Skip to main content
ေဆးဗား
Ads Block

​ေဒးဗစ္​​ေဆးလ္​ဗားအတြက္​ ဂုဏ္​ျပဳ​ေဘာလံုးပြဲ က်င္​းပရန္​ မန္​စီးတီးအသင္​း စီစဥ္​ထား

မန္​စီးတီးအသင္​းသည္​ လာမည္​့ ၂၀၂၀ ျပည္​့ႏွစ္​ ​ေႏြရာသီအတြင္​းတြင္​ ကြင္​းလယ္​ကစားသမား ​ေဒးဗစ္​​ေဆးလ္​ဗားအတြက္​ ဂုဏ္​ျပဳ​ေဘာလံုးပြဲ တစ္​ပြဲ က်င္​းပသြားမည္​ျဖစ္​​ေၾကာင္​း သတင္​းမ်ားတြင္​ ​ေရးသား​ေဖာ္​ျပထားသည္​။

ေဆးဗား

စပိန္​ကစားသမား ​ေဒးဗစ္​​ေဆးလ္​ဗားသည္​ ၂၀၁၀ ျပည္​့ႏွစ္​ ​ေႏြရာသီ​ေစ်းကြက္​အတြင္​းတြင္​ ဗလန္​စီယာအသင္​းမွ မန္​စီးတီးသို႔ ​ေျပာင္​း​ေရႊ႕လာခဲ့သူျဖစ္​ၿပီး ၂၀၅၀ ျပည္​့ႏွစ္​ ​ေႏြရာသီအတြင္​းတြင္​ မန္​စီးတီးကစားသမားဘဝ ဆယ္​စုႏွစ္​တစ္​ခု ျပည္​့​ေျမာက္​မည္​ျဖစ္​ျခင္​း​ေၾကာင္​့ အသင္​းတာဝန္​႐ွိသူမ်ားက ​ေဒးဗစ္​​ေဆးဗားအတြက္​ ဂုဏ္​ျပဳ​ေဘာလံုးပြဲ က်င္​းပသြားရန္​ စီစဥ္​ထားျခင္​းျဖစ္​သည္​။ အသက္​ ၃၃ ႏွစ္​အရြယ္​႐ွိ ကြင္​းလယ္​ကစားသမား ​ေဒးဗစ္​​ေဆးလ္​ဗားႏွင္​့ မန္​စီးတီးအသင္​းတို႔ ခ်ဳပ္​ဆိုထားသည္​့ စာခ်ဳပ္​သက္​တမ္​းမွာ တစ္​ႏွစ္​သာ က်န္​႐ွိ​ေတာ့သည္​။ ကြင္​းလယ္​ကစားသမား ​ေဒးဗစ္​​ေဆးလ္​ဗားသည္​ မန္​စီးတီးအသင္​းႏွင္​့အတူ ပရီးမီးယားလိဂ္​အမွတ္​​ေပးခ်န္​ပီယံဆုဖလား ၄ ႀကိမ္​၊ အက္​ဖ္​​ေအဖလား ႏွစ္​ႀကိမ္​ အပါအဝင္​ ဆုဖလား ၁၁ လံုး ရ႐ွိထားသူျဖစ္​သည္​။ ကြင္​းလယ္​ကစားသမား ​ေဒးဗစ္​​ေဆးလ္​ဗားသည္​ မန္​စီးတီးအသင္​းအတြက္​ စုစု​ေပါင္​း ၃၉၅ ပြဲ ပါဝင္​ကစားထားကာ ဂိုး ၇၀ သြင္​းယူထားသူျဖစ္​သည္​။ ​ေဒဗစ္​​ေဆးလ္​ဗားသည္​ ၎၏လူငယ္​ကစားသမားဘဝစတင္​ခဲ့ရာ စပန္​အသင္​းငယ္​တစ္​သင္​းျဖစ္​သည္​့ San Fernando အသင္​းတြင္​ ကစားသမားဘဝ အဆံုးသတ္​လို​ေၾကာင္​း မၾကာခဏ ဖြင္​့ဟ​ေျပာဆိုခဲ့သည္​။ မန္​စီးတီးအသင္​းသည္​ ယခု​ေႏြရာသီအတြင္​းတြင္​ အသင္​းမွ ထြက္​ခြာကာ အန္​ဒါလက္​ခ်္​အသင္​းထံ ​ေျပာင္​း​ေရႊ႕မည္​့ ဗဟိုခံစစ္​မႉး ဗင္​ဆင္​့ကြန္​ပါ​ေနးအတြက္​ ဂုဏ္​ျပဳ​ေဘာလံုးပြဲအား လာမည္​့ စက္​တင္​ဘာလအတြင္​းတြင္​ က်င္​းပျပဳလုပ္​သြားမည္​ျဖစ္​သည္​။

ဗင္​ဆင္​့ကြန္​ပါ​ေနး၏ ဂုဏ္​ျပဳ​ေဘာလံုးပြဲမွ ရ႐ွိလာမည္​့​ေငြ​ေၾကးမ်ားအား မန္​ခ်က္​စတာၿမိဳ႕႐ွိ အိမ္​ယာမဲ့လူမ်ားအား ​ကူညီ​ေပး​ေနငည္​့ အဖြဲ႔အစည္​းမ်ားထံ ​ေပးအပ္​လႉဒါန္​းသြားမည္​ျဖစ္​သည္​။

Unicode Version

မန်စီးတီးအသင်းသည် လာမည့် ၂၀၂၀ ပြည့်နှစ် နွေရာသီအတွင်းတွင် ကွင်းလယ်ကစားသမား ဒေးဗစ်ဆေးလ်ဗားအတွက် ဂုဏ်ပြုဘောလုံးပွဲ တစ်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။
စပိန်ကစားသမား ဒေးဗစ်ဆေးလ်ဗားသည် ၂၀၁၀ ပြည့်နှစ် နွေရာသီဈေးကွက်အတွင်းတွင် ဗလန်စီယာအသင်းမှ မန်စီးတီးသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ၂၀၅၀ ပြည့်နှစ် နွေရာသီအတွင်းတွင် မန်စီးတီးကစားသမားဘဝ ဆယ်စုနှစ်တစ်ခု ပြည့်မြောက်မည်ဖြစ်ခြင်းကြောင့် အသင်းတာဝန်ရှိသူများက ဒေးဗစ်ဆေးဗားအတွက် ဂုဏ်ပြုဘောလုံးပွဲ ကျင်းပသွားရန် စီစဉ်ထားခြင်းဖြစ်သည်။ အသက် ၃၃ နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမား ဒေးဗစ်ဆေးလ်ဗားနှင့် မန်စီးတီးအသင်းတို့ ချုပ်ဆိုထားသည့် စာချုပ်သက်တမ်းမှာ တစ်နှစ်သာ ကျန်ရှိတော့သည်။ ကွင်းလယ်ကစားသမား ဒေးဗစ်ဆေးလ်ဗားသည် မန်စီးတီးအသင်းနှင့်အတူ ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံဆုဖလား ၄ ကြိမ်၊ အက်ဖ်အေဖလား နှစ်ကြိမ် အပါအဝင် ဆုဖလား ၁၁ လုံး ရရှိထားသူဖြစ်သည်။ ကွင်းလယ်ကစားသမား ဒေးဗစ်ဆေးလ်ဗားသည် မန်စီးတီးအသင်းအတွက် စုစုပေါင်း ၃၉၅ ပွဲ ပါဝင်ကစားထားကာ ဂိုး ၇၀ သွင်းယူထားသူဖြစ်သည်။ ဒေဗစ်ဆေးလ်ဗားသည် ၎င်း၏လူငယ်ကစားသမားဘဝစတင်ခဲ့ရာ စပန်အသင်းငယ်တစ်သင်းဖြစ်သည့် San Fernando အသင်းတွင် ကစားသမားဘဝ အဆုံးသတ်လိုကြောင်း မကြာခဏ ဖွင့်ဟပြောဆိုခဲ့သည်။
မန်စီးတီးအသင်းသည် ယခုနွေရာသီအတွင်းတွင် အသင်းမှ ထွက်ခွာကာ အန်ဒါလက်ချ်အသင်းထံ ပြောင်းရွှေ့မည့် ဗဟိုခံစစ်မှူး ဗင်ဆင့်ကွန်ပါနေးအတွက် ဂုဏ်ပြုဘောလုံးပွဲအား လာမည့် စက်တင်ဘာလအတွင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ဗင်ဆင့်ကွန်ပါနေး၏ ဂုဏ်ပြုဘောလုံးပွဲမှ ရရှိလာမည့်ငွေကြေးများအား မန်ချက်စတာမြို့ရှိ အိမ်ယာမဲ့လူများအား ကူညီပေးနေငည့် အဖွဲ့အစည်းများထံ ပေးအပ်လှူဒါန်းသွားမည်ဖြစ်သည်။

    -  အကုန္သိသတင္းဌာန

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။