အရံကစားသမားေတြအျဖစ္ တြမ္ဟီလ္တန္၊ ဟန္ဒါဆင္၊ ေ၀့ါကာ၊ ၀ီလ္ဆင္၊ ဘာကေလ၊ ဂၽြန္စတုန္း၊ မုိက္ကယ္ကိန္း၊ ဘန္ခ်ီ၀ဲလ္၊ ဒီကလန္ရုိက္စ္၊ ေဂ်ဒန္ဆန္ခ်ဳိတုိ ့ကုိ အသင့္ျပင္ထားခဲ့တာပါ။ ဆြစ္ဇာလန္အသင္းကလည္း ဇာခါ၊ ရွာကီြရီ၊ ဖာနန္ဒက္စ္စတဲ့ နာမည္ေက်ာ္ကစားသမားေတြနဲ ့အဂၤလန္အသင္းကို ျပန္လည္ရင္ဆုိင္ခဲ့ပါတယ္။ ေဘာလုံးပုိင္ဆုိင္မႈ ၅၉ ရာခိုင္ႏႈန္းအထိရွိခဲ့တဲ့ အဂၤလန္အသင္းဟာ ပြဲခ်ိန္မိနစ္(၉၀)အတြင္းမွာလည္း ဂုိးမသြင္းႏုိင္ခဲ့သလုိ အခ်ိန္ပုိမိနစ္(၃၀)မွာလည္း ဂုိးမသြင္းႏုိင္ခဲ့တဲ့အတြက္ ပင္နတီကစားခဲ့ရပါတယ္။ ပင္နတီမွာေတာ့ ပထမငါးလုံးကုိ ႏွစ္ဖက္အသင္းကစားသမားေတြက တာ၀န္ေက်ေက် သြင္းယူေပးႏုိင္ခဲ့ျပီး ေနာက္ထပ္သုံးလုံးထပ္မံကန္သြင္းဖုိ ့မွာ ပထမဆုံးေသာ သြင္းဂုိးကုိ အဂၤလန္ဘက္က သြင္းယူႏုိင္ခဲ့ေပမယ့္ ဆြစ္ဇာလန္ဘက္က သြင္းဂုိးကုိ အဂၤလန္ဂုိးသမား ေဂ်ာ္ဒန္ပစ္ဖုိ ့က ပုတ္ထုတ္ႏုိင္ခဲ့တာပါ။

ဒီရလဒ္ေၾကာင့္ ပင္နတီသြင္းဂုိး (၆-၅)နဲ ့အဂၤလန္အသင္းက တတိယဆုကုိ သိမ္းပုိက္သြားႏုိင္ခဲ့တာလည္း ျဖစ္ပါတယ္။ ဥေရာပေနရွင္းဖလားရဲ ့ဗုိလ္လုပြဲကုိေတာ့ စီေရာ္နယ္ဒုိရဲ ့ေပၚတူဂီအသင္းနဲ ့ဗန္ဒုိက္ရွ္ရဲ ့နယ္သာလန္အသင္းတုိ ့က ဇြန္လ(၁၀)ရက္ နံနက္(၁)နာရီခြဲမွာယွဥ္ျပိဳင္ကစားၾကရမွာပဲ ျဖစ္ပါတယ္။ 

Unicode Version

ပထမဆုံးအကြိမ် ကျင်းပတဲ့ ဥရောပနေရှင်းဖလားပြိုင်ပွဲမှာ နာမည်ကြီး အင်္ဂလန်အသင်းက ဆွစ်ဇာလန်အသင်းကို အချိန်ပိုပင်နတီကန်သွင်းပြီး တတိယဆုကို ရယူသွားနိုင်ခဲ့ပါတယ်။ 

အင်္ဂလန်အသင်းဟာ ဥရောပနေရှင်းဖလားမှာ ဗိုလ်စွဲနိုင်ခြေရှိတဲ့အသင်းတစ်သင်းအဖြစ် စာရင်းပေါက်ခဲ့ပေမယ့် အကြိုဗိုလ်လုပွဲမှာ နယ်သာလန်အသင်းကို သုံးဂိုးတစ်ဂိုးနဲ့မရှုမလှရှုံးနိမ့်ပြီး ပေါ်တူဂီကို ရှုံးနိမ့်လာတဲ့ ဆွစ်ဇာလန်အသင်းနဲ့တတိယနေရာလုခဲ့ရတာပဲ ဖြစ်ပါတယ်။ ပွဲထွက်ကစားသမားတွေအဖြစ် အင်္ဂလန်အသင်းက ဟယ်ရီကိန်း၊ စတာလင်း၊ လင်ဂတ်တို့ကို တိုက်စစ်သုံးဦးအဖြစ် တင်ထားပြီးတော့ ကွင်းလယ်ပိုင်းကနေ ဒယ်လီအလီ၊ အဲရစ်ဒိုင်ယာ၊ ဖေဘီယန်ဒဲဖ်တို့ကို တာဝန်ယူစေခဲ့ပါတယ်။ နောက်တန်းကစားသမားတွေအဖြစ် ဒန်နီရို့စ်၊ မက်ဂွဲယား၊ ဂိုးမက်စ်နဲ့အာနိုးတို့ကို ထားရှိခဲ့သလို ဂိုးသမားအဖြစ် ဂျော်ဒန်ပစ်ဖို့က ပါဝင်ခဲ့တာတွေ့ရပြီး အရံကစားသမားတွေအဖြစ် တွမ်ဟီလ်တန်၊ ဟန်ဒါဆင်၊ ဝေ့ါကာ၊ ဝီလ်ဆင်၊ ဘာကလေ၊ ဂျွန်စတုန်း၊ မိုက်ကယ်ကိန်း၊ ဘန်ချီဝဲလ်၊ ဒီကလန်ရိုက်စ်၊ ဂျေဒန်ဆန်ချိုတို့ကို အသင့်ပြင်ထားခဲ့တာပါ။ ဆွစ်ဇာလန်အသင်းကလည်း ဇာခါ၊ ရှာကွီရီ၊ ဖာနန်ဒက်စ်စတဲ့ နာမည်ကျော်ကစားသမားတွေနဲ့အင်္ဂလန်အသင်းကို ပြန်လည်ရင်ဆိုင်ခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှု ၅၉ ရာခိုင်နှုန်းအထိရှိခဲ့တဲ့ အင်္ဂလန်အသင်းဟာ ပွဲချိန်မိနစ်(၉၀)အတွင်းမှာလည်း ဂိုးမသွင်းနိုင်ခဲ့သလို အချိန်ပိုမိနစ်(၃၀)မှာလည်း ဂိုးမသွင်းနိုင်ခဲ့တဲ့အတွက် ပင်နတီကစားခဲ့ရပါတယ်။ ပင်နတီမှာတော့ ပထမငါးလုံးကို နှစ်ဖက်အသင်းကစားသမားတွေက တာဝန်ကျေကျေ သွင်းယူပေးနိုင်ခဲ့ပြီး နောက်ထပ်သုံးလုံးထပ်မံကန်သွင်းဖို့မှာ ပထမဆုံးသော သွင်းဂိုးကို အင်္ဂလန်ဘက်က သွင်းယူနိုင်ခဲ့ပေမယ့် ဆွစ်ဇာလန်ဘက်က သွင်းဂိုးကို အင်္ဂလန်ဂိုးသမား ဂျော်ဒန်ပစ်ဖို့က ပုတ်ထုတ်နိုင်ခဲ့တာပါ။ 

ဒီရလဒ်ကြောင့် ပင်နတီသွင်းဂိုး (၆-၅)နဲ့အင်္ဂလန်အသင်းက တတိယဆုကို သိမ်းပိုက်သွားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဥရောပနေရှင်းဖလားရဲ့ဗိုလ်လုပွဲကိုတော့ စီရော်နယ်ဒိုရဲ့ပေါ်တူဂီအသင်းနဲ့ဗန်ဒိုက်ရှ်ရဲ့နယ်သာလန်အသင်းတို့က ဇွန်လ(၁၀)ရက် နံနက်(၁)နာရီခွဲမှာယှဉ်ပြိုင်ကစားကြရမှာပဲ ဖြစ်ပါတယ်။ 

   -   မုိးတိမ္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။