Skip to main content
ခရီးသည္တင္ယာဥ္တစ္စီးအရွိန္မထိန္းႏိုင္ဘဲ တိမ္းေမွာက္ရာ ၁ ဦးေသဆံုး၊ ၈ ဦဒဏ္ရာရရွိ
Ads Block

ခရီးသည္တင္ယာဥ္တစ္စီးအရွိန္မထိန္းႏိုင္ဘဲ တိမ္းေမွာက္ရာ ၁ ဦးေသဆံုး၊ ၈ ဦဒဏ္ရာရရွိ

ျပည္ေထာင္စုလမ္းမေပၚတြင္ “ေပါက္ေရႊျပည္” ခရီးသည္တင္မွန္လုံယာဥ္ အရွိန္မထိန္းႏိုင္ဘဲ တိမ္းေမွာက္ခဲ့ရာ အမ်ဳိးသား ၁ ဦးေသဆုံးၿပီး ၄ ႏွစ္အရြယ္ေယာက္်ားေလးအပါအဝင္ အမ်ဳိးသား ၈ ဦးဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

ခရီးသည္တင္ယာဥ္တစ္စီးအရွိန္မထိန္းႏိုင္ဘဲ တိမ္းေမွာက္ရာ ၁ ဦးေသဆံုး၊ ၈ ဦဒဏ္ရာရရွိ

 

ခရီးသည္တင္ယာဥ္တစ္စီးအရွိန္မထိန္းႏိုင္ဘဲ တိမ္းေမွာက္ရာ ၁ ဦးေသဆံုး၊ ၈ ဦဒဏ္ရာရရွိခရီးသည္တင္ယာဥ္တစ္စီးအရွိန္မထိန္းႏိုင္ဘဲ တိမ္းေမွာက္ရာ ၁ ဦးေသဆံုး၊ ၈ ဦဒဏ္ရာရရွိခရီးသည္တင္ယာဥ္တစ္စီးအရွိန္မထိန္းႏိုင္ဘဲ တိမ္းေမွာက္ရာ ၁ ဦးေသဆံုး၊ ၈ ဦဒဏ္ရာရရွိ


ျဖစ္စဥ္မွာ ရွမ္းျပည္နယ္၊ မူဆယ္ခရိုင္၊ ကြတ္ခိုင္ၿမိဳ႕နယ္၊ နမ့္ဖတ္ကာရြာအထြက္ ပန္ဂ်ေလာ့ကုန္းဆင္း ဦးတင္ဝင္းေရစင္(စားေသာက္ဆိုင္)အနီး ျပည္ေထာင္စုလမ္းမေပၚတြင္ ဇြန္လ ၉ ရက္၊ ေန႔လယ္ ၁၂ နာ၇ီ ၄၅ မိနစ္ခန္႔က မူဆယ္ဘက္သုိ႔သြားသည့္ “ေပါက္ေရႊျပည္” ခရီးသည္တင္မွန္လုံယာဥ္ အမွတ္ MDY 7M/….သည္ အ႐ွိန္မထိန္းႏိုင္ဘဲ တိမ္းေမွာက္ခဲ့ေၾကာင္း ေမတၱာ႐ွင္လူမႈကူညီေရးအသင္း(နမ့္ဖတ္ကာ)မွ သိရသည္။
“အဲဒီကားက မူဆယ္ဘက္သို႔သြားတဲ့ကား၊ မိုးကလည္းရြာေနတဲ့အခ်ိန္ဆိုေတာ့ အရွိန္မထိန္းႏိုင္ဘဲ တိမ္းေမွာက္ သြားခဲ့တာပါ။ ယာဥ္ေမာင္းကေတာ့ ထြက္ေျပးသြားတယ္။ ကြ်န္ေတာ္တို႔လည္း သတင္းရရခ်င္း သြားေရာက္ ကူညီခဲ့တယ္။ တစ္ေယာက္ကေတာ့ေနာက္ဆုံးမွာထိုင္တာဆိုေတာ့ ပစၥည္းေတြပိၿပီးေသဆုံးသြားတယ္” ဟု ေမတၱာ႐ွင္လူမႈကူညီေရးအသင္း(နမ့္ဖတ္ကာ)မွ တာဝန္ရွိသူတစ္ဦးက အကုန္သိသတင္းဌာနသို႔ ေျပာသည္။
အဆိုပါယာဥ္ေပၚတြင္ လိုက္ပါလာသူ ၁၁ ဦးအနက္ ေမာင္ေအာင္ခိုင္ဦး၊ (၄)ႏွစ္အပါအဝင္ အမ်ဳိးသား ၈ ဦးတြင္ ပြန္းပဲ့/ေပါက္ၿပဲဒဏ္ရာ မစိုးရိမ္ရရွိခဲ့ၿပီး ဦးေဌးဝင္းဆိုသူမွာ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားေၾကာင္း သိရသည္။
ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ ယာဥ္ေမာင္းျဖစ္သူ ျပံဳးခ်ိဳ၊ (၃၅)ႏွစ္၊ ေပါက္ၿမိဳ႕နယ္ေနသူကို သက္ဆိုင္ရာရဲစခန္းမွ အမႈဖြင့္ကာ စုံစမ္းေနေၾကာင္း သိရသည္။
- ႏိုင္မင္းလြင္(အကုန္သိသတင္းဌာန) | ဓာတ္ပုံ-ေမတၱာ႐ွင္လူမႈကူညီေရးအသင္း(နမ့္ဖတ္ကာ)

Unicode Version

 

ပြည်ထောင်စုလမ်းမပေါ်တွင် “ပေါက်ရွှေပြည်” ခရီးသည်တင်မှန်လုံယာဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာ အမျိုးသား ၁ ဦးသေဆုံးပြီး ၄ နှစ်အရွယ်ယောက်ျားလေးအပါအဝင် အမျိုးသား ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာအထွက် ပန်ဂျလော့ကုန်းဆင်း ဦးတင်ဝင်းရေစင်(စားသောက်ဆိုင်)အနီး ပြည်ထောင်စုလမ်းမပေါ်တွင် ဇွန်လ ၉ ရက်၊ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်ခန့်က မူဆယ်ဘက်သို့သွားသည့် “ပေါက်ရွှေပြည်” ခရီးသည်တင်မှန်လုံယာဉ် အမှတ် MDY 7M/….သည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ကြောင်း မေတ္တာရှင်လူမှုကူညီရေးအသင်း(နမ့်ဖတ်ကာ)မှ သိရသည်။
“အဲဒီကားက မူဆယ်ဘက်သို့သွားတဲ့ကား၊ မိုးကလည်းရွာနေတဲ့အချိန်ဆိုတော့ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက် သွားခဲ့တာပါ။ ယာဉ်မောင်းကတော့ ထွက်ပြေးသွားတယ်။ ကျွန်တော်တို့လည်း သတင်းရရချင်း သွားရောက် ကူညီခဲ့တယ်။ တစ်ယောက်ကတော့နောက်ဆုံးမှာထိုင်တာဆိုတော့ ပစ္စည်းတွေပိပြီးသေဆုံးသွားတယ်” ဟု မေတ္တာရှင်လူမှုကူညီရေးအသင်း(နမ့်ဖတ်ကာ)မှ တာဝန်ရှိသူတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။
အဆိုပါယာဉ်ပေါ်တွင် လိုက်ပါလာသူ ၁၁ ဦးအနက် မောင်အောင်ခိုင်ဦး၊ (၄)နှစ်အပါအဝင် အမျိုးသား ၈ ဦးတွင် ပွန်းပဲ့/ပေါက်ပြဲဒဏ်ရာ မစိုးရိမ်ရရှိခဲ့ပြီး ဦးဌေးဝင်းဆိုသူမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းဖြစ်သူ ပြုံးချို၊ (၃၅)နှစ်၊ ပေါက်မြို့နယ်နေသူကို သက်ဆိုင်ရာရဲစခန်းမှ အမှုဖွင့်ကာ စုံစမ်းနေကြောင်း သိရသည်။
- နိုင်မင်းလွင်(အကုန်သိသတင်းဌာန) | ဓာတ်ပုံ-မေတ္တာရှင်လူမှုကူညီရေးအသင်း(နမ့်ဖတ်ကာ)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။