Skip to main content
ပါတီမဲရရွိေရးထက္ မဲေပးခြင့္ရွိသူမ်ားမဲေပးႏုိင္ေရးေဆာင္ရြက္ေနဟု NLD ပါတီမွ ေဒါက္တာမ်ိဳးညြန္႔ေျပာ
Ads Block

ပါတီမဲရရွိေရးထက္ မဲေပးခြင့္ရွိသူမ်ားမဲေပးႏုိင္ေရးေဆာင္ရြက္ေနဟု NLD ပါတီမွ ေဒါက္တာမ်ိဳးညြန္႔ေျပာ

အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္(NLD) ပါတီအေနျဖင့္ ပါတီမဲရရွိေရးထက္ မဲေပးႏိုင္သူမ်ား မဲေပးခြင့္ရရွိေရး စည္းရံုးလႈပ္ရွားမႈမ်ားေဆာင္ရြက္ေနေၾကာင္း ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးညြန္႔က ေျပာသည္။

ပါတီမဲရရွိေရးထက္ မဲေပးခြင့္ရွိသူမ်ားမဲေပးႏုိင္ေရးေဆာင္ရြက္ေနဟု NLD ပါတီမွ ေဒါက္တာမ်ိဳးညြန္႔ေျပာ


ဇြန္လ ၉ ရက္၌ အကုန္သိသတင္းဌာန၏ဆက္သြယ္ေမးျမန္းမႈအေပၚ ယခုကဲ့သို႔ ျပန္လည္ေျဖၾကားေပးျခင္း ျဖစ္သည္။
“ လူထုနဲ႔ ထိေတြ႕ဆက္ဆံဖုိ႔အဓိကထားပါတယ္။ အဲဒီေတာ့ ေအာက္ေျခရပ္ေက်းကုိစည္းရုံးဖုိ႔ ကြ်န္ေတာ္တုိ႔ ႀကိဳးစားေနတယ္။ အထူးသျဖင့္ကေတာ့ ၿမိဳ႕နယ္ကုိ ကြ်န္ေတာ္တုိ႔အေျခခံထားမွာေပါ့ေလ။ ဒီေနရာမွာ ပထမဆုံးေျခလွမ္းကေတာ့ ကြ်န္ေတာ္တုိ႔ပါတီကုိမဲေပးေရးမဟုတ္ဘူး။ ဒါေအာင္ႏုိင္ေရးကာလမဟုတ္တဲ့ အတြက္ မဲေပးႏုိင္တဲ့သူေတြမဲေပးႏုိင္ဖုိ႔ကုိ မဲဆႏၵရွင္ေတြေပးႏုိင္ဖုိ႔အေရးႀကီးတဲ့အတြက္ ဒီမွတ္ပုံတင္ သန္းေခါင္စာရင္း၊ ဒီကမွေနာက္တဆင့္တက္ၿပီးမဲစာရင္းမွာပါ၀င္ဖုိ႔ ဘယ္ပါတီ၀င္ပဲျဖစ္ျဖစ္၊ ဘယ္ပါတီ လုိလားသူပဲျဖစ္ျဖစ္ မဲေပးခြင့္ရေအာင္ စည္းရုံးလႈပ္ရွားမႈေတြေတာ့လုပ္ေနပါတယ္”ဟု NLD ပါတီမွ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးညြန္႔က ေျပာသည္။
ႏိုင္ငံေရးပါတီမ်ား၏ ရည္မွန္းခ်က္ပန္းတိုင္မွာ ေရြးေကာက္ပြဲတြင္ အႏိုင္ရရွိေရးျဖစ္ေသာ္လည္း ျပည္သူလူထု၏ ဆံုးျဖတ္ခ်က္အေပၚမူတည္ေၾကာင္း ျပည္ေထာင္စုၾကံ႕ခုိင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ ေဒါက္တာနႏၵာလွျမင့္ကလည္း ႏုိင္ငံေရးပါတီမ်ားသတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားထားသည္။
ၿပီးခဲ့ေသာ ၂၀၁၅ ခုႏွစ္၊ ႏုိ၀င္ဘာလအတြင္းက်င္းပခဲ့ေသာ ပါတီစုံဒီမုိကေရစီအေထြေထြေရြးေကာက္ပြဲတြင္ NLD ပါတီသည္ လူထုေထာက္ခံမႈဆႏၵမဲထက္၀က္ေက်ာ္ျဖင့္အႏိုင္ရရွိခဲ့ကာ အစိုးရဖြဲ႕စည္းႏုိင္ခဲ့သည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီအနေဖြင့် ပါတီမဲရရှိရေးထက် မဲပေးနိုင်သူများ မဲပေးခွင့်ရရှိရေး စည်းရုံးလှုပ်ရှားမှုများဆောင်ရွက်နေကြောင်း ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။
ဇွန်လ ၉ ရက်၌ အကုန်သိသတင်းဌာန၏ဆက်သွယ်မေးမြန်းမှုအပေါ် ယခုကဲ့သို့ ပြန်လည်ဖြေကြားပေးခြင်း ဖြစ်သည်။
“ လူထုနဲ့ ထိတွေ့ဆက်ဆံဖို့အဓိကထားပါတယ်။ အဲဒီတော့ အောက်ခြေရပ်ကျေးကိုစည်းရုံးဖို့ ကျွန်တော်တို့ ကြိုးစားနေတယ်။ အထူးသဖြင့်ကတော့ မြို့နယ်ကို ကျွန်တော်တို့အခြေခံထားမှာပေါ့လေ။ ဒီနေရာမှာ ပထမဆုံးခြေလှမ်းကတော့ ကျွန်တော်တို့ပါတီကိုမဲပေးရေးမဟုတ်ဘူး။ ဒါအောင်နိုင်ရေးကာလမဟုတ်တဲ့ အတွက် မဲပေးနိုင်တဲ့သူတွေမဲပေးနိုင်ဖို့ကို မဲဆန္ဒရှင်တွေပေးနိုင်ဖို့အရေးကြီးတဲ့အတွက် ဒီမှတ်ပုံတင် သန်းခေါင်စာရင်း၊ ဒီကမှနောက်တဆင့်တက်ပြီးမဲစာရင်းမှာပါဝင်ဖို့ ဘယ်ပါတီဝင်ပဲဖြစ်ဖြစ်၊ ဘယ်ပါတီ လိုလားသူပဲဖြစ်ဖြစ် မဲပေးခွင့်ရအောင် စည်းရုံးလှုပ်ရှားမှုတွေတော့လုပ်နေပါတယ်”ဟု NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။
နိုင်ငံရေးပါတီများ၏ ရည်မှန်းချက်ပန်းတိုင်မှာ ရွေးကောက်ပွဲတွင် အနိုင်ရရှိရေးဖြစ်သော်လည်း ပြည်သူလူထု၏ ဆုံးဖြတ်ချက်အပေါ်မူတည်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာနန္ဒာလှမြင့်ကလည်း နိုင်ငံရေးပါတီများသတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။
ပြီးခဲ့သော ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလအတွင်းကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် NLD ပါတီသည် လူထုထောက်ခံမှုဆန္ဒမဲထက်ဝက်ကျော်ဖြင့်အနိုင်ရရှိခဲ့ကာ အစိုးရဖွဲ့စည်းနိုင်ခဲ့သည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။