Skip to main content
ႏုိင္ငံေရးမွာ ပရဟိတလုပ္ငန္းျဖစ္ဟု သူရဦးေရႊမန္းေျပာ
Ads Block

ႏုိင္ငံေရးမွာ ပရဟိတလုပ္ငန္းျဖစ္ဟု သူရဦးေရႊမန္းေျပာ

ႏုိင္ငံေရးမွာ တစ္ဦးခ်င္းထက္ ပါတီဖြဲ႔၍ေဆာင္ရြက္ေသာ ပရဟိတလုပ္ငန္းျဖစ္သည္ဟု ျပည္ေထာင္စု ေကာင္းက်ိဳးေဆာင္ပါတီဥကၠ႒ သူရဦးေရႊမန္းက ေျပာလုိက္သည္။

ႏုိင္ငံေရးမွာ ပရဟိတလုပ္ငန္းျဖစ္ဟု သူရဦးေရႊမန္းေျပာ


မြန္ျပည္နယ္၊ ဘီလင္းၿမိဳ႕တြင္ ဇြန္လ ၈ ရက္ကက်င္းပေသာ “ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ” ပါတီ၀င္အဆုိျပဳလႊာေပးအပ္ပြဲအခမ္းအနားတြင္ ဥကၠ႒ သူရဦးေရႊမန္းကေျပာၾကားခဲ့ျခင္းျဖစ္သည္။
“ ႏိုင္ငံ၏ အေရးအရာကိစၥရပ္မ်ားတြင္ ႏိုးၾကားတက္ႂကြစြာပါဝင္ေဆာင္ရြက္လိုသည့္ဆႏၵျဖင့္
ပါတီတည္ေထာင္ျခင္းျဖစ္ပါတယ္။ ႏိုင္ငံေရးသည္ ပရဟိတလုပ္ငန္းျဖစ္ၿပီး ပရဟိတလုပ္ငန္းကို
တစ္ဦးခ်င္း၊ တစ္ဖြဲ႔ခ်င္းေဆာင္ရြက္ျခင္းထက္ ပါတီတည္ေထာင္ၿပီးေဆာင္ရြက္ပါက ျပည္ေထာင္စုတစ္ဝန္းတြင္ ျပည္သူမ်ားႏွင့္အတူပိုမိုက်ယ္ျပန္႔ထိေရာက္စြာေဆာင္ရြက္ႏိုင္မွာ ျဖစ္ပါတယ္” ဟု ျပည္ေထာင္စု ေကာင္းက်ိဳးေဆာင္ပါတီဥကၠ႒ သူရဦးေရႊမန္းကေျပာသည္။
ထို႔အျပင္ ဖက္ဒရယ္ဒီမိုကေရစီႏိုင္ငံတည္ေထာင္ၿပီး ေသြးစည္းညီညြတ္ေရး၊ စီးပြားေရး၊ လူမႈေရး အဘက္ဘက္မွ တိုးတက္ေစရန္ ႀကိဳးပမ္းေနေၾကာင္းလည္း ၄င္းက ဆက္ေျပာသည္။
သူရဦးေရႊမန္းသည္ ယခင္ႏုိင္ငံေတာ္ေအးခ်မ္းသာယာေရးႏွင့္ဖြံၿဖဳိးေကာင္စီလက္ထက္တြင္ အဆင့္- ၃ ရွိ စစ္ဗုိလ္ခ်ဳပ္ႀကီးရာထူးျဖင့္လည္းေကာင္း၊ ဒီမုိကေရစီစနစ္ေျပာင္းလဲၿပီးေနာက္ လႊတ္ေတာ္ဥကၠ႒အေနျဖင့္ လည္းေကာင္း၊ ဥပေဒႏွင့္အထူးကိစၥရပ္မ်ားေလ့လာသုံးသပ္ဆန္းစစ္ေရးေကာ္မရွင္ ဥကၠ႒အေနျဖင့္ လည္းေကာင္း တာ၀န္မ်ားထမ္းေဆာင္ခဲ့သည္။
လက္ရွိ ဥကၠ႒အျဖစ္ တာ၀န္ယူထားေသာ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီကို ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္မွ ဧၿပီလအတြင္းခြင့္ျပဳခဲ့ျခင္းျဖစ္သည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

 

နိုင်ငံရေးမှာ တစ်ဦးချင်းထက် ပါတီဖွဲ့၍ဆောင်ရွက်သော ပရဟိတလုပ်ငန်းဖြစ်သည်ဟု ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောလိုက်သည်။
မွန်ပြည်နယ်၊ ဘီလင်းမြို့တွင် ဇွန်လ ၈ ရက်ကကျင်းပသော “ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ” ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားတွင် ဥက္ကဋ္ဌ သူရဦးရွှေမန်းကပြောကြားခဲ့ခြင်းဖြစ်သည်။
“ နိုင်ငံ၏ အရေးအရာကိစ္စရပ်များတွင် နိုးကြားတက်ကြွစွာပါဝင်ဆောင်ရွက်လိုသည့်ဆန္ဒဖြင့်
ပါတီတည်ထောင်ခြင်းဖြစ်ပါတယ်။ နိုင်ငံရေးသည် ပရဟိတလုပ်ငန်းဖြစ်ပြီး ပရဟိတလုပ်ငန်းကို
တစ်ဦးချင်း၊ တစ်ဖွဲ့ချင်းဆောင်ရွက်ခြင်းထက် ပါတီတည်ထောင်ပြီးဆောင်ရွက်ပါက ပြည်ထောင်စုတစ်ဝန်းတွင် ပြည်သူများနှင့်အတူပိုမိုကျယ်ပြန့်ထိရောက်စွာဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းကပြောသည်။
ထို့အပြင် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ထောင်ပြီး သွေးစည်းညီညွတ်ရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်မှ တိုးတက်စေရန် ကြိုးပမ်းနေကြောင်းလည်း ၎င်းက ဆက်ပြောသည်။
သူရဦးရွှေမန်းသည် ယခင်နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံဖြိုးကောင်စီလက်ထက်တွင် အဆင့်- ၃ ရှိ စစ်ဗိုလ်ချုပ်ကြီးရာထူးဖြင့်လည်းကောင်း၊ ဒီမိုကရေစီစနစ်ပြောင်းလဲပြီးနောက် လွှတ်တော်ဥက္ကဋ္ဌအနေဖြင့် လည်းကောင်း၊ ဥပဒေနှင့်အထူးကိစ္စရပ်များလေ့လာသုံးသပ်ဆန်းစစ်ရေးကော်မရှင် ဥက္ကဋ္ဌအနေဖြင့် လည်းကောင်း တာဝန်များထမ်းဆောင်ခဲ့သည်။
လက်ရှိ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ဧပြီလအတွင်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။